ကိုယ်တိုင်သတိမထားမိဘဲ ပြုလုပ်နေမိတဲ့ အသားအရေခြောက်သွေ့စေသော အပြုအမူများ
ဆောင်းတွင်းမှာ အေးပြီးခြောက်သွေ့တဲ့ လေထုကြောင့် လူတော်တော်များများဟာ အသားပတ်တာ၊ အသားအရေ ခြောက်သွေ့တာကို ခံစားရလေ့ရှိပါတယ်။ ဒါ့အပြင် မိမိတို့ ပြုလုပ်မိနေတဲ့ တချို့အပြုအမူတွေကြောင့်လည်း အသားပတ်တာ၊ အသားခြောက်တာတွေ ဖြစ်စေနိုင်လို့ ဆောင်းတွင်းတစ်တွင်းလုံးကို အသားအရေ စိုပြေလှပစွာနဲ့ ဖြတ်သန်းနိုင်ဖို့ဆိုရင် ဒီအပြုအမူလေးတွေကို ဆင်ခြင်ကြဖို့ လိုအပ်ပါတယ်။
Bio Oil Updated IA 1

၁။ ရေပူနဲ့ ရေချိုးခြင်း
ရာသီဥတုအေးတဲ့အခါ ရေပူပူလေးနဲ့ ရေချိုးတာဟာ အညောင်းအညာ ပြေစေသလို နေလို့ထိုင်လို့လည်း ကောင်းစေတာကြောင့် လူအများစုဟာ ဆောင်းတွင်းမှာ ရေပူပူလေးနဲ့ချိုးရတာကို နှစ်သက်ကြပါတယ်။ ဒါပေမဲ့ ရေပူနဲ့ အချိန်ကြာကြာ ရေချိုးလိုက်ရင် အရေပြားမှာရှိတဲ့အဆီတွေကို ဖယ်ရှားလိုက်တာကြောင့် အသားအရေခြောက်သွေ့တာ၊ အသားအရေတင်းတာနဲ့ ယားယံတာတွေကို ဖြစ်စေပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာ ရေကြက်သီးနွေးလေးနဲ့ အချိန်ခဏလောက်ပဲ ရေချိုးတာဟာ အကောင်းဆုံးပါ။
၂။ ဓာတုပစ္စည်းပါဝင်မှုများတဲ့ ဆပ်ပြာတွေ အသုံးပြုခြင်း
ဆောင်းတွင်းမှာ အသားပတ်၊ အသားခြောက်စေတဲ့ တရားခံဟာ ရေပူကြောင့်ပဲ မဟုတ်ပါဘူး။ ဆပ်ပြာကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဓာတုပစ္စည်းနဲ့ မွှေးရနံ့ပါဝင်တဲ့ ဆပ်ပြာတွေဟာ အရေပြားက အစိုဓာတ်ကို စုပ်ယူလိုက်တာကြောင့် အသားအရေ ခြောက်သွေ့စေပါတယ်။ ဒါကြောင့် နို့ရည်၊ ပျားရည်၊ အုတ်ဂျုံ၊ အုန်းဆီ၊ shea butter စတဲ့ သဘာဝပစ္စည်းတွေကနေ ထုတ်လုပ်ထားတဲ့ အစိုဓာတ်ထိန်းဆပ်ပြာတွေကိုပဲ အသုံးပြုသင့်ပါတယ်။
Bio Oil Updated IA 2

၃။ ရေသောက်နည်းခြင်း
အသားအရေစိုပြေဖို့ဆိုရင် ပြင်ပကနေ အစိုဓာတ်ထိန်းနေရုံနဲ့ မလုံလောက်ပါဘူး။ ခန္ဓာကိုယ်ထဲကပါ ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ဆောင်းတွင်းမှာ ရာသီဥတုအေးတာကြောင့် ရေသောက်နည်းတာ၊ ရေဆာတဲ့အချိန်မှ ရေသောက်တာ၊ ရေသောက်ချိန် သီးသန့်ထားပြီး ရေမသောက်တာတွေဟာ ရေဓာတ်ခန်းခြောက်ပြီး အသားအရေ ခြောက်သွေ့စေပါတယ်။ ဒါကြောင့် တစ်နေ့ကို ရေဖန်ခွက် (၈) ခွက်ခန့် သောက်ပေးပြီး အရည်ရွှမ်းတဲ့အသီးအနှံတွေကိုလည်း စားပေးဖို့ လိုအပ်ပါတယ်။
၄။ အရေပြားရှိ အစိုဓာတ်ကို မထိန်းသိမ်းခြင်း
ရေချိုးပြီးပြီးချင်း အစိုဓာတ်ထိန်းပေးတဲ့ အသားအရေထိန်းသိမ်းပစ္စည်းတစ်မျိုးမျိုးကို ချက်ချင်းမလိမ်းတာဟာ အရေပြားမှာ သဘာဝအတိုင်းရှိနေတဲ့ အစိုဓာတ်ကို ဆုံးရှုံးစေတာကြောင့် အသားအရေခြောက်သွေ့စေပါတယ်။ ဒါ့အပြင် မကြာခဏဆိုသလို၊ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ကြေးချွတ်တာဟာလည်း အစိုဓာတ်ကို ဖယ်ရှားလိုက်သလို ဖြစ်တာကြောင့် အသားအရေခြောက်သွေ့ပြီး ယားယံစေပါတယ်။ ဒါကြောင့် ရေချိုးပြီးပြီးချင်းမှာ မိမိနှစ်သက်တဲ့ လိုးရှင်း၊ ဒါမှမဟုတ် သဘာဝပစ္စည်းတွေကနေ ထုတ်ထားတဲ့ Bio-oil လိုမျိုး အသားအရေထိန်းသိမ်းအဆီတွေကို လိမ်းပေးသင့်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)
















