ကြည်လင်ရှင်းသန့်နေတဲ့ အသားအရေလေး ပိုင်ဆိုင်ဖို့
1. မိတ်ကပ်မဖျက်ဘဲ မအိပ်ရ
အိပ်ရာမဝင်ခင်မှာ မိတ်ကပ်ဖျက်ဖို့ ဘယ်တော့မှမမေ့ပါနဲ့။ ညဘက်အိပ်ချိန်မှာ အရေပြားက လေဝင်လေထွက်ကောင်းနေဖို့ လိုပါတယ်။ မိတ်ကပ်တွေလိမ်းထားတဲ့အခါမှာ လေဝင်လေထွက် မကောင်းတော့ဘဲနဲ့ ချွေးပေါက်တွေမှာ ပိတ်မိပြီးတော့ အမဲစက်တွေ၊ ဆားဝက်ခြံတွေ ဖြစ်လာစေပါတယ်။ makeup remover မရှိဘူးဆိုရင် သံလွင်ဆီ အနည်းငယ်ကို ဂွမ်းစလေးပေါ်မှာတင်ပြီးတော့ မျက်နှာကို ညင်သာစွာ ပွတ်ပေးခြင်းအားဖြင့် မိတ်ကပ်နဲ့ အညစ်အကြေးတွေကို သန့်စင်စေပါတယ်။
မျက်နှာကို scrub နဲ့ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပွတ်ပြီး မျက်နှာသစ်ပေးတာက အရေပြားကို ပိုကြည်စေပါတယ်။
2. နေရောင်ခြည်နဲ့ အရေပြား
နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါမှာ အရေးအကြောင်းတွေ၊ အစက်အပြောက်တွေနဲ့ တခြားအရေပြားပြဿနာတွေကို ဖြစ်စေနိုင်တဲ့အတွက် အရေပြားကိုနေရောင်ခြည်နဲ့ထိတွေ့မှုကနေ တတ်နိုင်သလောက် ကာကွယ်ပေးဖို့ လိုပါတယ်။ အပြင်ထွက်တိုင်း အနည်းဆုံး SPF 15 ပါတဲ့ နေကာခရင်မ်ကိုလိမ်းပြီးမှ ထွက်ပါ။
အပြင်မှာ မိုးအုံ့လို့၊ နေမထွက်လို့ဆိုပြီးတော့ နေကာခရင်မ် မလိမ်းဘဲနေတာမျိုး မလုပ်ပါနဲ့။
3. ကိုယ်စားတဲ့ အစားအစာတွေကို ဂရုစိုက်ပါ။
ကိုယ် ဘာတွေစားလဲဆိုတာကို အမှုမဲ့အမှတ်မဲ့မထားဘဲနဲ့ သေချာမှတ်ထားပါ။ လတ်ဆတ်တဲ့သစ်သီးတွေ၊ အစိမ်းရောင်အရွက်တွေ၊ အသားဓာတ်နဲ့ ဗီတာမင်တွေ အလုံအလောက် စားပေးပါ။ ဗီတာမင် C ကြွယ်ဝပြီးတော့ အဆီနဲ့သကြားနည်းတဲ့ အစားအစာတွေက အရေပြားကို တောက်ပစေပါတယ်။
အရမ်းပူစပ်တဲ့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေ၊ ဆားများတဲ့ အစားအစာတွေနဲ့ အကြော်တွေ မစားပါနဲ့။
4. ချွေးထွက်စေတဲ့လှုပ်ရှားမှု ရှိပါစေ။
လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ပြေးခြင်း၊ အနှေးပြေးခြင်း၊ ယောဂ စတာတွေက ခန္ဓာကိုယ် သွေးလှည့်ပတ်မှုကို ကောင်းစေပြီးတော့ တစ်ကိုယ်လုံးရဲ့ သန့်စင်တဲ့လုပ်ငန်းစဉ်တွေကို ပိုကောင်းစေပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါမှာ မျက်နှာလေးတွေ ပိုပြီးကြည်လင်တောက်ပလာတာကို သတိပြုမိမှာပါ။
လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်ပြီးတဲ့အချိန်တွေမှာ အသားအရေကို ဘာမှဂရုမစိုက်ဘဲ ပစ်ထားတာ မလုပ်ပါနဲ့။ လေ့ကျင့်ခန်းမလုပ်ခင်မှာ တိုနာလေး ပွတ်ထားပါ။ လေ့ကျင့်ခန်းလုပ်ပြီးရင် အရေပြားစိုစွတ်မှုကို ထိန်းထားနိုင်ဖို့ Bio-Oil လို အဆီလေး တစ်မျိုးမျိုး လိမ်းပေးထားပါ။
5. အိပ်ရေးဝဝအိပ်ပါ။
ညတိုင်း ၈ နာရီပြည့်အောင်အိပ်ဖို့ အတတ်နိုင်ဆုံးကြိုးစားပါ။ အိပ်ချိန်မပြည့်ရင် အရေပြားကလည်း ပင်ပန်းနွမ်းနယ်ပြီးတော့ အရေးအကြောင်းတွေ၊ မျက်အိတ်တွဲတာတွေ ဖြစ်တတ်ပါတယ်။ ပြီးတော့ မျက်နှာပေါ်ကို ပျားရည်လေး တစ်ပတ်ကို ၂ ကြိမ်၊ ၃ ကြိမ်လောက် လိမ်းပေးခြင်းအားဖြင့် အရေပြားကို နူးညံ့စေပါတယ်။
မအိပ်ခင်မှာ မျက်နှာသစ်ပြီးတော့ moisturizer လေးလိမ်းဖို့ ဘယ်တော့မှမပျင်းပါနဲ့။ အသားအရေ ခြောက်သွေ့တဲ့သူတွေဆိုရင် အရက်ပြန်မပါတဲ့ အပျော့စား မျက်နှာသစ်ဆေးတွေ သုံးပါ။ moisturizer တွေ အများကြီးသုံးတာ၊ ရေနွေးနဲ့ သစ်တာတွေက အရေပြားကို အရမ်းခြောက်စေလို့ မလုပ်ပါနဲ့။
6. ရေဓာတ် ပြည့်ဝအောင်နေပါ။
တစ်နေ့ကို ရေ ၈ ဖန်ခွက်လောက် အနည်းဆုံး သောက်ပေးပါ။ ပြီးတော့ ဖရဲသီး၊ သခွားသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး စတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပေးပါ။
Bio-Oil 1

7. ဝက်ခြံကို သေချာဂရုစိုက်ပါ။
မျက်နှာကို ရေနွေးနွေးလေးနဲ့ တစ်နေ့ သုံးကြိမ် သစ်ပါ။ ဝက်ခြံထွက်တတ်တဲ့သူတွေမှာ alpha hydroxyl acid/ beta hydroxyl acid စတာတွေပါတဲ့ မျက်နှာသစ်ဆပ်ပြာသုံးပြီး ညင်သာစွာ ပွတ်ပြီးသစ်ပါ။ မျက်နှာသစ်ပြီးရင် benzoyl peroxide ပါတဲ့ lotion လေး လိမ်းပေးပါ။
