/
news/အလှအပနှင့်ကျန်းမာရေး/ကိုယ်အလေးချိန်-လျှော့ချနေသူများအတွက်-ကယ်လိုရီနည်းသော-အစားအသောက်များ

ကိုယ်အလေးချိန် လျှော့ချနေသူများအတွက် ကယ်လိုရီနည်းသော အစားအသောက်များ

Category
အလှအပနှင့်ကျန်းမာရေး

        ကိုယ်အလေးချိန် လျော့ချသူတွေအနေနဲ့ ကယ်လိုရီတွေလောင်ကျွမ်းစေဖို့အတွက် လေ့ကျင့်ခန်း လုပ်ရုံသာမက ညီညွတ်မျှတတဲ့ အစားအစာတွေကိုသာ ရွေးချယ်စားသောက်ရမှာပါ။ ဒါကြောင့် ကယ်လိုရီမများတဲ့အစားအစာတွေနဲ့ မိတ်ဆက်ပေးလိုက်ချင်ပါတယ်။

 

1.    သခွားသီး

          သခွားသီးမှာ ရေဓာတ်ပါ၀င်မှုများပြီး 100 ဂရမ်မှာ ကယ်လိုရီ 16 ရာခိုင်နှုန်းပါ၀င်ပါတယ်။ ဗီတာမင်စီ ကြွယ်၀စွာပါ၀င်တာကြောင့် ခန္ဓာကိုယ်ရောင်ရမ်းမှုဖြစ်စဉ်တွေကို လျှော့ချပေးပါတယ်။ (100 ဂရမ်ဟာ 6 ကျပ်သားနဲ့ ညီမျှပါတယ်။)

 

2.    ကညွတ်

        ကညွတ် 100 ဂရမ်မှာ ကယ်လိုရီ 20 ပါ၀င်ပြီး ကညွတ်စားခြင်းဖြင့် ဇီ၀တွင်းဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်ကာ ဆီးသွားများစေတာကြောင့် ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။ ကညွတ်မှာ ဖောလိတ်ဓာတ် ပါ၀င်တာကြောင့် ကိုယ်၀န်ဆောင်မိခင်တွေအတွက် အကောင်းဆုံးအစားအစာဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့် ပါ၀င်တာကြောင့် ရောင်ရမ်းမှုဖြစ်စဉ်တွေကိုလည်း တားဆီးပေးပါတယ်။

 

3.    ပန်းဂေါ်ဖီ

        ပန်းဂေါ်ဖီဟာ အမျှင်ဓာတ်နဲ့ ဗီတာမင် K ရနိုင်တဲ့ အကောင်းဆုံး အရင်းအမြစ်ဖြစ်ပြီး ပန်းဂေါ်ဖီ 100 ဂရမ်မှာ 25 ကယ်လိုရီပါ၀င်ပါတယ်။ ရေစင်စင်ဆေးပြီး အစိမ်းလိုက်စားခြင်း ဒါမှမဟုတ် ရေနွေးဖျောစားပေးပါ။ အမျှင်ဓာတ်ပါ၀င်မှုကြောင့် ကြာကြာဗိုက်ပြည့်စေပါတယ်။

 

4.    တရုတ်နံနံကြီး

        အမျှင်ဓာတ် 25 ရာခိုင်နှုန်းပါ၀င်ပြီး ရေဓာတ်ပါ၀င်မှုမြင့်မားတာကြောင့် ကယ်လိုရီများများ လောင်ကျွမ်းစေနိုင်ပါတယ်။ တရုတ်နံနံကြီး 100 ဂရမ်မှာ 16 ကယ်လိုရီပါ၀င်ပါတယ်။

 

5.    အဆီနည်းအသား

        ၀က်သား၊ ကြက်ဆင်သားနဲ့ ကြက်သားဟာ အသားဓာတ်ရနိုင်တဲ့အကောင်းဆုံးအရင်းအမြစ်ဖြစ်ပြီး ၎င်းတို့ကို ချေဖျက်ဖို့အတွက် အစာခြေစနစ်ဟာ အလုပ်ပိုလုပ်ရပြီး ကယ်လိုရီတွေကိုပိုမိုလောင်ကျွမ်းစေပါတယ်။ ဒါပေမယ့် အဆီမထုတ်ရသေးတဲ့အသားတွေမှာ အသားဓာတ်ထက် အဆီဓာတ်က ပိုနေတာကြောင့် အဆီထုတ်ပြီးသား ၀က်သား၊ ကြက်ဆင်သား၊ ကြက်သားကိုသာ ရွေးချယ်စားသုံးသင့်ပါတယ်။ အဆီနည်း၀က်သား 100 ဂရမ်မှာ 145 ကယ်လိုရီ၊ ကြက်ဆင်သား (ခြေထောက်ပိုင်း) 100 ဂရမ်မှာ 144 ကယ်လိုရီ၊ ကြက်ရင်အုံသား 100 ဂရမ်မှာ 172 ကယ်လိုရီ အသီးသီးပါ၀င်ပါတယ်။

