အဖိုဟော်မုန်းဖြည့်စွက်ဆေးများမသုံးရန် အမေရိကန် FDA မှ 2014 ခုနှစ်ကတည်းကတားမြစ်ထား
အမျိုးသားအများစုသည် အသက်အရွယ်ကြီးရင့်လာချိန်တွင်ကြုံတွေ့ရသော ကြွက်သားများလျော့ရဲခြင်း၊ အားအင်ကုန်ခမ်းခြင်းနှင့် လိင်ဆက်ဆံရာတွင်တွေ့ကြုံရသော ပြဿနာများကိုဖြေရှင်းရန် အဖိုဟော်မုန်း (Testosterone) ဖြည့်စွက်ဆေးဝါးများကို အသုံးပြုလေ့ရှိပါတယ်။ အဖိုဟော်မုန်း (Testosterone) ဟာ နှလုံး၏လုပ်ငန်းဆောင်တာများကို ထိန်းညှိပေးခြင်း၊ သုတ်ပိုးထုတ်လုပ်ခြင်း၊ စွမ်းအင် ထုတ်လုပ်ခြင်းနှင့် ကြွက်သားထုထည် တည်ဆောက်ရေးတို့တွင်ပါ၀င်နေပါတယ်။ အသက်ကြီးလာတာနှင့်အမျှ သဘာ၀အရ ထိုဟော်မုန်းပမာဏ လျော့နည်းလာလေ့ရှိပါတယ်။ သို့သော်အဖိုဟော်မုန်းဖြည့်စွက်ဆေးများ မှီ၀ဲခြင်းသည် အသက်အရွယ်ကြီးရင့်လာခြင်းကြောင့် ဖြစ်ပေါ်လာသော ခန္ဓာကိုယ်၏ ပြောင်းလဲမှုများ အပေါ် ကောင်းသောအကျိုးသက်ရောက်မှုရှိကြောင်း သိပ္ပံနည်းကျ အထောက်အထားခိုင်လုံစွာ စမ်းသပ်ဖော်ထုတ်ထားခြင်းမရှိသည့်အပြင် သွေးပြန်ကြောအတွင်း သွေးခဲပိတ်နိုင်ခြေ ပိုများခြင်း၊ နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေပိုများခြင်းတို့ကို လေ့လာတွေ့ရှိရသည့်အတွက် အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (US FDA)က ၎င်းဖြည့်စွက်ဆေးများသုံးစွဲခြင်းကို 2014 ခုနှစ်ကတည်းက တားမြစ်ထားပါတယ်။
Dr. Htet Htet Aung






























