/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/ဒူးထိခိုက်ဒဏ်ရာရသွားရင်-0

ဒူးထိခိုက်ဒဏ်ရာရသွားရင်

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

(1)   အနားယူပါ။ အနားယူနေစဉ် အတောအတွင်းမှာ ဒူးခေါင်းအောက်မှာ ခေါင်းအုံးခံထားပါ။
(2)   ရေခဲကပ်ပါ။ နာကျင်မှုတွေ သက်သာအောင် 10 မိနစ် မှ မိနစ် 20 ထိကြာအောင် ရေခဲကပ်ပေးပါ။ တစ်နေ့ 3 ကြိမ် ကပ်ပါ။ ထိခိုက်ဒဏ်ရာရပြီး 46 နာရီအတွင်း အရက်သောက်ခြင်း၊ ရေနွေးအိတ်ကပ်ခြင်းတို့ကို ရှောင်ရှားပေးပါ။
(3)   ဖောရောင်မှုသက်သာစေရန် ပတ်တီး (Elastic bandage) သုံးပြီး စည်းထားပါ။
(4)   ဒဏ်ရာရတဲ့ခြေထောက်ကို ခေါင်းထက်မြင့်အောင် မြှင့်ထားပါ။
(5)   ဒဏ်ရာရတဲ့ ဒူးပေါ်မှာ ဖိအားသက်ရောက်မှု မရှိပါစေနှင့်။ လိုအပ်ပါက ချိုင်းထောက်အသုံးပြုပါ။
(6)   သွေးလည်ပတ်မှု ကောင်းမွန်စေရန် ညင်သာစွာ နှိပ်နှယ်ပေးပါ။
(7)   တံကောက်ကြောလျော့ လေ့ကျင့်ခန်းကဲ့သို့သော မပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်ပါ။ ပြေးခြင်း၊ တင်းနစ် ကစားခြင်းကဲ့သို့သော ဒူးအပေါ်တွင် ဖိအားသက်ရောက်မှုများစေမယ့် လေ့ကျင့်ခန်းများကို ရှောင်ရှားပါ။
(8)   ဆေးလိပ်ဟာ သွေးစီးဆင်းမှုကို လျော့ကျစေတာကြောင့် အနာကျက်နှေးစေပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်ပါ။
(9)   Paracetamol ကဲ့သို့သော အကိုက်အခဲပျောက်ဆေးမျိုးကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း မှီဝဲပါ။

Dr. Htet Htet Aung (www.drmyanmar.com)