ဆီးချိုသွေးချိုရောဂါရှိသူများအတွက် လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးများ
လေ့ကျင့်ခန်းလုပ်ခြင်းဟာ အဆီကျစေခြင်း၊ ကြွက်သားထုထည်တိုးစေခြင်း၊ ဟန်ချက်ညီစေရန် ကူညီပေးခြင်း၊ စိတ်ဖိစီးမှုလျှော့ချပေးခြင်း၊ ကိုယ်ခံစွမ်းအားကောင်းမွန်စေရန် ကူညီပေးခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ ဒါ့အပြင် သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုသွေးချိုရှိသူတွေမှာ ဆေးဝါးလိုအပ်ချက်ပမာဏကို လျှော့ချပေးနိုင်ပါတယ်။
Diabetone 1

အကြံပြုချက်များအရ အမျိုးအစား-၂ ဆီးချိုသွေးချိုရောဂါရှိသူတွေအနေနဲ့ အသင့်အတင့်လေ့ကျင့်ခန်းများကို တစ်ပတ်လျှင် (၁၅၀) မိနစ်မှ (၃၀၀) မိနစ်အထိ ပြုလုပ်ပေးသင့်တယ်လို့ သိရပါတယ်။ နေ့စဥ်ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတစ်ချို့ကတော့
♦ ခပ်သွက်သွက်လမ်းလျှောက်ခြင်း
♦ ယောဂ၊ ထိုက်ချိ ဆော့ခြင်း
♦ အလေးမခြင်း
♦ ရေကူးခြင်း
♦ စက်ဘီးစီးခြင်း စတာတွေပဲ ဖြစ်ပါတယ်။
Diabetone 2

ဒီလေ့ကျင့်ခန်းတွေဟာ နေ့စဥ်ဘဝမှာလည်း အလွယ်တကူလိုက်လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့အနေနဲ့ အသက် (၄၀) အထက် ဆီးချိုသွေးချိုရှိသူတွေ ဖြစ်ကြမယ်ဆိုရင် ဒီလိုလေ့ကျင့်ခန်းတွေကို တစ်ပတ်ကို အနည်းဆုံး နှစ်ရက်၊ သို့မဟုတ် သုံးရက်လောက် ပါဝင်အောင် လုပ်ဆောင်ပေးသင့်ပါတယ်။