/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/ရာသီတုပ်ကွေးရောဂါh1n1နှင့်

ရာသီတုပ်ကွေးရောဂါH1N1နှင့် ပတ်သက်ပြီးလုပ်ငန်းညှိနှိုင်းအစည်းအေ၀းကျင်းပ

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

            ရာသီတုပ်ကွေးရောဂါ(Seasonal Influenza A(H1N1)pdm 09)ဖြစ်ပွားနေမှုနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအေ၀းကို ဇူလိုင်လ 30 ရက်နေ့တွင် ရန်ကုန်မြို့ ၊ ၊ မြို့မကျောင်းလမ်းရှိ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

            အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအေ၀းသို့ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာဦးမြင့်ထွေးတက်ရောက် အမှာစကားပြောကြားပြီး ကျန်းမာရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဆေးရုံအုပ်များနှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။

            "ကျွန်တော်တို့အနေနဲ့ 24နာရီဆောင်ရွက်မှုတွေ လုပ်နေပါတယ်။ အဆုတ်နဲ့ပတ်သက်ပြီး တက်လာတဲ့လူနာတွေကို နေ့စဉ်စောင့်ကြည့်စာရင်းလုပ်တယ်။ လောလောဆယ်သိရသလောက်တော့ ရန်ကုန်မှာ နည်းနည်းများတယ်။ ဧရာ၀တီတိုင်းများတယ်။ နောက်ပဲခူးနည်းနည်းများတယ်။ ချင်းမှာများတယ်။ ချင်းမှာက Populationနည်းတဲ့အတွက် တစ်ယောက်မှမသေဘူး။ အထူးသဖြင့် ရန်ကုန်ကတော့ Population များတယ်။ ရန်ကုန်ကို အထူးဂရုစိုက်ဖို့လိုပါတယ်။ ဒီအချိန်မှာ စစ်မှန်တဲ့ informationတွေကို အဓိကနေရာတွေကနေ ရအောင်ယူရမယ်။ ကျွန်တော်ကို မေးကြတယ်။ ဒီအခြေအနေဟာ ဆိုးလားဆိုတာ လက်တမ်းပြောလို့မရဘူး။ Communityမှာ H1N1ဘယ်လောက်ဖြစ်နေတာ မသိနိုင်ဘူး။ ဘယ်လောက်ဖြစ်လဲသိဖို့ဆိုတာ icebergလိုပဲ ရေပေါ်မှာရှိနေတဲ့အပိုင်းဖြစ်လို့ ဆေးရုံကိုရောက်လာတဲ့ အားလုံးသိနိုင်တာရှိသလို ရေအောက်မှာရှိတဲ့အပိုင်းကတော့ 10 ပုံဖြစ်ရင် 1 ပုံပေါ်မှာပဲ၊ ကျန်တဲ့ 10 ပုံမှာ3 ပုံလည်း ဖြစ်နိုင်သလို အခြေအနေမသိရင် ပြောမရပါဘူး။ ဒါပေမယ့် ခုချိန်ထိသုံးသပ်ရသလောက် အခြေအနေကောင်းပါတယ်။ အဓိကကတော့ သေနှုန်းကျဖို့က စောစောစီးစီးဆေးရုံလာဖို့လိုပါတယ်။ သဘောကဖြစ်ပြီဆိုတာနဲ့ ဆေးရုံလာရင် ရှင်ဖို့များပါတယ်။ ကျွန်တော်တို့အခုချိန်ထိက 48 ယောက်ဆိုတော့ အခြေအနေတော်တော်လေးကောင်းပါတယ်။ ဒါပေမယ့် ပညာရှိသတိဖြစ်ခဲဆိုသလိုပေါ့လေ။ ဂရုစိုက်သတိပြုဖို့အလွန်အရေးကြီးတယ်။ အခုအချိန်ထိတော့ ကျွန်တော်တို့ ဒီမှာလုပ်တဲ့အခါမှာ ကျွန်တော်တို့ တင်ပြချင်တာက ရောဂါကိုအချိန်အတိုအတွင်း သက်သာအောင်လုပ်ဆောင်မှုတွေ ရှိပါတယ်။ ပြည်သူများရဲ့ ကျန်းမာရေးအသိဉာဏ်ကလည်း အရေးကြီးဆုံးပါ။ ကျန်းမာရေးအမြင်လေးတွေရှိသွားတာလည်း နိုင်ငံအတွက် အကျိုးရှိပါတယ်။ Public Health မှာ H1N1 သံသယကို စမ်းတာ အရေးကြီးပါတယ်။ ကျွန်တော်တို့ ဆက်လုပ်မှာပါ။ ကျွန်တော်တို့မနေ့ကအထိကို စုစုပေါင်းသံသယအနေနဲ့လာတာ 94 ယောက်၊ အဲ့ဒီ့အထဲက Postive 48 ယောက်မှာ မနေ့ကအထိ 41 ယောက်ရှင်ပြီး 7ယောက် သေတယ်။ ဒီနေ့ 2ယောက်လောက် ထပ်သေတယ်လို့ ပြောပါတယ်။ ဒီနေ့ သတင်းထုတ်ပြန်တဲ့အခါမှာ ထည့်ပါမယ်။ Postiveနဲ့ တွေ့တဲ့အထဲမှာ ရန်ကုန်က 16 ယောက်၊ ချင်းမှာ 10 ယောက်၊ ပဲခူးက 5 ယောက်၊ ဧရာ၀တီက 12 ယောက်၊ မွန်မှာ 1 ယောက်၊ နေပြည်တော်မှာ 3 ယောက်နဲ့ တနင်္သာရီမှာ1 ယောက်။ မန္တလေးတိုင်းတို့မှာတော့ မတွေ့သေးပါဘူး၊ ဖြစ်ပွားနှုန်းတက်မလားကျမလားဆိုတာ ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ကျွန်တော်စိုးရိမ်တာက H5N1ကို စိုးရိမ်တယ်။ မရမ်းကုန်းမှာ တွေ့တယ်။ အဲ့ဒါက ဖြစ်ခဲ့ရင် သေဆုံးမှုများတယ်။ မျက်ခြေပျက်လို့မရပါဘူး၊ H1N1ဖြစ်နေတဲ့အချိန် H5N1 ဖြစ်တဲ့သူဗြုန်းခနဲပေါ်လာလို့ရှိရင် လုပ်ရကိုင်ရခက်ပါလိမ့်မယ်။ မဖြစ်အောင်ထိန်းသိမ်းဖို့အရေးကြီးပါတယ်။ ဗဟိုကူးစက်တိုက်ဖျက်ရေးဌာနရဲ့ National Capicity မြှင့်မယ်။ H1N1က အခြားနိုင်ငံတွေ အရှေ့တောင်အာရှနိုင်ငံတွေမှာဖြစ်ပွားနှုန်းနဲ့ယှဉ်ရင် အိနိ္ဒယမှာ 1207 ယောက်၊မော်ဒိုက်မှာ 289 ယောက်၊ ဘင်္ဂလားဒေ့ရှ် 274 ယောက်၊ နီပေါ 74 ယောက်၊ ထိုင်း 67 ယောက်၊ ဘူတန် 49 ယောက်၊ မြန်မာ 48 ယောက်ဆိုတော့ ကျွန်တော်တို့နိုင်ငံက အဲ့နိုင်ငံတွေ အောက်မှာပဲ ရှိနေပါသေးတယ်။ အာဆီယံမှာဖြစ်ပွားမှုအနည်းဆုံးအင်ဒိုနီးရှားကတော့ 2 ယောက်ပဲ ရှိပါသေးတယ်။ စောင့်ကြည့်ရပါမယ်။ ထပ်ပြီးမတက်အောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာတွေ လုပ်ဆောင်နေတယ်။ ဆေးရုံတက်ပြီး သေဆုံးနှုန်းကတော့ 0.53 ရာခိုင်နှုန်းပါ။ ဒီလိုအချိန်မျိုးမှာ သတင်းမှန်တွေအရေးကြီးပါတယ်။ ကောလဟာလက အကြောက်ရဆုံးပါ။ ကျန်းမာရေးဌာနတွေအနေနဲ့ကလည်း မိမိတို့မှာ ကာကွယ်ဖို့ Maskတွေ၊ ဆေးတွေဘယ်လောက်ရှိမယ်။ ဖြစ်ပွားရင်ဆေးအတွက် ဘယ်ကုမ္ပဏီတွေနဲ့ ချိတ်ထားမလဲ။ ဒါတွေအဆင်အသင့် ပြင်ဆင်ထားဖို့လိုပါတယ်။ စစ်ဆေးစမ်းသပ်မှုတွေလည်း WHOကိုပို့ပြီး လုပ်ဆောင်နေပါတယ်။ အဓိက Target ကတော့ Population ပါပဲ။ ကျွန်တော်တို့အနေနဲ့ ပြင်ဆင်ဆောင်ရွက်မှုတွေလည်း လုပ်နေပါတယ်။ အားဖြည့်ဖို့ လိုနေတာတွေလည်း ဆောင်ရွက်နေပါတယ်"ဟု ပြည်ထောင်စု၀န်ကြီး ဒေါက်တာဦးမြင့်ထွေးက ပြောသည်။

            H1N1 Postive ဖြင့် လူနာ 48 ဦး တွင် ကျန်းမာရေး၀န်ကြီးဌာန၏ အတည်ပြုထုတ်ပြန်ချက်များအရ ဇူလိုင်လ 29 ရက်နေ့အထိ 7 ဦးသေဆုံးခဲ့ပြီး ယနေ့ ဇူလိုင်30 တွင် 2 ဦး ထပ်မံသေဆုံးသည်ဟု ကြားသိရသောသတင်းအား ကျန်းမာရေး၀န်ကြီးဌာနကထပ်မံအတည်ပြုထုတ်ပြန်သွားမည်ဖြစ်ပြီး နောက်ထပ်သေဆုံးသူ 2 ဦးမှာ ကိုယ်၀န်ဆောင်အမျိုးသမီးများဖြစ်ကြောင်း သတင်းရရှိသည်။

 

May Su Hlaing (www.drmyanmar)