/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သွေးဆုံးချိန်မှာသိဖွယ်ရာ

သွေးဆုံးချိန်မှာသိဖွယ်ရာ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

သွေးဆုံးတယ်​ဆိုတာဘာလဲ?

 

အမျိုးသမီး​တွေမှာ တစ်​နှစ်​လုံးလုံး ဓမ္မတာမလာ​တော့တဲ့အခါ ​သွေးဆုံးတယ်​လို့ ဆိုနိုင်​ပါတယ်​။ များ​သောအားဖြင်​့ အသက်​၄၀​နှောင်​းပိုင်​း၊ ၅၀အ​စောပိုင်​းကာလ​တွေမှာ ​သွေးဆုံးတတ်​ကြပါတယ်​။

 

​သွေးဆုံးတဲ့အခါ estrogen နဲ့ progesterone လို့​ခေါ်တဲ့​ဟော်​မုန်​း​တွေ မထွက်​​တော့တဲ့အခါ ကိုယ်​ခန္ဓာမှာ ပူရှိန်​းပူရှိန်​းဖြစ်​ခြင်​း၊ ကိုယ်​အ​လေးချိန်​တက်​ခြင်​း၊ မိန်​းမကိုယ်​​ခြောက်​​သွေ့ခြင်​း စတဲ့အ​ပြောင်​းအလဲ​တွေဖြစ်​လာတဲ့အပြင်​ အရိုးပွခြင်​းအထိပါဖြစ်​တတ်​ပါတယ်​။

 

အမျိုးသမီးတိုင်​းသိထားသင်​့တဲ့အချက်​ 11 ချက်​

 

၁။ ဘယ်​အသက်​မှာ​သွေးဆုံးတတ်​သလဲ?

 

ယေဘူယျအားဖြင့် အသက် ၄၅ မှ ၅၅နှစ်​အတွင်​း ​သွေးဆုံးတတ်​တယ်​လို့ဆို​ပေမယ်​့ တစ်​​ယောက်​နဲ့တစ်​​ယောက်​ကွဲပြားနိုင်​ပါတယ်​။ ​သွေးဆုံးတဲ့အသက်​ဟာ မ​ျိးရိုးလိုက်​တတ်​တဲ့အပြင်​ အခြားအ​ကြောင်​းရင်​း​တွေဖြစ်​တဲ့ ​ဆေးလိပ်​​သောက်​ခြင်​း၊ ကင်​ဆာ​ဆေးသွင်​းခြင်​း စတာ​တွေကလညး်​ ​သွေး​စော​စောဆုံး​စေတတ်​ပါတယ်​။

 

၂။ ​သွေးမဆုံးမီကာလမှာဘာဖြစ်​တတ်​သလဲ?

 

​သွေးမဆုံးမီမှာကတည်​းက ​ဟော်​မုန်​းထွက်​နှုန်​း တစ်​ဖြည်​းဖြည်​းနည်​းလာနိုင်​ပြီး အ​ပြောင်​းအလဲ​တွေ စတင်​ဖြစ်​ကာ ဓမ္မတာမမှန်​တာ​တွေ ဖြစ်​တတ်​ပါတယ်​။

၃။ Estrogen​ဟော်​မုန်​းနည်​းခြင်​း​ကြောင်​့ ဘာ​တွေဖြစ်​လာနိုင်​သလဲ?

 

​သွေးဆုံးတဲ့အမျိးသမီး ၇၅% မှာ ပူရှိန်​းရှိန်​းခံစားမှု ရတတ်​ပါတယ်​။ တချို့အမျိုးသမီး​တွေမှာ အဆစ်​အမြစ်​နာခြင်​း၊ စိတ်​အတက်​အကျမြန်​ခြင်​း စတာ​တွေလည်​း ဖြစ်​တတ်​ပါ​သေးတယ်​။

 

၄။ ပူရှိန်​းရှိန်​းဖြစ်​လာတယ်​ဆိုတာဘယ်​လိုလဲ?