 

6.    ခရမ်းချဉ်သီး

        ခရမ်းချဉ်သီးစားသုံးခြင်းဖြင့် သွေးဖိအား၊ ကိုယ်လက်စထရော မြင့်မားမှုကို လျော့ချပေးနိုင်ပြီး နှလုံးရောဂါ ထခြင်း၊ လေဖြတ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ခရမ်းချဉ်သီး 100 ဂရမ်မှာ 18 ကယ်လိုရီပါ၀င်ပါတယ်။

 

7.    သင်္ဘောသီး

        သင်္ဘောသီး စားခြင်းဖြင့် အဆစ်ရောင်နာဖြစ်ခြင်းမှ ကာကွယ်ပေးပြီး ၀မ်းချုပ်ခြင်းမှ ကင်းဝေးစေကာ သွေးတွင်းကိုလက်စထရောကို ထိန်းပေးနိုင်ပါတယ်။ အမျှင်ဓာတ်၊ အင်တီအောက်ဆီးဒင့်နဲ့ ဗီတာမင် A၊ C၊ E တို့ ကြွယ်၀စွာပါ၀င်ပါတယ်။ သင်္ဘောသီး 100 ဂရမ်မှာ 43 ကယ်လိုရီပါ၀င်ပါတယ်။

 

8.    ငရုတ်သီး

        ငရုတ်သီးဟာ ဇီ၀ဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်စွမ်းရှိတဲ့အပြင် ကယ်လိုရီလောင်ကျွမ်းစေတဲ့ အစားအစာထဲမှာ တစ်မျိုးအပါအ၀င်ဖြစ်ပါတယ်။ ငရုတ်သီး 100 ဂရမ်မှာ ကယ်လိုရီ 40 ပါ၀င်ပါတယ်။

 

9.    ပန်းသီး

        ပန်းသီးအနီရောင်ထက် အစိမ်းရောင်ပန်းသီးမှာ အမျှင်ဓာတ်ပါ၀င်မှု ပိုမြင့်မားပြီး ဆာလောင်မှုကို လျော့ချပေးကာ ကြာကြာဗိုက်ပြည့်တင်းနေစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျော့ချသူတွေအတွက် အလိုအပ်ဆုံး အစားအစာဖြစ်ပါတယ်။ ပန်းသီး 100 ဂရမ်မှာ 52 ကယ်လိုရီပါ၀င်ပါတယ်။

 

10.  ကော်ဖီ

          ကော်ဖီသောက်ခြင်းဖြင့် အဆီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါပေမယ့် သကြား၊ နို့မပါ၀င်တဲ့ ဘလက်ကော်ဖီကိုသာ သောက်သင့်ပါတယ်။ ဒါပေမယ့် အဆီများများလောင်ကျွမ်းအောင် ဘလက်ကော်ဖီများများ မသောက်သင့်ပါဘူး။ ဘလက်ကော်ဖီလွန်ကဲစွာ သောက်သုံးခြင်းဖြင့် နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ ကော်ဖီတစ်ခွက်မှာ 2 ကယ်လိုရီပါ၀င်ပါတယ်။

 

          ဖော်ပြပါ အစားအစာတွေကို စားသုံးခြင်းဖြင့် ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်တဲ့အပြင် ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တွေကိုလည်း မဆုံးရှုံးစေနိုင်ပါဘူး။ သစ်သီး၀လံ၊ ဟင်းသီးဟင်းရွက်တွေမှာ အာဟာရဓာတ်မြင့်မားစွာပါ၀င်ကာ ကယ်လိုရီလျှော့ချပေးနိုင်စွမ်းရှိပြီး အမျှင်ဓာတ်နဲ့ အသားဓာတ်ဟာ ကြာကြာဗိုက်ပြည့်တင်းစေနိုင်တာကြောင့် ကယ်လိုရီလိုအပ်တာထက်ပိုပြီး ရယူခြင်းမှ လျော့ချပေးနိုင်ကာ ခန္ဓာကိုယ်အတွက် ဇီ၀ဖြစ်စဉ်ကို ကောင်းမွန်စေပါတယ်။

 

Mg Hlaing Thwin (www.drmyanmar.com)