/
news/အမျိုးသားများနှင့်ကျန်းမာရေး/အတွင်းခံဘောင်းဘီ-အလွန်အမင်းကျပ်ပါက-အမျိုးသားများ၏

အတွင်းခံဘောင်းဘီ အလွန်အမင်းကျပ်ပါက အမျိုးသားများ၏ မျိုးအောင်နိုင်စွမ်းလျော့ကျနိုင်

Category
အမျိုးသားများနှင့်ကျန်းမာရေး

        အမျိုးသားများအနေနဲ့ အလွန်အမင်းကျပ်နေတဲ့ အတွင်းခံဘောင်းဘီတွေ၀တ်ပါက သုတ်ကောင်အရေအတွက်ကျဆင်းခြင်း၊ သုတ်ကောင်စွမ်းရည် မပြည့်မီခြင်းတို့ကြောင့် မျိုးအောင်နိုင်စွမ်း ကျဆင်းစေနိုင်ပါတယ်။ သုတ်ကောင်စွမ်းရည်ပြည့်မီပြီး သုတ်အကောင်အရေအတွက် လုံလုံလောက်လောက် ထုတ်နိုင်ရန်မှာယောကျာ်းအင်္ဂါအပူချိန်နဲ့ သက်ဆိုင်ပါတယ်။ အတွင်းခံဘောင်းဘီအကျပ်တွေ ၀တ်ခြင်းကြောင့် လေ၀င်လေထွက်မရှိစေဘဲ ယောကျ်ားအင်္ဂါမှာအပူသက်ရောက်စေပြီး သုတ်ကောင်ထုတ်နိုင်စွမ်းလျော့ကျစေပါတယ်။

 

                 သုတ်ကောင်ထုတ်နိုင်ဖို့ ရက်သတ္တပတ် 10-11 ပတ်ကြာအချိန်ယူရတာဖြစ်တဲ့အတွက် သုတ်ကောင်ပျက်စီးစေနိုင်တဲ့ အပြုအမူတွေဖြစ်တဲ့ အတွင်းခံဘောင်းဘီအကျပ်တွေ ၀တ်ဆင်ခြင်း၊ ချေွးထုတ်ခန်းတွင် အချိန်ကြာမြင့်စွာနေခြင်း၊ ရေပူရေချိုးကန်တွင် မကြာခဏရေစိမ်ချိုးခြင်း တို့ကို ရှောင်ကျဉ်သင့်ပါတယ်။ အထူးသဖြင့် အားကစားလုပ်ချိန်နဲ့ အချိန်ကြာမြင့်စွာထိုင်ရမယ့် အခြေအနေမျိုးမှာ ခန္ဓာကိုယ် သက်တောင့်သက်သာဖြစ်စေမယ့် ချောင်ချောင်ချိချိ အတွင်းခံဘောင်းဘီကိုသာရွေး ချယ်၀တ်ဆင်ဖို့ဂရုပြုသင့်ပါတယ်။

 

 

Mg Hlaing Thwin

www.drmyanmar.com