/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ငါးစားခြင်းဖြင့်အမျိုးသမီးများတွင်-အကြားအာရုံဆုံးရှုံးခြင်းကို

ငါးစားခြင်းဖြင့်အမျိုးသမီးများတွင် အကြားအာရုံဆုံးရှုံးခြင်းကို လျော့ချနိုင်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

        အမေရိကန်နိုင်ငံမှ သုတေသနပညာရှင်များရဲ့တွေ့ရှိချက်အရ ငါးစားသုံးခြင်းနဲ့ အကြားအာရုံကောင်းမွန်ခြင်းတို့ ဆက်စပ်မှုရှိတယ်လို့သိရပါတယ်။

        အသက်ကြီးလာချိန်မှာအကြား အာရုံချို့ယွင်း/ဆုံးရှုံးခြင်းဟာအဖြစ်များတဲ့ နာတာရှည်ရောဂါ တစ်ခုဖြစ်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ ဒီရောဂါကိုကာကွယ်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြပေမယ့် အခုတော့ကာကွယ်နိုင်မယ့် လမ်းစတွေ့လာပါပြီ။

        တပတ်မှာ နှစ်ကြိမ်လောက် ငါးစားတဲ့အမျိုးသမီးတွေဟာ မစားတဲ့အမျိုးသမီးတွေထက် အရွယ်မတိုင်မီ အကြားအာရုံဆုံးရှုံးမှုကို 20% လျော့ချနိုင်တာကိုတွေ့ရပါတယ်။ ငါးတွေမှာပါ၀င်တဲ့ အိုမီဂါ 3 ဖက်တီးအက်ဆစ်ဟာ နားအတွင်းပိုင်းရဲ. သွေးစီးဆင်းမှုကိုကောင်းမွန်စေပြီး အကြားအာရုံထိခိုက်မှုမရှိအောင် ကာကွယ်ပေးတယ်လို့ ယူဆကြပါတယ်။ ငါးများများစားလေလေ သွေးစီးဆင်းမှုကောင်းလေလေပါပဲ။

        ဒါကြောင့်  ငါးကိုတစ်ပတ်မှာ 2 ကြိမ်လောက်စားပေးခြင်းဖြင့် လိုအပ်တဲ့ အာဟာရဓာတ်များ ရရှိနိုင်တဲ့အပြင် အကြားအာရုံကိုကာကွယ်နိုင်ပါကြောင်း ဖော်ပြပေးလိုက်ပါတယ်။

 

 

Dr. Htet Htet Aung

www.drmyanmar.com