ဝက်ခြံညှစ်တာက ဝက်ခြံကို ပိုရောင်၊ နီပြီးတော့ အမာရွတ်ထင်စေတဲ့အတွက် မညှစ်ပါနဲ့။ rose water လေးနဲ့ မျက်နှာသစ်ပြီးတော့ အေးနေတဲ့ green tea bag လေးကို ၁၀ မိနစ်လောက် တင်ထားပေးပါ။ မျက်မှန်တွေ၊ နေကာမျက်မှန်တွေ တပ်တဲ့သူတွေမှာလည်း ဒါတွေကို မကြာခဏ ဆေးကြောသန့်စင်ပေးပါမှ မျက်လုံးနဲ့ နှာခေါင်းဝန်းကျင်က ချွေးပေါက်လေးတွေ မပိတ်အောင် ကာကွယ်နိုင်မှာပါ။
8. မျက်နှာပေါင်းတင်ပေးပါ။
Spa သွားပြီးပေါင်းတင်မှ ပေါင်းတင်တာ မဟုတ်ပါဘူး။ မီးဖိုုချောင်ထဲမှာ အလွယ်တကူရှိနေတဲ့ ငှက်ပျောသီးတို့၊ နနွင်းတို့၊ ကြက်ဥတို့နဲ့လည်း ပေါင်းတင်နိုင်ပါတယ်။
9. Skin care နေ့တိုင်းလုပ်ပါ။
မျက်နှာကို ဆီလေးလိမ်းပြီးတော့ ညင်သာစွာ ပွတ်တိုက်ပေးတာကလည်း အရမ်းကောင်းပါတယ်။ ကိုယ့်ရဲ့အသားအရေ အမျိုးအစားအပေါ် မူတည်ပြီးတော့ မုန်ညင်းဆီ၊ အုန်းဆီ၊ အယ်မွန်သီးဆီ စသည်ဖြင့် ရွေးချယ်အသုံးပြုလို့ ရပါတယ်။
10. ကျန်းမာရေးနဲ့အညီ နေထိုင်ပါ။
တတ်နိုင်သမျှ စိတ်ဖိစီးမှုနည်းအောင် နေပါ။ စိတ်ဖိစီးမှုတွေ များလာရင် ဝက်ခြံတွေပိုပေါက်လာတာကို သတိထားမိမှာပါ။ စိတ်ဖိစီးမှုဖြစ်တဲ့အခါမှာ ခန္ဓာကိုယ်က cortisol နဲ့ တခြားဟော်မုန်းတွေ ထွက်တဲ့အတွက် အဆီပိုပြန်စေပါတယ်။ ဒီတော့ စိတ်ဖိစီးမှု ပြေလျော့စေဖို့အတွက် အသက်ရှူလေ့ကျင့်ခန်း၊ ယောဂ၊ တရားထိုင်တာ စသည်ဖြင့် တစ်ခုခုလုပ်ပါ။
တစ်နေ့ကို ၅ မိနစ်လောက် အချိန်ပေးပြီးတော့ မျက်နှာလေ့ကျင့်ခန်း လုပ်ပေးပါ။ မေးစေ့မှာအကြောင်းတွေ ပေါ်လာတဲ့အထိ အောက်နှုတ်ခမ်းကို ထော်လိုက်ပါ။ ပြီးတော့ မေးစေ့ကို ရင်ဘတ်ဆီကို ငုံ့ချပါ။ နောက်လေ့ကျင့်ခန်းတစ်မျိုးကတော့ အပေါ်မျက်နှာကြက်ကို မော့ကြည့်ပြီးတော့ နှုတ်ခမ်းကို စူထားတာပါ။ ဒါတွေက မျက်နှာကြွက်သားတွေကို တင်းစေပြီးတော့ အရေပြားကို တင်းတင်းရင်းရင်းလေး ဖြစ်စေပါတယ်။
11. ပြုံးပါ။
ပျော်ပျော်နေပါ။ ပြုံးပါ။ ပြုံးတဲ့အခါမှာ မျက်နှာမှာရှိတဲ့ ကြွက်သားတွေရဲ့ tone ကို ထိန်းထားပေးပါတယ်။ ပြုံးတဲ့သူတွေက အသက် ၁၀ နှစ်လောက် ပိုငယ်တယ်လို့တောင် ထင်ရပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Bio-Oil 2

