ဓမ္မတာလာချိန်မှာ ဖြစ်လေ့ရှိတဲ့ ဆီးစပ်ကိုက်ခြင်းကို မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရသလား?
ဓမ္မတာလာတဲ့အခါ အမျိုးသမီးတွေ မခံစားချင်တဲ့ ဝေဒနာတွေထဲမှာ ဆီးစပ်ကိုက်ခြင်းကလည်း တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ တချို့တွေဆို အရမ်းကိုက်လွန်းလို့ အလုပ်ပျက်တဲ့အထိကို ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ဆီးစပ်မကိုက်အောင် ကြိုတင်ကာကွယ်လို့ရရင် ကောင်းမှာပဲလို့ တွေးမိကြပါလိမ့်မယ်။ စိတ်မကောင်းစွာနဲ့ပဲ ဆီးစပ်ကိုက်တာဟာ လုံးဝမဖြစ်အောင် ကြိုတင်ကာကွယ်လို့ မရပါဘူး။ ဒါပေမဲ့ အာဟာရမျှတအောင် စားသုံးခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းတွေက နာကျင်မှုပြင်းအားကို လျှော့ချပေးနိုင်ပါတယ်။
Dolfenal 2025 IA 1

ဒါ့အပြင်
- အကိုက်အခဲပျောက်ဆေးကို ဆေးညွှန်းအတိုင်း သောက်သုံးပေးခြင်း
- ရေနွေးအိတ်ကပ်ခြင်း
- အနားယူခြင်း
- ဆေးလိပ်နဲ့ အရက် ရှောင်ကြဥ်ခြင်း
- နောက်ကျော၊ ခါးနဲ့ ဆီးစပ်ကို ညင်သာစွာ နှိပ်နယ်ပေးခြင်း
စတဲ့ နည်းလမ်းတွေနဲ့လည်း သက်သာအောင် ပြုလုပ်ပေးနိုင်ပါတယ်။
Dolfenal 2025 IA 2

ဓမ္မတာလာချိန်မှာ ဆီးစပ်ကိုက်တာ အများစုဟာ ပုံမှန်ပဲဖြစ်လို့ ဒီလိုနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်ပေးပြီး ဓမ္မတာနေ့ရက်တွေကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းလိုက်ပါနော်။ ဒါပေမဲ့ မခံမရပ်နိုင်အောင် နာကျင်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။





























