/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ခေါင်းတခြမ်းကိုက်ေ၀ဒနာနှင့်-ဆက်စပ်မှုရှိတဲ့-မဟော်မုန်း

ခေါင်းတခြမ်းကိုက်ေ၀ဒနာနှင့် ဆက်စပ်မှုရှိတဲ့ မဟော်မုန်း

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

         Migraine (ခေါင်းတခြမ်းကိုက်ရောဂါ) ဟာ ကမ်ဘာမှာ တတိယအဖြစ်များဆုံးေ၀ဒနာဖြစ်ပြီး နေ့စဉ် လူနေမှုဘ၀ကို ထိခိုက် သည်အထိ ပြင်းထန်ပါတယ်။ စစ်တမ်းများအရ အမျိုးသမီးတွေဟာ အမျိုသားတွေထက် ပိုပြီးခေါင်းတခြမ်းကိုက်ေ၀ဒနာကို ခံစားရတတ်သဖြင့် အမျိုးသမီးဟော်မုန်း အီစထရိုဂျင် (estrogen) အတက်အကျနဲ့ ခေါင်းတခြမ်းကိုက်ေ၀ဒနာဆက်စပ်မှု ရှိ/မရှိ သိရှိရန် သုတေသီတွေက လေ့လာမှုတခုပြုလုပ်ခဲ့ ကြရာ အီစထရိုဂျင်ဟော်မုန်းပမာဏ လျင်မြန်စွာကျဆင်းခြင်းနှင့် ခေါင်းတခြမ်း ကိုက်ေ၀ဒနာ ဆက်စပ်မှုရှိတာကို တွေ့ရှိခဲ့ပါတယ်။

         နယူးယောက်ရှိ Albert Einstein College of Medicine မှ Dr. Jelena Pavlovic ဦးဆောင်တဲ့ သုတေသီတွေက အသက် 47 နှစ်ရွယ် ခေါင်းတခြမ်းကိုက်ေ၀ဒနာခံစားဖူးသူ အမျိုးသမီး 114 ယောက်နှင့် ခေါင်းတခြမ်းကိုက်ေ၀ဒနာမဖြစ်ဘူးတဲ့ အမျိုးသမီး 223 ယောက်ကို ရာသီစက်၀န်းတစ်ခု အတွင်းမှာ ခေါင်းတခြမ်းကိုက်ေ၀ဒနာကို ခံစားရခြင်း ရှိ/မရှိ ဒိုင်ယာရီ မှတ်သားထားစေခြင်း၊ ပါ၀င်သူ အမျိုးသမီးတွေရဲ့ ဆီးမှတဆင့် ဟော်မုန်းပမာဏအတက်အကျကို စစ်ဆေးခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။ စစ်ဆေးမှုရလဒ်များအရ ခေါင်းတခြမ်းကိုက်ေ၀ဒနာဟာ ရာသီစက်၀န်းအတွင်းမှာ အီစထရိုဂျင်ဟော်မုန်း အမြင့်ဆုံးပမာဏကို ရောက်ရှိသွားပြီးမှ ပြန်ကျနှုန်းပေါ်မူတည်နေတာကို တွေ့ရပါတယ်။ ခေါင်းတခြမ်း ကိုက်ေ၀ဒနာခံစားရသူတွေမှာ အီစထရိုဂျင်ဟော်မုန်း ကျဆင်းနှုန်းဟာ 40% ရာခိုင်နှုန်းရှိပြီး ခေါင်းတခြမ်းကိုက်ေ၀ဒနာမခံစားရ သူတွေမှာတော့ 30% သာ ရှိတာကို တွေ့ရပါတယ်။

         ဒါ့အပြင် အီစထိုဂျင်ဟော်မုန်း ကျဆင်းမှုနှုန်းမြန်ဆန်ခြင်းက အခြားသော အကြောင်းအရင်းများ (စိတ်ဖိစီးမှု၊ အိပ်မပျော်ခြင်း၊ အစားအစာနှင့် ၀ိုင်) ကြောင့် ခေါင်းတခြမ်းကိုက်ခြင်းကို ပိုမိုအားပေး တာကြောင့် ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆကြပါတယ်။ နောက်ထပ် စူးစမ်မှုတွေ ပြုလုပ်ရန် လိုအပ်သေးပေမယ့် ဒီတွေ့ရှိ ချက်က ခေါင်းတခြမ်းကိုက်ေ၀ဒနာကို ကုသဖို့အတွက် အသုံး၀င်မှာဖြစ်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com