/
news/အမျိုးသားများနှင့်ကျန်းမာရေး/အမျိုးသားတွေ-ဘာကြောင့်-ထိပ်ပြောင်ရတာလဲ

အမျိုးသားတွေ ဘာကြောင့် ထိပ်ပြောင်ရတာလဲ ?

Category
အမျိုးသားများနှင့်ကျန်းမာရေး

ဘာကြောင့် ထိပ်ပြောင်ရတာလဲ?

          ဖြစ်ပွားရသောအကြောင်းအရင်းများမှာ -

-   စိတ်ဖိစီးမှုများခြင်း

-   အစားအသောက်နှင့် နေထိုင်မှုပုံစံမမှန်ခြင်း

-   ရောဂါအချို့နှင့် ဆေးဝါးများ စသည်တို့ကြောင့်ဖြစ်သည်။

 

ဘယ်လိုပုံစံဖြစ်လာသလဲ?

          သို့သော် အများစုမှာမူ မျိုးရိုးကြောင့်ဖြစ်ပြီး “အမျိုးသားပုံစံထိပ်ပြောင်ခြင်း” ဟု ခေါ်လေ့ရှိပြီး အောက်ပါလက္ခဏာတို့ကိုတွေ့ရှိနိုင်ပါသည်။

-   ဆံပင်များတဖြည်းဖြည်းပါးလာခြင်း

-   ဆံပင်ပေါက်ရာလိုင်းမှာလည်း နောက်ရောက်လာပြီး မြင်းခွာပုံစံဖြစ်လာခြင်း

          အချို့အမျိုးသားများတွင် ဆံပင်ပါးခြင်းမှာ အသက် 20 မတိုင်မီတွင် စတင်လေ့ရှိပြီး အသက် 50 အရွယ်တွင် 85 ရာခိုင်နှုန်းသောအမျိုးသားများ၌ သိသိသာသာထိပ်ပြောင်ခြင်းကိုခံစားနေရပြီဖြစ်သည်။

 

ဘယ်လိုကာကွယ်မလဲ?

          ကိုယ့်ရဲ့မျိုးရိုးကိုပြုပြင်၍ မရနိုင်သော်လည်း ထိပ်ပြောင်ခြင်းကို အတတ်နိုင်ဆုံး ကာကွယ်နိုင်ရန်အတွက်

- ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကိုစားပါ။

-   ဆေးလိပ်ဖြတ်ပါ။

-   ခေါင်းဖြီးချိန်နှင့် ခေါင်းလျော်ချိန်များတွင် ဆံပင်ကိုညင်သာစွာကိုင်တွယ်ပါ။

 

ဆံပင်ပြန်ပေါက်အောင် ဘယ်လိုလုပ်မလဲ?

          ဆရာ၀န်နှင့် တိုင်ပင်၍ ဆံပင်ပေါက်ဆေး အသုံးပြုပါက ဆံပင်ပြန်ပေါက်နိုင်ရန် ကူညီပေးနိုင်ရုံမျှမက ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

          ဆံပင်စိုက်ခြင်းသည် ခွဲစိတ်ကုသမှုတစ်ခုဖြစ်ပြီး သင့်ဦးရေပြားနောက်ဘက်မှ ဆံပင်များကို အရှေ့ဘက်ပြောင်နေသောနေရာတွင် ပြန်စိုက်ပေးခြင်းဖြစ်သည်။

 

ဆံပင်ထူတယ်လို့ထင်အောင် ဘယ်လိုလုပ်မလဲ?

          သင့်တွင်ဆံပင်ပိုမိုများပြားသည်ဟု အထင်ရှိစေသော အကောင်းဆုံးနည်းလမ်းမှာ -

-   ဆံပင်တိုတိုညှပ်ပါ။

-   ဆံပင်ကို ထူသယောင်ဖြစ်စေသော ဆံပင်ဖြန်းဆေးများကိုသုံးစွဲပေးပါ။

 

 Dr. Moe Thauk Pan (www.drmyanmar.com)