/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/အသက်-၁၁၄-နှစ်အဘိုးအိုပြောပြခဲ့တဲ့-အသက်ရာကျော်ရှည်စေမယ့်-အစားအစာ-၅

အသက် ၁၁၄ နှစ်အဘိုးအိုပြောပြခဲ့တဲ့ အသက်ရာကျော်ရှည်စေမယ့် အစားအစာ ၅ မျိုး

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

        အမေရိကန်နိုင်ငံ Arizona ပြည်နယ်၊ Mesa မြို့တွင် အသက် ၁၁၄ နှစ်ထိ ကျန်းမာစွာနေထိုင်ခဲ့သော Bernardo Lapallo (၁၇.၈.၁၉၀၁ - ၁၉.၁၂.၂၀၁၅) အမည်ရှိအမျိုးသားတစ်ဦးသည် သူ၏ဘ၀တလျှောက်တွင် ဖျားနာမှုမရှိခဲ့ပါဟု ပြောကြားခဲ့ပါတယ်။ သူကအနီရောင် အသားစားသုံးမှုကိုရှောင်ကျဉ်ခဲ့ပြီး အော်ဂဲနစ် အစားအစာတွေနဲ့ အော်ဂဲနစ် သီးနှံတွေကိုသာ ဆရာ၀န်တစ်ယောက်ဖြစ်သူဖခင်၏ ညွှန်ကြားမှုဖြင့်စားသုံးခဲ့တယ်လို့ ဆိုပါတယ်။  အသက် ၁၁၀ ကျော်တဲ့အထိ ဉာဏ်စမ်းပဟေဠိမေးခွန်းများကို လွယ်လင့်တကူဖြေဆိုနိုင်ပြီး စာအုပ်များစွာကိုလည်း ဖတ်နေနိုင်သေးတယ်ဟုဆိုကာ အသက်ရှည် ကျန်းမာစေရေးအတွက် သူစားသုံးသောအစားအစာ ၅ မျိုးကို ထုတ်ဖော်ပြောကြားပေးခဲ့ပါတယ်။

1.       ကြက်သွန်ဖြူ

        ကြက်သွန်ဖြူကဘက်တီးရီးယားပိုးကို တိုက်ထုတ်ပြီး ရောဂါပိုးမွှားများကို သေစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် နေရာဒေသတော်တော်များများမှာ ဆေးဖက်၀င်အစားအစာအဖြစ်စားသုံးကြပါတယ်။

2.       ပျားရည်

          ပျားရည်က နှလုံးရောဂါနှင့် ကင်ဆာရောဂါများကိုကာကွယ်ပေးနိုင်တဲ့ သဘာ၀အချိုဓာတ်ဖြစ်ပါတယ်။

3.       သစ်ကြမ်းပိုးခေါက်  

   သစ်ကြမ်းပိုးခေါက်မှာ သွေးတွင်းကိုလက်စထရောကို လျော့ကျစေပြီး ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်သော အစွမ်းသတ္တိရှိပါတယ်။

4.       ချောကလက်

          ချောကလက်စစ်စစ် (Dark Chocolate) က နှလုံးသွေးကြောနှင့်ဆိုင်တဲ့ရောဂါများ ဖြစ်ပွားနိုင်ချေ ကို လျော့ချပေးပြီးသွေးတွင်းကောင်းသောကိုလက်စထရောဓာတ် (HDL) ကို မြှင့်တင်ပေးပါတယ်။

5.       သံလွင်ဆီ

          နှလုံးရောဂါကိုကာကွယ်ပေးနိုင်ပြီးအစာချေဖျက်မှုတွင် ကူညီပေးနိုင်သည့်အပြင် အရွယ်တင်နုပျိုစေနိုင်သောကြောင့် နေ့စဉ်အစားအစာများတွင် ထည့်သွင်းစားသုံးပေးသင့်သော ဆေးဖက်၀င် အဆီတစ်မျိုးဖြစ်ပါတယ်။

CMS

www.drmyanmar.com