အသက်ငါးဆယ် ကျော်လာပြီးနောက် အမျိုးသားတွေရဲ့ ဖိုမခံစားမှု ဘယ်လိုတွေ ပြောင်းလဲသွားတတ်သလဲ
အသက်ငါးဆယ်ကျော် အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ ခံစားချက်တွေနဲ့ လိင်ဆက်ဆံတဲ့အခါ ကြုံရတတ်တဲ့ ပြဿနာတွေနဲ့ အယူအဆအလွဲတွေကို ပညာပေး တင်ပြလိုက်ပါတယ်။
● အမျိုးသားအဂါၤ တောင့်တင်းမှု အားနည်းလာခြင်း လူတိုင်းကြုံရမယ်လို့ မဟုတ်ပေမယ့် အများစု ကြုံရတတ်တဲ့ဒုက္ခ ဖြစ်ပါတယ်။
● မေ့ဆေးဆရာဝန်ကြီး ကန်ဟာဆယ်ပြောတဲ့ စကားလေး နားထောင်ကြညိ့ပါ။ " ကျွန်တော် အသက် ၇၆ နှစ်ရှိပါပြီ။ လိင်တံတောင့်တင်းဖို့ သိပ်မလိုဘဲ လိင်ကိစ္စအထွတ်အထိပ်ကို ရောက်ပါတယ်တဲ့ " မှန်ပါတယ်။ ဆေးပညာအရလည်း လိင်ခံစားမှု အပြည့်အဝရဖို့ လိင်တံတောင့်တင်းဖို့က မရှိမဖြစ် လိုအပ်ချက်တော့ မဟုတ်ပါဘူး။
● အချိန်မတိုင်ခင် သုတ်စောလွှတ်ခြင်း၊ အတော်စိတ်ညစ်စရာလို့ ဆိုရမှာပါပဲ။ ဝမ်းသာစရာက သုတ်စောလွှတ်ခြင်းဟာ လိင်ခံစားမှု နည်းတာနဲ့ မဆိုင်ရေးချ မဆိုင်ပါတဲ့။ မိမိကိုယ်ကို အသက်ကြီးပြီဆိုပြီး စိုးရိမ်စိတ် များနေတာရယ် လိင်တံရယ်ပေါ်ကို အာရုံသိပ်ရောက်နေလို့ ဖြစ်ပါတယ်။
● လိင်ခံစားမှု သာယာမှု ပြောင်းလဲလာမှာပါ။ ဇနီးသည်ကလည်း အတူတကွ အိုမင်းလာတဲ့အတွက် သားအိမ်ဝ ခြောက်သွေ့တာ၊ မသက်မသာဖြစ်ရတာတွေ ရှိပါတယ်။ ဒါပေမဲ့ လိင်ကိစ္စ အထွတ်အထိပ်ကိုရောက်ဖို့ လိင်တံတစ်ခုတည်းကိုပဲ အာရုံမထားပါနဲ့။ ပွေ့ဖက်ဆုပ်နယ်ခြင်း ပွတ်သီးပွတ်သတ် နေခြင်းတို့ကလည်း Orgasm အော်ဂဆင်ကို ဆောင်ကြဉ်းပေးနိုင်တဲ့အရာတွေပါ။
● ဖိုမကိစ္စ အပြီးတိုင်ရောက်ဖို့ ကြာသွားပါတယ်။ ငယ်ရွယ်သူ ယောက်ျားတွေကို မိန်းမတွေ အများဆုံး အထွန့်တက်ကြတာကတော့ " ကျွန်မ မပြီးသေးခင် ... သူ စောပြီးသွားတယ် " ဆိုတာမျိုးပေါ့။ ပြီးဖို့ အချိန်အနည်းငယ် ပိုကြာသွားတာဟာ အမျိုးသမီးနဲ့ အတိုင်အဖောက်ညီညီ ချစ်ပွဲဝင်ဖို့ ပိုကောင်းတဲ့ လမ်းစ ဖြစ်ပါတယ်။ အသက် ၆၅ နှစ်အထက်တွေမှာ အမျိုးသားတွေဟာ အမျိုးသမီးတွေနဲ့ ပိုမိုအဆင်ပြေလာပြီး ငယ်တုန်းကထက် ကိုယ့်အဖော်ကို ကျေနပ်နှစ်သိမ့်တဲ့ခံစားမှုကို ပေးနိုင်သွားပါတယ်။
မာလာခင် (စိန်ပန်း) (www.drmyanmar.com)















