WeCare Health Care Service မှ အိန္ဒိယနိုင်ငံရှိအပိုလိုဆေးရုံအား မိတ်ဆက်ကြေညာခဲ့
WeCare Health Care Service မှဦးဆောင်၍ အိန္ဒိယနိုင်ငံရှိ အပိုလိုဆေးရုံအား မိတ်ဆက်ကြေညာခြင်းနှင့် အသည်းနှင့်ကျောက်ကပ် ဆိုင်ရာကျန်းမာရေးဟောပြောပွဲအား အလုံမြို့နယ်ရှိ Grand United Hotel ၌ 30.4.2016 (စနေ)နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
"ကျွန်တော်တို့WeCareကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းဟာ 2014 ခုနှစ် ကစပြီး တည်ထောင်ခဲ့ပြီး အိမ်တိုင်ရာရောက် သူနာပြုဝန်ဆောင်မှုလုပ်ငန်း နဲ့ နာမကျန်းတဲ့လူနာတွေအတွက် ကျန်းမာရေး အထောက် အကူပြုပစ္စည်းတွေ ဌားရမ်းရောင်းချပေးပါတယ်။ အိန္ဒိယနိုင်ငံအပိုလိုဆေးရုံကို သွားရောက်ဆေးကုသမယ် ဆိုရင်လည်း ဆေးကုသမှုအတွက် လိုအပ်တဲ့ဗီဇာ၊ ဆေးကုသမှုမှတ်တမ်းနဲ့ လေယာဉ်လက်မှတ်တွေအပြင် အိန္ဒိယနိုင်ငံရောက်ရင်လည်း လေဆိပ်မှာလာကြိုပေးပြီး ဟိုတယ်ရောက်တဲ့အထိ အားလုံးစီစဉ်ပေးပါတယ်။ ဘာသာစကားအခက်အခဲဖြစ်မယ့်သူတွေအတွက် အပိုလိုဆေးရုံမှာ သီးသန့်မြန်မာစကားပြန်နှစ်ယောက် ထားရှိပါတယ်။ ဒါ့အပြင် သီးသန့်စကားပြန်ဌားချင်ရင်လည်း ကျွန်တော်တို့ဘက်က စီစဉ်ဆောင်ရွက်ပေး ပါတယ်။ အိန္ဒိယကနေ အသည်းနဲ့ကျောက်ကပ်အစားထိုးပြီး ပြန်လာပြီးရင်လည်း ဆေးမှတ်တမ်း၊ ဆေးအတိုး အလျှော့ နဲ့သွေးအဖြေတွေကို ကျွန်တော်တို့ WeCare မှတဆင့် ပို့ပေးပါတယ်" ဟု WeCare ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ကိုစိုင်းဇော်လင်းထွန်းမှပြောသည်။
"အပိုလိုဆေးရုံဟာ အသည်းနဲ့ကျောက်ကပ်အစားထိုးတဲ့နေရာမှာ အာရှတင်မကဘဲ တစ်ကမ္ဘာလုံးမှာ လူနာအများဆုံးကို အစားထိုးပေးတဲ့ဆေးရုံလည်း ဖြစ်တယ်။ တစ်နှစ်မှာဆိုရင် ကျောက်ကပ်ဝေဒနာရှင် ၁၀၀၀ ကျော်နဲ့ အသည်းဝေဒနာရှင် ၃၅၀ လောက်ကို အစားထိုးပေးပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်မတိုင်ခင်က အစားထိုးဖို့ဆိုရင် သွေးအမျိုးအစား တူကိုတူရပါမယ်။ အခု ၅ နှစ် နောက်ပိုင်းမှာတော့ သွေးအမျိုးအစားတူစရာ မလိုဘဲ အစားထိုးပေးနိုင်ပါတယ်။ အပိုလိုဆေးရုံမှာ ကျောက်ကပ်အစားထိုးမယ်ဆိုရင် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ စင်္ကာပူ၊ ဘန်ကောက်ထက် ကုန်ကျစရိတ်လည်း ပိုသက်သာပြီး ဆရာဝန်တွေရဲ့ကျွမ်းကျင်မှုကလည်း အာရှမှာဆိုရင် နံပါတ်တစ်ပါပဲ။ အဲ့ဒါကြောင့် အပိုလိုဆေးရုံကို ရွေးချယ်သင့်ပါတယ်" ဟု အပိုလိုဆေးရုံမှ ကျောက်ကပ်အထူးကုသမားတော်ကြီး Professor Dr. Sanjiv Jasuja မှ အကြံဉာဏ်ပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပြီး အပိုလိုဆေးရုံမှ ကျောက်ကပ်အထူးကုသမားတော်ကြီး Professor Dr. Sanjiv Jasuja နှင့် အသည်းအထူးကုဆရာဝန်ကြီး Dr.Neerav Goyal မှ အသည်းအစားထိုးဝေဒနာရှင်များနှင့်ကျောက်ကပ် အစားထိုးဝေဒနာရှင်များအား ကျန်းမာရေးဆိုင်ရာ ဆွေးနွေးအကြံဉာဏ်ပေးခြင်းများလည်း ပြုလုပ်ပေးခဲ့ သည်။ ရောဂါနှင့်ပတ်သက်၍ လာရောက်တိုင်ပင်လိုသူများအနေဖြင့် အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ် ( ဖုန်း - 09 730 43351, 09 5373256 ) ရှိ WeCare Health Care Services သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
Chit Chit Khaing
















