အမျိုးသမီးများနှင့် လည်စလုတ်
လည်စလုတ်သည် အရွယ်ရောက်ပြီးသူများတွင်သာရှိ၍ အချို့သူများတွင်အလွန်ထင်ရှား၍ အချို့တွင်မူ သိပ်မသိသာပေ။ လည်စလုတ်ဆိုသည်မှာ အသံကြိုးများကိုကာကွယ်ပေးထားသော အရိုးနုဖြစ်ပြီး လူပျိုဖော်၀င်သည်နှင့် လေပြွန်ပတ်လည်ထိရောက်ရှိလာလေ့ရှိသည်။ ငယ်ရွယ်စဉ်တွင် လည်စလုတ်သည် အနည်းငယ်ပျော့သယောင်ရှိသော်လည်း အသက်ကြီးလာသည်နှင့်အမျှ ထိကြည့်ပါက အရိုးအစုအပေါင်းဟု အထင်ရှိလောက်အောင်ပင် မာကျောလာပါည်။ ၎င်းအရာကို အဘယ်ကြောင့်လည်စလုတ် (Adam’s Apple) ဟုခေါ်သည်ကို မည်သူမျှမသိရှိကြသော်လည်း ၎င်းသည် လည်ပင်း၌ပန်းသီး တစ်ဆို့နေပုံနှင့်တူ၍ ပန်းသီးဆိုသည်မှာလည်း အာဒမ်နှင့်ဆက်စပ်လျက်ရှိခြင်းကြောင့်ဟု အချို့ကလည်းယုံကြည်ကြသည်။
အချို့ကမူ လည်စလုတ်ဟူသောစကားသည် ဟီဘရူးစကားလည်စေ့မှ ဆင်းသက်လာခြင်းဟုလည်း အထင်ရှိကြသည်။ လည်စလုတ်သည် အမျိုးသမီးများတွင်ရှိသော်လည်း အလွန်အမင်းသေးငယ်သည့်အတွက် သိသာထင်ရှားခြင်း မရှိပေ။ အမျိုးသားများတွင် ပိုမိုထင်ရှားခြင်းကြောင့် အသံပိုမိုသြကြခြင်းဖြစ်သည်။
Dr. Thinzar Wynn
















