သွေးတွင်း Y ခရိုမိုဇုန်းလျော့ကျခြင်းက အမျိုးသားတွေရဲ့ အသက်ကိုခြိမ်းခြောက်နေ
Sweden နိုင်ငံ၊ Uppsala University မှ အသက် ၇၀ - ၈၄ နှစ်ကြား အမျိုးသား 1,150 ၏ သွေးများကို လေ့လာစစ်ဆေးခဲ့ရာ သွေးထဲတွင် Y ခရိုမိုဇုမ်း မရှိသောအမျိုးသားများမှာ ကင်ဆာရောဂါအပါအ၀င် အခြားသောရောဂါများကြောင့် သေဆုံးနိုင်ခြေမြင့်မားတယ်လို့ သိရှိခဲ့ရပါတယ်။ ဒီစမ်းသပ်မှုမှာ ပါ၀င်ခဲ့တဲ့သူတွေကို နှစ်ပေါင်း ၄၀ အထိ စောင့်ကြည့်ပြီးမှ အဖြေ ထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။
အမျိုးသားတွေမှာ အသက်ကြီးလာရင် သွေးထဲက Y ခရိုမိုဇုန်းတွေ လျော့ကျသွားတတ်ပြီး တစ်ယောက်နဲ့တစ်ယောက်တာ့ လျော့ကျမှုနှုန်းမတူပါဘူး။ Y ခရိုမိုဇုမ်းဟာ လိင်အင်္ဂါခွဲခြားရေးနှင့် သုတ်ကောင်ထုတ်လုပ်ရေးမှာသာမက ကင်ဆာရောဂါကိုခုခံကာကွယ်ရာမှာ အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သွေးထဲတွင် Y ခရိုမိုဇုမ်းဆုံးရှုံးမှုရှိ၊ မရှိစစ်ဆေးခြင်းအားဖြင့် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေကို ကြိုတင်ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ သုတေသီများကတော့ လူနေမှုဘ၀ပုံစံများ၊ ရောဂါအခြေနေများနှင့် Y ခရိုမိုဇုမ်း ဆုံးရှုံးများနှင့်စပ်လျဉ်း၍ လေ့လာမှုများဆက်လက်ပြုလုပ်နေကြဆဲဖြစ်ပါတယ်။
Dr. Htet Htet Aung
