(Zawgyi)
1. မိတ္ကပ္မဖ်က္ဘဲ မအိပ္ရ
အိပ္ရာမဝင္ခင္မွာ မိတ္ကပ္ဖ်က္ဖို႔ ဘယ္ေတာ့မွမေမ့ပါနဲ႔။ ညဘက္အိပ္ခ်ိန္မွာ အေရျပားက ေလဝင္ေလထြက္ေကာင္းေနဖို႔ လိုပါတယ္။ မိတ္ကပ္ေတြလိမ္းထားတဲ့အခါမွာ ေလဝင္ေလထြက္ မေကာင္းေတာ့ဘဲနဲ႔ ေခၽြးေပါက္ေတြမွာ ပိတ္မိၿပီးေတာ့ အမဲစက္ေတြ၊ ဆားဝက္ၿခံေတြ ျဖစ္လာေစပါတယ္။ makeup remover မရွိဘူးဆိုရင္ သံလြင္ဆီ အနည္းငယ္ကို ဂြမ္းစေလးေပၚမွာတင္ၿပီးေတာ့ မ်က္ႏွာကို ညင္သာစြာ ပြတ္ေပးျခင္းအားျဖင့္ မိတ္ကပ္နဲ႔ အညစ္အေၾကးေတြကို သန႔္စင္ေစပါတယ္။
မ်က္ႏွာကို scrub နဲ႔ တစ္ပတ္ကို အနည္းဆုံး တစ္ႀကိမ္၊ ႏွစ္ႀကိမ္ေလာက္ပြတ္ၿပီး မ်က္ႏွာသစ္ေပးတာက အေရျပားကို ပိုၾကည္ေစပါတယ္။
2. ေနေရာင္ျခည္နဲ႔ အေရျပား
ေနေရာင္ျခည္နဲ႔ ထိေတြ႕တဲ့အခါမွာ အေရးအေၾကာင္းေတြ၊ အစက္အေျပာက္ေတြနဲ႔ တျခားအေရျပားျပႆနာေတြကို ျဖစ္ေစနိုင္တဲ့အတြက္ အေရျပားကိုေနေရာင္ျခည္နဲ႔ထိေတြ႕မႈကေန တတ္နိုင္သေလာက္ ကာကြယ္ေပးဖို႔ လိုပါတယ္။ အျပင္ထြက္တိုင္း အနည္းဆုံး SPF 15 ပါတဲ့ ေနကာခရင္မ္ကိုလိမ္းၿပီးမွ ထြက္ပါ။
အျပင္မွာ မိုးအုံ႔လို႔၊ ေနမထြက္လို႔ဆိုၿပီးေတာ့ ေနကာခရင္မ္ မလိမ္းဘဲေနတာမ်ိဳး မလုပ္ပါနဲ႔။
3. ကိုယ္စားတဲ့ အစားအစာေတြကို ဂ႐ုစိုက္ပါ။
ကိုယ္ ဘာေတြစားလဲဆိုတာကို အမႈမဲ့အမွတ္မဲ့မထားဘဲနဲ႔ ေသခ်ာမွတ္ထားပါ။ လတ္ဆတ္တဲ့သစ္သီးေတြ၊ အစိမ္းေရာင္အရြက္ေတြ၊ အသားဓာတ္နဲ႔ ဗီတာမင္ေတြ အလုံအေလာက္ စားေပးပါ။ ဗီတာမင္ C ႂကြယ္ဝၿပီးေတာ့ အဆီနဲ႔သၾကားနည္းတဲ့ အစားအစာေတြက အေရျပားကို ေတာက္ပေစပါတယ္။
အရမ္းပူစပ္တဲ့ အခ်ဥ္ေဖာက္ထားတဲ့ အစားအစာေတြ၊ ဆားမ်ားတဲ့ အစားအစာေတြနဲ႔ အေၾကာ္ေတြ မစားပါနဲ႔။
4. ေခၽြးထြက္ေစတဲ့လႈပ္ရွားမႈ ရွိပါေစ။