 

အ​ပေါ်ပိုင်​းတစ်​ပိုင်​းလုံးပူတက်​လာပြီး တစ်​ခိျု့မှာ နီရဲလာတတ်​ပါ​သေးတယ်​။ ဒီလိုပူလာတဲ့အတွက်​ ​ချွေးပြန်​တာ၊ ရင်​တုန်​တာ၊ မူး​ဝေတာ​တွေလည်​း ဖြစ်​နိုင်​ပြီး ခဏအကြာပြန်​လည်​​အေးစက်​သွားပါလိမ်​့မယ်​။

 

တစ်​​နေ့တစ်​ကြိမ်​ သို့မဟုတ်​ တစ်​​နေ့တည်​းမှာ အကြိမ်​ကြိမ်​ဖြစ်​နိုင်​သလို တစ်​နှစ်​လုံး သို့မဟုတ်​ နှစ်​​ပေါင်​းများစွာ ခံစားရတတ်​ပါတယ်​။

 

 

၅။ ​သွေးဆုံးခြင်​း​ကြောင်​့အရိုးကိုထိခိုက်​တတ်​သလား?

 

​သွေးဆုံးတဲ့အခါ အရိုးသိပ်​သည်​းဆနည်​းလာပြီး ​အရိုးပွလာတတ်​ပါတယ်​။ ဒါ​ကြောင်​့ တင်​ပါးဆုံရိုး၊ ​ကောျရိုးနဲ့အခြာအရိုးကျိုးခြင်​း​တွေ ပိုများလာတတ်​ပါတယ်​။

အရိုးကျန်​းမာ​စေဖို့

• ကယ်​လ်​ဆီယမ်​ကြွယ်​ဝတဲ့နု့ိထွက်​ပစ္စည်​းများ၊အစိမ်​း​ရောင်​အသီးအရွက်​မာျးကိုစား​ပေးပါ။

• ဗီတာမင်​ဒီ​သောက်​ပါ။

• ​လေ့ကျင်​့ခန်​းပုံမှန်​လုပ်​ပါ။

• အရက်​​လျောပါ။

• ​ဆေးလိပ်​ဖြတ်​ပါ။

• ဆရာဝန်​နဲ့တိုင်​ပင်​ပါ။

၆။ နှလုံး​ရောဂါနဲ့ဆက်​နွယ်​​နေသလား?

 

Estrogen ​​လျော့နည်​းခြင်​း​ကြောင်​့ ​သွေး​ကြော​ပျော့​ပျောင်​းမှု​လျော့နည်​းလာပြီး ​​သွေးစီးဆင်​းမှုနဲ့နှလုံးကို ထိခိုက်​နိင်​ပါတယ်​။ အစားအ​သောက်​​အ​နေအထိုင်​ကို ဂရုစိုက်​ဖို့လိုပါတယ်​။

 

၇။ ကိုယ်​အ​လေးချိန်​တက်​လာမလား?

 

​ဟော်​မုန်​း​တွေ​ လျော့နည်​းလာတာ​ကြောင်​့​ရော အသက်​ကြီးလာတာ​ကြောင်​့ပါ အဝလွန်​လာတတ်​ပါတယ်​။

ဒါ​ကြောင့်

• ကယ်​လ်​ဆီယမ်​များပြီး အချိုဓာတ်​နည်​းတဲ့ အစားအ​သောက်​​တွေစားပါ။

• ​နေ့စဉ်​ပုံမှန်​​လေ့က​ျင်​့ခန်​းပြုလုပ်​ပါ။

• ကြွက်​သားသန်​မာ​စေတဲ့​လေကျင့်​ခန်​းပြုလုပ်ဖို့လည်​း မ​မေ့ပါနဲ့။

 

၈။ အ​မေ၊အမ၊သူငယ်​ချင်​း​တွေလို လက္ခဏာ​တွေခံစားရမှာလား?

 

​သွေးဆုံးကိုင်​ခြင်​းလက္ခဏာ​တွေဟာ ​တစ်​​ယောက်​နဲ့တစ်​​ယောက်​မတူနိုင်​ပါဘူး။ ဒါ​ကြောင်​့ တစ်​​ယောက်​အတွက်​ သက်​သာ​စေတဲ့နည်​းလမ်​း​တွေဟာ ​နောက်​တစ်​​ယောက်​မှာအကျိုးမထူးနိုင်​ပါဘူး။

 

သိချင်​တ​ာ​တွေရှိရင်​ ဆရာဝန်​နဲ့တိုင်​ပင်​​ဆွေး​နွေးတာ အ​ကောင်​းဆုံးဖြစ်​ပါတယ်​။

 

၉။ သားအိမ်​ဖြတ်​​တောက်​ထားတဲ့အခါ ​သွေးဆုံးတာကိုဘယ်​လိုသိနိုင်​မလဲ?

