ဒိန်ချဉ်ရဲ့အသုံး၀င်ပုံ
ဒိန်ချဉ်ဟာကျန်းမာရေးအတွက် အကျိုးပြုတယ်ဆိုတာကို အားလုံးသိထားပြီးဖြစ်မှာပါ။ ဒါပေမဲ့ အလှအပရေးရာ အတွက်ရော ဘယ်လောက်အထောက်အကူပြုလဲဆိုတာသင်သိပါရဲ့လား။ ဒါကြောင့် အလှအပကြိုက်တဲ့ ပျိုမေလေးတွေအတွက် ဒိန်ချဉ်ရဲ့အသုံး၀င်ပုံလေးတွေကို ေ၀ငှ လိုက်ပါရစေ။
1. Hair mask အဖြစ် အသုံးပြုနိုင်
ခေါင်းလျှော်ပြီးလို့ conditioner အသုံးပြုမယ့်နေရာမှာ ဒိန်ချဉ်ကိုအသုံးပြုပါကဆံသားကို ပိုးသားလေးလို နူးညံ့လှပစေပြီး ဦးရေပြားရောင်ရမ်းခြင်းမှ သက်သာစေနိုင်ကာ ဆံပင်ကျွတ်ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့အပြင် ဆံသားအရောင်ကိုလည်း တောက်ပစေပါတယ်။
2. သဘာ၀နည်းနဲ့ scrub လုပ်နိုင်
ဒိန်ချဉ်ကိုအုတ်ဂျုံမှုန့်ဒါမှမဟုတ် ရှောက် (သို့) သံပရာသီးအခွံနဲ့ရောပြီး ခန္ဓာကိုယ်တစ်ကိုယ်လုံး scrub လုပ်ပေးပြီး နှိပ်နယ်ပေးပါက အသားရေကိုစိုပြည်ချောမွေ့စေနိုင်ပါတယ်။ ဒါ့အပြင် မုတ်ဆိတ်ရိတ်ပြီးတဲ့အခါမှာလည်း ဒီလို scrub လုပ်ပေးပါက အရေပြားကို ချောမွတ်စေပြီး အစိုဓာတ်ထိန်းပေးထားနိုင်ပါတယ်။
3. သွားတွေကိုဖြူစေနိုင်
နေ့စဉ်ဒိန်ချဉ်နဲ့သွားတိုက်ပေးပါက နှစ်ပတ်အတွင်းမှာ သွားလေးကိုဖြူဖွေးတောက်ပလာစေမှာပါ။ ဒါဟာ ဒိန်ချဉ်မှာပါတဲ့ Phosphorous နဲ့ Calcium ဓာတ်တွေကြောင့် ဖြစ်ပါတယ်။
4. နေလောင်ဒဏ်ကိုသက်သာစေနိုင်
နေလောင်ခံထားရတဲ့အရေပြားပေါ်မှာ ဒိန်ချဉ်ထူထူလေးလိမ်းပြီးမိနစ် ၂၀ လောက် အကြာမှာ ရေအေးနဲ့ ဆေးပေးပါက နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အရေပြားယားယံခြင်း၊ နေလောင်ကွက်များဖြစ်ပေါ်ခြင်းမှ ကင်းေ၀းစေနိုင်ပါတယ်။
5. ကလေးငယ်များ ပန်းချီဆွဲရာမှာ အသုံးပြုနိုင်
ဒိန်ချဉ်ကိုအသုံးပြုပြီး ကလေးငယ်တွေ လက်ချောင်းပန်းချီဆွဲဖို့အတွက် စီစဉ်ပေးနိုင်ပါသေးတယ်။ ဒိန်ချဉ်ထဲကို အစားအသောက်သုံး အရောင်တင်ဆီ 1-2 စက်ထည့်လိုက်ပါ။ အရောင်တင်ဆီ 5 မျိုးနဲ့ ဒိန်ချဉ်နဲနဲစီကို ခွက်လေးတွေထဲမှာ ခွဲထည့်ပေးလိုက်ရင် ကလေးတွေလည်း အရောင်စုံနဲ့ စိတ်ကြိုက်ဆော့နိုင်ပြီး မတော်တဆ ပါးစပ်ထဲ၀င်သွားရင်လည်း မိဘတွေအနေနဲ့ စိတ်ပူပန်စရာ မလိုတော့ပါဘူး။
6. မျက်နှာပေါင်းတင်နိုင်
ဒိန်ချဉ်နဲ့မျက်နှာပေါင်းတင်ပါက အသားရေကိုကြည်လင်၀င်းပစေပြီး၊ မျက်ကွင်းညိုတာ၊ အရေးအကြောင်းတွေဖြစ်ပေါ်ခြင်းမှ လျှော့ချပေးနိုင်ပါတယ်။ ဒိန်ချဉ်၊ အုတ်ဂျုံမှုန့်နဲ့ ပျားရည်တို့ကိုရောပြီး မျက်နှာပေါ်မှာ လိမ်းကာညင်သာစွာနှိပ်ပေးပါ။ ၁၀ မိနစ်လောက်ကြာရင်တော့ ရေနဲ့ ဆေးလိုက်လို့ရပါပြီ။
CMS
