ေလ့က်င့္ခန္း ပုံမွန္လုပ္ပါ။ ေျပးျခင္း၊ အေႏွးေျပးျခင္း၊ ေယာဂ စတာေတြက ခႏၶာကိုယ္ ေသြးလွည့္ပတ္မႈကို ေကာင္းေစၿပီးေတာ့ တစ္ကိုယ္လုံးရဲ့ သန႔္စင္တဲ့လုပ္ငန္းစဥ္ေတြကို ပိုေကာင္းေစပါတယ္။ ေလ့က်င့္ခန္း လုပ္ၿပီးတဲ့အခါမွာ မ်က္ႏွာေလးေတြ ပိုၿပီးၾကည္လင္ေတာက္ပလာတာကို သတိျပဳမိမွာပါ။
ေလ့က်င့္ခန္းမလုပ္ခင္နဲ႔ လုပ္ၿပီးတဲ့အခ်ိန္ေတြမွာ အသားအေရကို ဘာမွဂ႐ုမစိုက္ဘဲ ပစ္ထားတာ မလုပ္ပါနဲ႔။ ေလ့က်င့္ခန္းမလုပ္ခင္မွာ တိုနာေလး ပြတ္ထားပါ။ ေလ့က်င့္ခန္းလုပ္ၿပီးရင္ အေရျပားစိုစြတ္မႈကို ထိန္းထားနိုင္ဖို႔ Bio-Oil လို အဆီေလး တစ္မ်ိဳးမ်ိဳး လိမ္းေပးထားပါ။
5. အိပ္ေရးဝဝအိပ္ပါ။
ညတိုင္း ၈ နာရီျပည့္ေအာင္အိပ္ဖို႔ အတတ္နိုင္ဆုံးႀကိဳးစားပါ။ အိပ္ခ်ိန္မျပည့္ရင္ အေရျပားကလည္း ပင္ပန္းႏြမ္းနယ္ၿပီးေတာ့ အေရးအေၾကာင္းေတြ၊ မ်က္အိတ္တြဲတာေတြ ျဖစ္တတ္ပါတယ္။ ၿပီးေတာ့ မ်က္ႏွာေပၚကို ပ်ားရည္ေလး တစ္ပတ္ကို ၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္ လိမ္းေပးျခင္းအားျဖင့္ အေရျပားကို ႏူးညံ့ေစပါတယ္။
မအိပ္ခင္မွာ မ်က္ႏွာသစ္ၿပီးေတာ့ moisturizer ေလးလိမ္းဖို႔ ဘယ္ေတာ့မွမပ်င္းပါနဲ႔။ အသားအေရ ေျခာက္ေသြ႕တဲ့သူေတြဆိုရင္ အရက္ျပန္မပါတဲ့ အေပ်ာ့စား မ်က္ႏွာသစ္ေဆးေတြ သုံးပါ။ moisturizer ေတြ အမ်ားႀကီးသုံးတာ၊ ေရေႏြးနဲ႔ သစ္တာေတြက အေရျပားကို အရမ္းေျခာက္ေစလို႔ မလုပ္ပါနဲ႔။
6. ေရဓာတ္ ျပည့္ဝေအာင္ေနပါ။
တစ္ေန႔ကို ေရ ၈ ဖန္ခြက္ေလာက္ အနည္းဆုံး ေသာက္ေပးပါ။ ၿပီးေတာ့ ဖရဲသီး၊ သခြားသီး၊ လိေမၼာ္သီး၊ စေတာ္ဘယ္ရီသီး စတဲ့ သစ္သီးနဲ႔ ဟင္းသီးဟင္းရြက္ေတြ မ်ားမ်ားစားေပးပါ။
7. ဝက္ၿခံကို ေသခ်ာဂ႐ုစိုက္ပါ။
မ်က္ႏွာကို ေရေႏြးေႏြးေလးနဲ႔ တစ္ေန႔ သုံးႀကိမ္ သစ္ပါ။ ဝက္ၿခံထြက္တတ္တဲ့သူေတြမွာ alpha hydroxyl acid/ beta hydroxyl acid စတာေတြပါတဲ့ မ်က္ႏွာသစ္ဆပ္ျပာသုံးၿပီး ညင္သာစြာ ပြတ္ၿပီးသစ္ပါ။ မ်က္ႏွာသစ္ၿပီးရင္ benzoyl peroxide ပါတဲ့ lotion ေလး လိမ္းေပးပါ။
