အိပ်ချိန်များတိုင်း ကောင်းသလား ?
အိပ်ရေးပျက်ခြင်းဟာ ကျန်းမာရေးပြဿနာတွေ ဖြစ်စေတယ်ဆိုတာ အားလုံးသိပြီးကြမှာပါ။ အဲ့ဒါကြောင့် အချိန်ကြာကြာအိပ်မယ်ဆိုတာလည်း မဟုတ်သေးပြန်ဘူးနော်။ အိပ်ချိန်များလွန်းရင်လည်း ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ ရှိနေပါတယ်။
2023 Revicon IA 1
လူတစ်ယောက်ဟာ ပျှမ်းမျှအိပ်ချိန်ထက်ပိုပြီးအိပ်စက်တာဟာ အချိန်ကြာလာရင် ကိုယ်လက်လှုပ်ရှားမှု နည်းလာတာကြောင့်
● အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ
● အဝလွန်ရောဂါ
● နှလုံးရောဂါ
● စိတ်ကျရောဂါ နဲ့
● ခေါင်းကိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။
2023 Revicon IA 2
ဒါကြောင့် အိပ်ချိန်များများရှိရမယ်လို့ မဟုတ်ဘဲ အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်တဲ့ အိပ်စက်ချိန်သာ ရှိနေမယ်ဆိုရင် လုံလောက်နေပါပြီနော်။ အရွယ်ရောက်ပြီးသူတစ်ယောက်အတွက် ပျှမ်းမျှလိုအပ်တဲ့ အိပ်စက်ချိန်ကတော့ တစ်နေ့ကို ၇-၉ နာရီပဲ ဖြစ်ပါတယ်။





























