အမျိုးသမီးတွေက အမျိုးသားတွေထက် နှလုံးရောဂါခံစားရနိုင်ခြေပိုများ
လေ့လာမှုအသစ်များအရ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ယှဉ်ရင် နှလုံးခုန်နှုန်း စည်းချက်မမှန်ခြင်း ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရဖို့အလားအလာပိုများတယ်လို့ သိရပါ တယ်။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါဖြစ်ပွားနှုန်းကိုမြင့်တက်စေ သောအကြောင်းရင်းတစ်ခုဖြစ်တဲ့နှလုံးဦးခန်း ရှိ နှလုံးကြွက်သားမျှင်များ စည်းချက်မမှန်ဘဲ လျင်မြန်စွာခုန်ခြင်း {Atrial Fibrillatior (AF)} ဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။
လူပေါင်း 4.3 မီလီယံပါ၀င်တဲ့ လေ့လာမှုပေါင်း 30% မှာလည်း AF ရှိတဲ့ အမျိုးသမီးတွေ မှာ လေဖြတ်နှုန်းဟာ အမျိုးသားတွေထက် 2 ဆဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ဒါ့အပြင် AF ရှိတဲ့ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် နှလုံးရောဂါကြောင့် သေဆုံးနှုန်းဟာ 93%၊ နှလုံးတိုက်ခိုက် ခံရချေ 55%၊ နှလုံးရောဂါဖြစ်နှုန်း 16%နှင့် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနှုန်းဟာ 12% ပိုပါတယ်။
အမျိုးသမီးတွေဟာ AF နှင့် ပတ်သက်ပြီး ဆိုးကျိုးတွေကို ပိုမိုခံစားရတာက စစ်ဆေးသိရှိမှု နောက် ကျခြင်း ဒါမှမဟုတ် ခံစားရတဲ့ရောဂါလက္ခဏာတွေမတူတာကြောင့်ဖြစ်မယ်လို့ Lenox Hill ဆေးရုံမှ Dr.Suzanne Steinbaum က သုံးသပ်ထားပါတယ်။
နေထိုင်မှုပုံစံပြုပြင်ပြောင်းလဲခြင်းက နှလုံးစည်းချက်မမှန်ခြင်းရဲ့ ပြင်းထန်မှုကို လျှော့ချပေးနိုင်တာကြောင့် အမျိုးသမီး တွေအနေဖြင့် နှလုံးကျန်းမာရေး ကောင်းမွန်စေရန် သင့်တင့်တဲ့လေ့ကျင့်ခန်းပြုလုပ်ရန်၊ စိတ်ဖိစီးမှု ကင်ေ၀းအောင်နေထိုင်ရန်၊ သွေးတိုးဆီးချိုရောဂါရှိပါက ရောဂါအတွက် ညွှန်ကြားထားသည်များကို လိုက်နာရန်၊ အ၀မလွန်အောင်ထိန်းသိမ်းရန်၊ လိုအပ်ပါက သွေးကျဲဆေးသုံးစွဲခြင်းကို ဆရာ၀န်နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါတယ်။
Dr. Htet Htet Aung






























