/
news/အမျိုးသားများနှင့်ကျန်းမာရေး/အမျိုးသားများ-မနက်တိုင်း-ကော်ဖီတစ်ခွက်သောက်ပါ။

အမျိုးသားများ မနက်တိုင်း ကော်ဖီတစ်ခွက်သောက်ပါ။

Category
အမျိုးသားများနှင့်ကျန်းမာရေး

ဒီဆောင်းပါးကို တွေ့လိုက်တဲ့အချိန်ဟာ မနက်ခင်းဆိုရင်တော့ အခုပဲ ကော်ဖီနွေးနွေးလေးတစ်ခွက်နဲ့ တစ်နေ့တာကို စတင်လိုက်ကြရအောင်နော်။ တစ်နေ့ကို ကော်ဖီအသင့်အတင့်ပမာဏ သောက်သုံးတာဟာ အမျိုးသားတွေအတွက် လိင်ပိုင်းဆိုင်ရာအပြင် စိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ကော်ဖီသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို အသေးစိတ် ဖတ်ကြည့်လိုက်ရအောင်။

Oligocare IA 1

●   လေ့လာမှုတွေအရတော့ ကော်ဖီဟာ အသည်းအင်ဇိုင်းဓာတ်တွေကို ကျစေပြီး အသည်းခြောက်ခြင်းဖြစ်နိုင်​ခြေကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။

●   ကော်ဖီသောက်သူတွေဟာ မသောက်သူတွေနဲ့ယှဥ်ရင် စိတ်ဓာတ်ကျနိုင်​ခြေဟာ အရမ်းကိုနည်းပါတယ်။

●   ၂၀၁၀ ခုနှစ်မှာ ပြလုပ်ခဲ့တဲ့ စမ်းသပ်မှုတစ်ခုအရ ကော်ဖီနေ့တိုင်းသောက်သူတွေရဲ့ ၆၅ % ဟာ အသက်ကြီးလာတဲ့အခါ သတိမေ့နိုင်ခြေ လျော့နည်းတယ်လို သိရပါတယ်။

●   ​ကော်ဖီသောက်ခြင်းဟာ လိင်တံမထောင်မတ်နိုင်ခြင်းကို လျော့နည်းစေပြီးတော့ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

Oligocare IA 2

ကော်ဖီသောက်တာ ကောင်းတယ်ဆိုပေမယ့် တန်ဆေးလွန်ဘေးမဖြစ်အောင် ဂရုပြုဖို့လိုတာကြောင့် တစ်နေ့ကို ကော်ဖီ လေးခွက် (၉၄၅ မီလီလီတာ) ထက် ပိုမသောက်ဖို့ အရေးကြီးပါတယ်။

 www.drmyanmar.com