အသက် ၁၁၄ နှစ်အဘိုးအိုပြောပြခဲ့တဲ့ အသက်ရာကျော်ရှည်စေမယ့် အစားအစာ ၅ မျိုး
အမေရိကန်နိုင်ငံ Arizona ပြည်နယ်၊ Mesa မြို့တွင် အသက် ၁၁၄ နှစ်ထိ ကျန်းမာစွာနေထိုင်ခဲ့သော Bernardo Lapallo (၁၇.၈.၁၉၀၁ - ၁၉.၁၂.၂၀၁၅) အမည်ရှိအမျိုးသားတစ်ဦးသည် သူ၏ဘ၀တလျှောက်တွင် ဖျားနာမှုမရှိခဲ့ပါဟု ပြောကြားခဲ့ပါတယ်။ သူကအနီရောင် အသားစားသုံးမှုကိုရှောင်ကျဉ်ခဲ့ပြီး အော်ဂဲနစ် အစားအစာတွေနဲ့ အော်ဂဲနစ် သီးနှံတွေကိုသာ ဆရာ၀န်တစ်ယောက်ဖြစ်သူဖခင်၏ ညွှန်ကြားမှုဖြင့်စားသုံးခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၁၁၀ ကျော်တဲ့အထိ ဉာဏ်စမ်းပဟေဠိမေးခွန်းများကို လွယ်လင့်တကူဖြေဆိုနိုင်ပြီး စာအုပ်များစွာကိုလည်း ဖတ်နေနိုင်သေးတယ်ဟုဆိုကာ အသက်ရှည် ကျန်းမာစေရေးအတွက် သူစားသုံးသောအစားအစာ ၅ မျိုးကို ထုတ်ဖော်ပြောကြားပေးခဲ့ပါတယ်။
1. ကြက်သွန်ဖြူ
ကြက်သွန်ဖြူကဘက်တီးရီးယားပိုးကို တိုက်ထုတ်ပြီး ရောဂါပိုးမွှားများကို သေစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် နေရာဒေသတော်တော်များများမှာ ဆေးဖက်၀င်အစားအစာအဖြစ်စားသုံးကြပါတယ်။
2. ပျားရည်
ပျားရည်က နှလုံးရောဂါနှင့် ကင်ဆာရောဂါများကိုကာကွယ်ပေးနိုင်တဲ့ သဘာ၀အချိုဓာတ်ဖြစ်ပါတယ်။
3. သစ်ကြမ်းပိုးခေါက်
သစ်ကြမ်းပိုးခေါက်မှာ သွေးတွင်းကိုလက်စထရောကို လျော့ကျစေပြီး ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်သော အစွမ်းသတ္တိရှိပါတယ်။
4. ချောကလက်
ချောကလက်စစ်စစ် (Dark Chocolate) က နှလုံးသွေးကြောနှင့်ဆိုင်တဲ့ရောဂါများ ဖြစ်ပွားနိုင်ချေ ကို လျော့ချပေးပြီးသွေးတွင်းကောင်းသောကိုလက်စထရောဓာတ် (HDL) ကို မြှင့်တင်ပေးပါတယ်။
5. သံလွင်ဆီ
နှလုံးရောဂါကိုကာကွယ်ပေးနိုင်ပြီးအစာချေဖျက်မှုတွင် ကူညီပေးနိုင်သည့်အပြင် အရွယ်တင်နုပျိုစေနိုင်သောကြောင့် နေ့စဉ်အစားအစာများတွင် ထည့်သွင်းစားသုံးပေးသင့်သော ဆေးဖက်၀င် အဆီတစ်မျိုးဖြစ်ပါတယ်။
CMS






























