/
news/အလှအပနှင့်ကျန်းမာရေး/တစ်နေရာထဲ-ဝိတ်ချဖို့-ဖြစ်နိုင်ပါ့မလား

တစ်နေရာထဲ ဝိတ်ချဖို့ ဖြစ်နိုင်ပါ့မလား

Category
အလှအပနှင့်ကျန်းမာရေး

          ခါးသေးချင်သလား? ပေါင်သွယ်ချင်သလား? တင်ပါးလှချင်သလား? လက်မောင်းတွေ ကျစ်ချင်သလား?။

          တကယ်တော့ တစ်နေရာလေးတင် ကွက်ကွက်လေး အဆီကျဖို့ဆိုတာ နည်းနည်းတော့ ခက်ခဲပါတယ်။ ဖြစ်နိုင်လားဆိုတော့ မဖြစ်နိုင်ဖူးလို့လည်း ယတိပြတ်မဆိုနိုင်ပါဘူး။

          အဆီစုတတ်တဲ့နေရာတွေဟာ မိန်းမ၊ ယောက်ျား အသက်အရွယ်နဲ့ မျိုးရိုးဗီဇ နေထိုင်စားသောက်မှုပေါ်မှာ အများကြီး မှီခိုနေပါတယ်။ အမျိုးသမီးတွေမှာ တင်ပါးနဲ့ ပေါင်တွေမှာ အဆီပိုစုပါတယ်။ ဟော်မုန်းအပြောင်းအလဲဟာ အသက်ရတာနဲ့အမျှ ဗိုက်ပူခါးတုတ်လာစေပါတယ်။

          ခန္ဓာကိုယ်က အဆီစုနေတဲ့နေရာတွေကနေ အဆီကျေပျက်သွားတဲ့အခါ သွေးထဲကို ရောက်ရှိသွားပြီး အသေးလေးတွေအနေနဲ့ မျောပါဇီဝရုပ်အနေနဲ့ ချေဖျက်ခံရပါတယ်။

          ပြဿနာက လေ့ကျင်ခန်းလုပ်တဲ့ တစ်နေရာတင် ကွက်ကွက်လေးမကျဘဲ တစ်ကိုယ်လုံးက ဘယ်အဆီမဆို ကျေပျက်သွားနိုင်တာ ဖြစ်ပါတယ်။

          ဝမ်းဗိုက်ကို အဆီကျ ဗိုက်ချပ်ချင်လွန်းလို့ ဗိုက်ချပ်လေ့ကျင့်ခန်းတွေ တပင်တပန်း လုပ်ပေမယ့် ကျချင်မှကျသွားပါတယ်။

          လက်မောင်းသွယ်ချင်ပေမယ့် တကယ်ကျတော့ တစ်ကိုယ်လုံးပါ ကိုယ်ရေစစ်သွားတာပါ။

          တစ်မျိုးတည်းတင် ကွက်လုပ်လို့ သိသိသာသာ အကျိုးသက်ရောက်မှုမရှိဘဲ နှစ်မျိုး၊ သုံးမျိုး ပေါင်းစပ်လေ့ကျင့်ခန်းတွေ လုပ်ရင်းနဲ့မှ သူ့နေရာနဲ့သူ အချိုးပြေ ကြည့်ကောင်းသွားတာပါ၊ ဒီတော့ Gym သွားပြီး အစုံကြိုးစားကြည့်တာ ပြေလည်သလိုပါပဲ။

          အဆီကျချင်တာလား။ အသားတက်ချင်တာလား။ တကယ်ကျစ်သွားဖို့က ကြွက်သား လေ့ကျင့်ခန်းတွေအစုံကို သေချာလုပ်ဖို့ လိုပါတယ်။

●        Cardio လေ့ကျင့်ခန်းတွေ အပြေးနဲ့ စက်ဘီးစီးတာတွေက ဗိုက်ချပ်စေဖို့ အထောက်အကူပေးပါတယ်။

●        နားလိုက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်လိုက် လုပ်လိုက်ခြင်းက အဆီပိုလောင်ကျွမ်းစေပါတယ်။

●        ပေါင်းစပ်လေ့ကျင့်ခန်းတွေ လုပ်ခြင်းဖြင့် တစ်မျိုးတည်း လုပ်တာထက် ပိုဝိတ်ကျပါတယ်။

●        လမ်းလျှောက်တာဆိုရင် သိပ်မပင်ပန်းပဲ တစ်ကိုယ်လုံးပါဝင်တဲ့ လေ့ကျင့်ခန်းအပျော့စားမို့ အေးဆေးဝိတ်ကျကို ကျပါတယ်။

 

          အစားအသောက်ကလည်း အရေးပါတဲ့အချက်ပါပဲ။

●        ကယ်လိုရီ လျှော့ချစားသောက်ပါ။

●        အသီးအနှံနဲ့ အမျှင်ဓာတ် များများစားပါ။

●        အချိုဓာတ် တတ်နိုင်သလောက် ရှောင်ပါ။

●        အသားဓာတ်များများ ပါဝင်စားသုံးပါ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)