မတော်တဆထိခိုက်ခြင်းအတွက် ရှေးဦးကုသမှု
၁။ သွေးတိတ်အောင်ပြုလုပ်ပါ။
- လူနာကိုမကိုင်တွယ်မီလက်ကိုဆပ်ပြာနှင့်စင်ကြယ်စွာဆေးပါ။
- လူနာကိုလဲလျောင်းထားပါ။ အကယ်၍ ဦးခေါင်း၊ လည်ပင်း၊ ကျော ဒါမှမဟုတ် ခြေထောက်မှာဒဏ်ရာ ရနေပါက ရွှေ့ပြောင်းခြင်းမပြုပါနှင့်၊ ဒဏ်ရာရတဲ့နေရာကို မြှင့်ပေးထားပါ။ သွေးထွက်တဲ့နေရာကို သန့်ရှင်းသော အ၀တ်စနှင့် 15 မိနစ်ခန့်ဖိအားပေးထားပါ။
- ဒဏ်ရာအတွင်းမှာမှန်ကွဲစ၊ ဝါးစကဲ့သို့သော ပစ္စည်းတစ်ခုရှိနေပါက ဒဏ်ရာပတ်ပတ်လည်ကိုသာဖိပေးပါ။ ဒဏ်ရာမှ သွေးစိမ့်ထွက်နေရင် နောက်ထပ်အ၀တ်စတစ်ခုနဲ့ ဖုံးပေးထားပါ။
- သွေးမတိတ်ဘဲပိုဆိုးလာပါကဖိထားပေးနိုင်တဲ့ပတ်တီးစ Compression Bandage နှင့် သက်သာအောင် ပြုလုပ်ပေးပါ။ ထပ်မံစည်းထားပေးပါ။
၂။ စိတ်ချောက်ချားတုန်လှုပ်မှု
- လူနာကိုလဲလျောင်းစေပြီးခြေထောက်ကို ၁၂ လက်မလောက်မြှင့်ပေးထားပါ။
- ကုတ်အကျႌ ဒါမှမဟုတ်စောင်နဲ့ခြုံပေးထားပါ။
- တတ်နိုင်သလောက် စိတ်ငြိမ်အောင်ပြုလုပ်ပေးထားပါ။
၃။ ဒဏ်ရာကိုသန့်ရှင်းစွာထားပါ။
သန့်ရှင်းတဲ့အ၀တ်စနဲ့ ဒဏ်ရာကိုစည်းထားပေးပါ။
၄။ လက်ပြတ်ခြင်း၊ ခြေပြတ်ခြင်းတို့ဖြစ်ပါက ပြတ်ထွက်သွားသောအပိုင်းကိုသေချာစွာထိန်းသိမ်းပါ။
ပြတ်ထွက်သွားတဲ့အပိုင်းကိုသန့်ရှင်းတဲ့ရေနဲ့ဆေးပေးရပါမယ်။ ဆပ်ပြာနဲ့ပွတ်တိုက်ဆေးကြောခြင်း တို့ကိုရှောင်ကြဉ်ပါ။ ထို့နောက် ၎င်းအပိုင်းကိုရေခဲဖြင့် ထုတ်ထားပြီးဆေးရုံသို့တပါတည်းယူဆောင်သွားပါ။
