ဝက္ၿခံညႇစ္တာက ဝက္ၿခံကို ပိုေရာင္၊ နီၿပီးေတာ့ အမာရြတ္ထင္ေစတဲ့အတြက္ မညႇစ္ပါနဲ႔။ rose water ေလးနဲ႔ မ်က္ႏွာသစ္ၿပီးေတာ့ ေအးေနတဲ့ green tea bag ေလးကို ၁၀ မိနစ္ေလာက္ တင္ထားေပးပါ။ မ်က္မွန္ေတြ၊ ေနကာမ်က္မွန္ေတြ တပ္တဲ့သူေတြမွာလည္း ဒါေတြကို မၾကာခဏ ေဆးေၾကာသန႔္စင္ေပးပါမွ မ်က္လုံးနဲ႔ ႏွာေခါင္းဝန္းက်င္က ေခၽြးေပါက္ေလးေတြ မပိတ္ေအာင္ ကာကြယ္နိုင္မွာပါ။
8. မ်က္ႏွာေပါင္းတင္ေပးပါ။
Spa သြားၿပီးေပါင္းတင္မွ ေပါင္းတင္တာ မဟုတ္ပါဘူး။ မီးဖိုုေခ်ာင္ထဲမွာ အလြယ္တကူရွိေနတဲ့ ငွက္ေပ်ာသီးတို႔၊ နႏြင္းတို႔၊ ၾကက္ဥတို႔နဲ႔လည္း ေပါင္းတင္နိုင္ပါတယ္။
9. Skin care ေန႔တိုင္းလုပ္ပါ။
မ်က္ႏွာကို ဆီေလးလိမ္းၿပီးေတာ့ ညင္သာစြာ ပြတ္တိုက္ေပးတာကလည္း အရမ္းေကာင္းပါတယ္။ ကိုယ့္ရဲ့အသားအေရ အမ်ိဳးအစားအေပၚ မူတည္ၿပီးေတာ့ မုန္ညင္းဆီ၊ အုန္းဆီ၊ အယ္မြန္သီးဆီ စသည္ျဖင့္ ေရြးခ်ယ္အသုံးျပဳလို႔ ရပါတယ္။
10. က်န္းမာေရးနဲ႔အညီ ေနထိုင္ပါ။
တတ္နိုင္သမၽွ စိတ္ဖိစီးမႈနည္းေအာင္ ေနပါ။ စိတ္ဖိစီးမႈေတြ မ်ားလာရင္ ဝက္ၿခံေတြပိုေပါက္လာတာကို သတိထားမိမွာပါ။ စိတ္ဖိစီးမႈျဖစ္တဲ့အခါမွာ ခႏၶာကိုယ္က cortisol နဲ႔ တျခားေဟာ္မုန္းေတြ ထြက္တဲ့အတြက္ အဆီပိုျပန္ေစပါတယ္။ ဒီေတာ့ စိတ္ဖိစီးမႈ ေျပေလ်ာ့ေစဖို႔အတြက္ အသက္ရႉေလ့က်င့္ခန္း၊ ေယာဂ၊ တရားထိုင္တာ စသည္ျဖင့္ တစ္ခုခုလုပ္ပါ။
တစ္ေန႔ကို ၅ မိနစ္ေလာက္ အခ်ိန္ေပးၿပီးေတာ့ မ်က္ႏွာေလ့က်င့္ခန္း လုပ္ေပးပါ။ ေမးေစ့မွာအေၾကာင္းေတြ ေပၚလာတဲ့အထိ ေအာက္ႏႈတ္ခမ္းကို ေထာ္လိုက္ပါ။ ၿပီးေတာ့ ေမးေစ့ကို ရင္ဘတ္ဆီကို ငုံ႔ခ်ပါ။ ေနာက္ေလ့က်င့္ခန္းတစ္မ်ိဳးကေတာ့ အေပၚမ်က္ႏွာၾကက္ကို ေမာ့ၾကည့္ၿပီးေတာ့ ႏႈတ္ခမ္းကို စူထားတာပါ။ ဒါေတြက မ်က္ႏွာႂကြက္သားေတြကို တင္းေစၿပီးေတာ့ အေရျပားကို တင္းတင္းရင္းရင္းေလး ျဖစ္ေစပါတယ္။
11. ျပဳံးပါ။
ေပ်ာ္ေပ်ာ္ေနပါ။ ျပဳံးပါ။ ျပဳံးတဲ့အခါမွာ မ်က္ႏွာမွာရွိတဲ့ ႂကြက္သားေတြရဲ့ tone ကို ထိန္းထားေပးပါတယ္။ ျပဳံးတဲ့သူေတြက အသက္ ၁၀ ႏွစ္ေလာက္ ပိုငယ္တယ္လို႔ေတာင္ ထင္ရပါတယ္။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