         

​သားအိမ်​ဖြတ်​​တောက်​ထားသူ​တွေနဲ့၊ သားအိမ်​လွှာခြစ်​ထုတ်​ထားသူ​တွေမှာ ပူရှိန်​းရှိန်​း​သွေးဆုံးကိုင်​လက္ခဏာ​တွေမ​ပေါ်မချင်​း ​သွေးဆုံးမှန်​းမသိနိုင်​ပါဘူး။ သိချင်​ရင်​တော့ ​သွေးတွင်​းအီစထရိုဂျင်​​ဟော်​မုန်​းကို စစ်​​ဆေးကြည်​့နိုင်​ပါတယ်​။ ဒါမှ အရိုးပွနိုင်​​ခြေ ရှိမရှိကိုသိနိုင်​မှာပါ။

 

၁၀။ ​​ဟော်​မုန်​းအစားထိုးခြင်​းက ​သွေးဆုံးခြင်​းကိုကုသရာမှာ အ​ထောက်​အကူပြုသလား?

 

အ​ထောက်​အကူပြုပါတယ်​။ ဒါ​ပေမယ်​့ ​ရရှိလာမယ်​့​ကောင်​းကျိုး​တွေနဲ့ ဖြစ်​လာနိင်​တဲ့ဆိုးကျိုး​တွေကို ဆရာဝန်နဲ့တိုင်​ပင်​ကာ ချိန်​ထိုးတွက်​ဆပြီးမှ ​သောက်​သင်​့ပါတယ်​။

 

၁၁။ အခြာ​း​ဟော်​မုန်​းမဟုတ်​တဲ့ကုသမှု​တွေရှိသလား?

 

​ဟော်​မုန်​းကုထုံးနဲ့မသင်​့​တော်​သူ​တွေ၊ မ​သောက်​ချင်​သူ​တွေမှာ

• ကိုယ်​အ​လေးချိန်​​လျော့ချခြင်​း

• ​လေ့ကျင်​့ခန်​းပြုလုပ်​ခြင်​း

• အခန်​းအပူချိန်​​လျော့ချခြင်​း

• ​လက္ခဏာပိုဆိုး​စေတဲ့အစားအ​သောက်​​တွေကို ​ရှောင်​ရှားခြင်​း

• ​ပေါ့ပေါပါးပါးအဝတ်​အစား​တွေကိုအထပ်​ထပ်​ဝတ်​ဆင်​ခြင်​း စတဲ့အ​ပြောင်​းအလဲ​တွေနဲ့ လက္ခဏာ​တွေကို ​လျော့နည်​း​စေနိုင်​ပါတယ်​။

 

ဒါ့အပြင်​ ​ဆေးဖက်​ဝင်​အပင်​​တွေ၊ အိပ်​​မွေချကုထုံး​တွေ၊ အပ်​စိုက်​ကုထုံး​တွေ၊ စိတ်​ကျ​​ပျောက်​​ဆေးပမာဏနည်​းနည်​းနဲ့ အခြား​ဆေး​တွေက ​သွေးဆုံးကိုင်​ခြင်​းကို သက်​သာ​စေနိုင်​ပါတယ်​။

 

အရိုးဆုံးရှုံးခြင်​းကိုကာကွယ်​ဖို့အတွက်​

  • Bisphosphonate
  • raloxifene
  • Calcitonin
  • denosumab
  • parathyroid hormone
  • Estrogen စတာ​တွေ​သောက်​နိုင်​ပါတယ်​။

 

နိဂုံးချုပ်​အ​နေနဲ့​ပြောရရင်​ ​သွေးဆုံးခြင်​းဆိုတာဟာ အမျိုးသမီးတစ်​​ယောက်​ရဲ့ဘဝမှာ ဖြစ်​ရိုးဖြစ်​စဉ်​တစ်​ခုဖြစ်​ပြီး Estrogen နဲ့progesterone ​တွေကျဆင်​းလာတဲ့အတွက်​ အရိုးနဲ့နှလုံးကို စိုးရိမ်​ရပါတယ်​။

 

ဒီအချိန်​မှာ ကျန်​းမာ​ရေးအတွက်​ အစားအ​သောက်​နဲ့​လေ့ကျင်​့ခန်​းကို ထိန်​းသိမ်​းဖို့ လိုပါတယ်​။

 

အကယ်​၍ ​သွေးဆုံးကိုင်​လက္ခဏာ​တွေဆိုးရွားလာရင်​ သို့မဟုတ်​ ပုံမမှန်​တစ်​ခုခု ခံစားလာရရင်​ ဆရာဝန်​နဲ့တိုင်​ပင်​ပြီး ကုသနိုင်​ပါတယ်​။

www.drmyanmar.com