ပန်းသေပန်းညှိုးဖြစ်ခြင်းသည် နှလုံးရောဂါ၏ ရှေ့ပြေးလက္ခဏာတစ်ခုဖြစ်နိုင်
အမျိုးသားများမှာ ပန်းသေပန်းညှိုးဖြစ်ရခြင်းမှာ အမျိုးသားအင်္ဂါဆီသို့ သွေးထောက်ပံ့မှု မရရှိခြင်းကြောင့် ဖြစ်ပါတယ်။ ဘာကြောင့်အမျိုးသားအင်္ဂါဆီကို သွေးမရောက်စေရသလဲဆိုရာမှာ အမျိုးသားအင်္ဂါမှ သွေးကြောတွေဟာ ခန္ဓာကိုယ်ရဲ့တခြားသွေးကြောတွေထက်များစွာသေးငယ်တာကြောင့် အင်္ဂါတွေဆီသို့ သွေးထောက်ပံ့တဲ့သွေးလွှတ် ကြောတွေမှာ အဆီခဲတွေစုပုံနေမယ်၊ အဆီချိုးကပ်နေမယ်ဆိုပါက အမျိုးသားအင်္ဂါဆီသို့အလွယ်တကူသွေးမရောက် ရှိနိုင်တော့ပါဘူ။ ယင်းကဲ့သို့ သွေးလွှတ်ကြောတွေမှာ အဆီစုပုံနေခြင်းကြောင့် နှလုံးရောဂါဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ပန်းသေပန်းညှိုးဖြစ်ခြင်းဟာ နှလုံးရောဂါဖြစ်ကြောင်းပြ အသိပေးတဲ့ လက္ခဏာရပ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ပန်းသေပန်းညှိုးရောဂါရှိသူ အမျိုးသားများအနေနဲ့ သုံးနှစ်မှငါးနှစ်အတွင်း နှလုံးရောဂါဖြစ်နိုင်ချေ ရှိပြီး၊ အသက် ၄၅ နှစ်ကျော်အမျိုးသားတွေမှာ နှလုံးရောဂါမျိုးရိုး မရှိသော်လည်း ပန်းသေပန်းညှိုးရောဂါဖြစ်ခဲ့ ရင် နှလုံးတိုက်ခိုက်ခံရခြင်း၊ နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါစတဲ့ နှလုံး ဆိုင်ရာရောဂါတွေကြောင့်ဆေးရုံ တက်ရနိုင်ခြေများပါတယ်။ ဒါကြောင့် အမျိုးသားများအနေနဲ့ ပန်းသေပန်းညှိုးရောဂါကိုပြင်းထန်ဆိုးရွားစွာ ခံစားရခြင်း မရှိပေမယ့်လည်း ပေါ့ပေါ့ဆဆမနေသင့်ဘဲ ပန်းသေပန်းညှိုးဖြစ်ပြီလို့ စသိစဉ်ကတည်းက ကျန်းမာရေးစောင့်ရှောက်မှု ခံယူသင့်ပါတယ်။
Mg Hlaing Thwin















