/
news/အရေးပေါ်ကုသနည်းများ/မတော်တဆထိခိုက်ခြင်းအတွက်-ရှေးဦးကုသမှု

မတော်တဆထိခိုက်ခြင်းအတွက် ရှေးဦးကုသမှု

Category
အရေးပေါ်ကုသနည်းများ

၁။     သွေးတိတ်အောင်ပြုလုပ်ပါ။

-        လူနာကိုမကိုင်တွယ်မီလက်ကိုဆပ်ပြာနှင့်စင်ကြယ်စွာဆေးပါ။

-        လူနာကိုလဲလျောင်းထားပါ။ အကယ်၍ ဦးခေါင်း၊ လည်ပင်း၊ ကျော ဒါမှမဟုတ် ခြေထောက်မှာဒဏ်ရာ ရနေပါက ရွှေ့ပြောင်းခြင်းမပြုပါနှင့်၊ ဒဏ်ရာရတဲ့နေရာကို မြှင့်ပေးထားပါ။ သွေးထွက်တဲ့နေရာကို သန့်ရှင်းသော အ၀တ်စနှင့် 15 မိနစ်ခန့်ဖိအားပေးထားပါ။

-        ဒဏ်ရာအတွင်းမှာမှန်ကွဲစ၊ ဝါးစကဲ့သို့သော ပစ္စည်းတစ်ခုရှိနေပါက ဒဏ်ရာပတ်ပတ်လည်ကိုသာဖိပေးပါ။ ဒဏ်ရာမှ သွေးစိမ့်ထွက်နေရင် နောက်ထပ်အ၀တ်စတစ်ခုနဲ့ ဖုံးပေးထားပါ။

-        သွေးမတိတ်ဘဲပိုဆိုးလာပါကဖိထားပေးနိုင်တဲ့ပတ်တီးစ Compression Bandage နှင့် သက်သာအောင် ပြုလုပ်ပေးပါ။ ထပ်မံစည်းထားပေးပါ။

၂။     စိတ်ချောက်ချားတုန်လှုပ်မှု

-        လူနာကိုလဲလျောင်းစေပြီးခြေထောက်ကို ၁၂ လက်မလောက်မြှင့်ပေးထားပါ။

-        ကုတ်အကျႌ ဒါမှမဟုတ်စောင်နဲ့ခြုံပေးထားပါ။

-        တတ်နိုင်သလောက် စိတ်ငြိမ်အောင်ပြုလုပ်ပေးထားပါ။

၃။     ဒဏ်ရာကိုသန့်ရှင်းစွာထားပါ။

        သန့်ရှင်းတဲ့အ၀တ်စနဲ့ ဒဏ်ရာကိုစည်းထားပေးပါ။

၄။     လက်ပြတ်ခြင်း၊ ခြေပြတ်ခြင်းတို့ဖြစ်ပါက ပြတ်ထွက်သွားသောအပိုင်းကိုသေချာစွာထိန်းသိမ်းပါ။

        ပြတ်ထွက်သွားတဲ့အပိုင်းကိုသန့်ရှင်းတဲ့ရေနဲ့ဆေးပေးရပါမယ်။ ဆပ်ပြာနဲ့ပွတ်တိုက်ဆေးကြောခြင်း တို့ကိုရှောင်ကြဉ်ပါ။ ထို့နောက် ၎င်းအပိုင်းကိုရေခဲဖြင့် ထုတ်ထားပြီးဆေးရုံသို့တပါတည်းယူဆောင်သွားပါ။

www.drmyanmar.com

အရေးပေါ်ကုသနည်းများ