/
news/အမျိုးသားများနှင့်ကျန်းမာရေး/အရပ်ပုတဲ့အမျိုးသားတွေဟာ-အသက်ပိုရှည်နိုင်ကြောင်း-တွေ့ရှိ

အရပ်ပုတဲ့အမျိုးသားတွေဟာ အသက်ပိုရှည်နိုင်ကြောင်း တွေ့ရှိ

Category
အမျိုးသားများနှင့်ကျန်းမာရေး

        ဘယ်နေရာမှာပဲဖြစ်ဖြစ် အရပ်ရှည်တဲ့သူတွေဟာ တပန်းသာတတ်ကြပါတယ်။ အရပ်ရှည်တဲ့ အမျိုးသားတွေဟာ ပိုက်ဆံများများပိုရှာနိုင်ခြင်း၊ လူအများ၏ လေးစားမှုကိုပိုခံရခြင်း စတာတွေကို စူးစမ်းဖော်ထုတ်ထားတဲ့ လေ့လာမှုတွေ လည်းရှိပါတယ်။ ဒါပေမယ့် ယခုအခါမှာ သုတေသီတွေက အရပ်ပုတဲ့ အမျိုးသားတွေအတွက် ၀မ်းသာစရာ သတင်းတစ်ပုဒ်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ University of Hawaii’s John A. Burns School of Medicine မှ Dr.Willcox နှင့် အဖွဲ့၏လေ့လာချက်အရ အရပ်ပုတဲ့ အမျိုးသားတွေဟာ အသက်ပိုရှည်တတ်ကြကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒီလေ့လာမှုမှာ အမျိုးသားပေါင်း 8,000 ကျော် ပါ၀င်ခဲ့ကြပြီး အရပ် 5’ 2” နှင့် အောက်ကို တစ်ဖွဲ့၊ အရပ် 5’ 4” နှင့်အထက်ကို တစ်ဖွဲ့ခွဲပြီး စောင့်ကြည့်ခဲ့ကြပါတယ်။ နှစ်ကြာလာသည်နှင့်အမျှ အရပ်ပိုရှည်လေလေ သက်တမ်းတိုလေလေဖြစ်တာကို တွေ့ရှိခဲ့ပါတယ်။ ဒါဟာ FOXO 3 လို့ခေါ်တဲ့ မျိုးဗီဇ Gene ကြောင့်ဖြစ်ပါတယ်။ FOXO Gene တွေဟာ ဆဲလ်များပြန်လည်ရှင်သန်ရေး၊ သွေးတွင်း အင်ဆူလင်ဓာတ်ကို ထိန်းညှိပေးခြင်း၊ ကင်ဆာကျိတ်များ မဖြစ်အောင် တားဆီးပေးခြင်း၊ အသက်ရှည်ရှည်နေထိုင်နိုင်ခြင်းတို့၌ အရေးပါသော မျိုးဗီဇတစ်ခုဖြစ်ပြီး အရပ်ပုသောသူများတွင် FOXO Gene အမျိုးအစားတစ်မျိုးမျိုးကို တွေ့ရှိရပါတယ်။

 

Dr. Htet Htet Aung (www.drmyanmar.com)