/
news/အမျိုးသားများနှင့်ကျန်းမာရေး/ကလေးလိုချင်သော-အမျိုးသားများအတွက်-အထောက်အကူဖြစ်စေသော

ကလေးလိုချင်သော အမျိုးသားများအတွက် အထောက်အကူဖြစ်စေသော သိမှတ်စရာအချက်များ

Category
အမျိုးသားများနှင့်ကျန်းမာရေး

1. ဆီးနှင့် ကျောက်ကပ်အထူးကုဆရာဝန်ကို ပြသကြည့်ပါ။

ကလေးရရှိဖို့အတွက် လုံလောက်တဲ့ သုတ်ပိုးပမာဏ၊ သုတ်ပိုးကောင်းစွာရွေ့လျားနိုင်မှု စတဲ့အချက်တွေရှိဖို့လိုအပ်ပါတယ်။ ကလေးမရတဲ့ပြဿနာကြုံတွေ့နေရရင်တော့ ဆီးလမ်းကြောင်းအထူးကုဆရာဝန်တဲ့တိုင်ပင်ပြီး လိုအပ်တဲ့ကုသမှုခံယူသင့်ပါတယ်။

2. စီးကရက်နှင့် ဆေးခြောက်များဖြတ်ပါ။

စီးကရက်သောက်ခြင်းနှင့် ဆေးခြောက်သုံးခြင်းများကြောင့် သုတ်ပိုးကိုထိခို်က်စေတဲ့အတွက် ကလေးလိုချင်တယ်ဆိုရင် ဒါတွေဖြတ်ရပါမယ်။

3. အသင့်ပြုလုပ်ထားသောအစားအစာများကိုရှောင်ပါ။

မျိုးပွားနိုင်စွမ်းကိုမြှင့်တင်ချင်တယ်ဆိုရင်တော့ အသင့်ပြုလုပ်ထားတဲ့အမြန်အစားအစာတွေကို ရှောင်ကြဉ်ဖို့အရေးကြီးပါတယ်။ သဘာဝအတိုင်းရရှိတဲ့အစားအစာတွေ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များများစားပါ။ သကြားနှင့်ဆားကိုလည်း ရှောင်ကြဉ်ရပါမယ်။

4. အတွင်းခံဘောင်းဘီကြပ်ကြပ်မဝတ်ပါနဲ့။

အတွင်းခံဘောင်းဘီကြပ်ကြပ်ဝတ်ဆင်ခြင်းက စွဲဆောင်မှုရှိစေသော်လည်း သုတ်ပိုးတွေအတွက်တော့ မကောင်းပါဘူး။ အတွင်းခံဘောင်းဘီကြပ်ကြပ်တွေက ဝှေးစေ့ဆီကို သွေးလှည့်ပတ်မှုလျော့ကျစေပြီး သုတ်ပိုးထုတ်တာကိုလည်း လျော့နည်းစေပါတယ်။

5. သစ်ဥသစ်ဖုနှင့် ဆေးဖက်ဝင်အပင်များ စားသုံးပါ။

လေ့လာမှုအမျိုးမျိုးအရ ဆေးဖက်ဝင်အပင်အချို့မှာ အမျိုးသားတွေရဲ့မျိုးပွားနိုင်စွမ်းကို ကောင်းစေတဲ့အစွမ်းရှိတယ်လို့တွေ့ရှိရပါတယ်။ လက်ဖက်စိမ်း၊ ဂျင်စင်း၊ ရို့စ်မေရီ စတာတွေက သုတ်ပိုးထွက်မှုပိုကောင်းစေပါတယ်။

6. လေ့ကျင့်ခန်းလုပ်ပါ။

လှုပ်ရှားမှုမရှိတဲ့ လူနေမှုပုံစံက အမျိုးသားတွေရဲ့မျိုးပွားနိုင်မှုအတွက် မကောင်းပါဘူး။ လေ့ကျန်းခန်းအတော်အသင့်ပြုလုပ်ခြင်းဖြင့် သုတ်ပိုးထုတ်လုပ်မှုကိုအားပေးတဲ့ testosterone များများထွက်စေပါတယ်။ လေ့ကျင့်ခန်းအလွန်အကျွံလုပ်တာကလည်း သုတ်ပိုးတွေအတွက်မကောင်းပါဘူး။

7. အခွံမာသီးများစားပါ။

ဘရာဇီးသစ်စေ့၊ သစ်ကြားသီး၊ အယ်လ်မွန်သီး စတာတွေမှာ ဆီလီနီယမ်၊ ဇင့်နဲ့ ကြေးနီဓာတ်တွေကြွယ်ဝတဲ့အတွက် သုတ်ပိုးပမာဏများများစေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

8. အလွန်အမင်းစိတ်ဖိစီးမှုမခံပါနဲ့။

စိတ်ဖိစီးမှုများတဲ့အမျိုးသားတွေမှာ ကျန်းမာတဲ့သုတ်ပိုးတွေမထွက်နိုင်ပါဘူး။ ဒါကြောင့် အလုံအလောက်အနားယူပြီး စိတ်ဖိစီးမှုမရှိအောင် သေချာစီမံနိုင်ဖို့အရေးကြီးပါတယ်။

Dr. MMMS (www.drmyanmar.com)