/
news/အလှအပနှင့်ကျန်းမာရေး/ယုံကြည်မှုအပြည့်နဲ့-လက်မြှောက်နိုင်ဖို့

ယုံကြည်မှုအပြည့်နဲ့ လက်မြှောက်နိုင်ဖို့

Category
အလှအပနှင့်ကျန်းမာရေး

          ချိုင်းကြား အသားမည်းညစ်နေလို့ လက်မမြှောက်ရဲ၊ လက်ပြတ်အကျလှလှလေးတွေ မဝတ်ရဲ ဖြစ်နေပါသလား?

          ချိုင်းကြား အသားမည်းနေတာဟာ ကျန်းမာရေးနဲ့ မသက်ဆိုင်ပါဘူး။ ဓာတုပစ္စည်းတွေပါတဲ့ ချိုင်းမွေးချွတ်ခရင်မ်တွေ၊ ချိုင်းမွေးရိတ်တာတွေ၊ အရက်ပြန်ပါတဲ့ ချိုင်းတောင့်တွေ၊ ချိုင်းနေရာကို လေအဝင်အထွက် နည်းတာတွေနဲ့ ဆဲလ်အသေတွေ စုဝေးလာတာကြောင့် ချိုင်းကြား မည်းလာတာပဲ ဖြစ်ပါတယ်။

          သေချာဂရုမစိုက်ခဲ့မိလို့ ချိုင်းကြားမည်းနေတာကို ပြန်ဖြူလာအောင် ဂရုတစိုက် အချိန်ယူပြီး ပြုပြင်ပေးလိုကပါ။

          စိတ်ညစ်မနေဘဲ အခုပြောပြသွားမယ့် အိမ်တွင်းနည်းလမ်းလေးတွေကို ကြိုးစားလုပ်သွားမယ် ဆိုရင်တော့ မကြာခင် လက်ပြတ်ဝတ်ရမှာ လက်တွန့်နေမှာ မဟုတ်တော့ပါဘူး။

 

>>    နည်းလမ်း (၁) : သံပရာသီးသုံးပါ။

          အသားဖြူ စေတဲ့နေရာမှာ သံပရာသီးကိုတော့ ဘယ်သူမှ မယှဉ်နိုင်သေးပါဘူး။ ဒီလိုအစဉ်အလာကြီးတဲ့ သံပရာသီးက ဂျိုင်းကြား အသားအရေကိုလည်း ဖြူလာစေနိုင်မှာပါ။

          ဒါ့အပြင် သံပရာသီးမှာ ပိုးသေစေနိုင်တဲ့အစွမ်းနဲ့ အက်ဆစ်ဓာတ်တွေ ပါဝင်တဲ့အတွက် ဆဲလ်သေတွေကို ကွာကျစေနိုင်ပြီး အသားအရေကို ဖြူစင်ဝင်းပစေနိုင်ပါတယ်။

 

>>    လွယ်ကူလျင်မြန်တဲ့နည်းလမ်း : သံရာသီးခြမ်းကို ချိုင်းကြားမှာ ပွတ်ပါ။

          ရေမချိုးခင်မှာ သံပရာစိတ်ကို ချိုင်းကြားမှာ ပွတ်တိုက်ပေးပါ။ သံပရာရည်ကို 5 မိနစ်ခန့်ထားပြီး ရေချိုးချလိုက်ပါ။ သံပရာသီးက အသားခြောက်စေနိုင်တဲ့အတွက် ရေချိုးပြီးရင်တော့ အစိုလိမ်းခရင်မ်လေး လိမ်းပေးသင့်ပါတယ်။

          ဒီနည်းလမ်းကို နေ့စဉ်ရက်ဆက် 15 ရက်ခန့် ပြုလုပ်ကြည့်ပါ။ ထူးခြားလာတာကို တွေ့ရမှာပါ။

 

>>    မှတ်သားစရာ

●        ရှားစောင်းလက်ပတ်တို့ အုန်းဆီတို့လို သဘာဝအစိုထိန်းပစ္စည်းများကို သုံးပါ။

●        ချိုင်းမွေး မရိတ်ပါနဲ့။ ရိတ်ခြင်းဖြင့် အမွေးသန်လာပြီး မည်းလာတတ်ပါတယ်။ အမွေးတွေကို အရင်းကနေ ဖယ်ရှားပေးနိုင်တဲ့ ဖယောင်းကပ်ခွာနည်းလမ်းကို အသုံးပြုခြင်းဖြင့် ဆဲလ်သေတွေကိုပါ ပါသွားစေနိုင်တဲ့အတွက် အသားဖြူပြီး နူးညံ့လာစေနိုင်ပါတယ်။

●        ချိုင်းချွေးထော့င်တွေမှာ အသားညစ်စေတဲ့ ဓာတုပစ္စည်းတွေ ပါဝင်တဲ့အတွက် သဘာဝ မုန့်ဖုတ်ဆိုဒါ၊ အုန်းဆီ ဒါမှမဟုတ် နှင်းဆီရည်တွေကို ကိုယ်တိုင်ပြုလုပ် အသုံးပြုနိုင်ပါတယ်။

●        အမွေး ဖယ်ရှားပေးတဲ့ ခရင်မ်များမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ အသားအရေ နီရဲခြင်း၊ ယားယံခြင်းနဲ့ မည်းညစ်ခြင်းတိုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

●        ရေချိုး မပျင်းပါနဲ့။ ချွေးနဲ့ ဘတ်တီးရီးယားပိုး ရောထွေးလာခြင်းကြောင့် အသား မည်းလာနိုင်ပါတယ်။ ဒါကြောင့် ချိုးရေထဲမှာ သံပရာဆီ နည်းနည်းထည့်ချိုးခြင်းဖြင့် မွှေးကြိုင်လန်းဆန်းစေနိုင်တဲ့အပြင် ချိုင်းကြား မ,မည်းအောင်လည်း ကာကွယ်ပေးပါတယ်။

●        အကျကျပ်ကျပ်ကြီးတွေ တတ်နိုင်ရင် မဝတ်ပါနဲ့။ ချွေးအောင်းစေနိုင်ပြီး ဘတ်တီးရီးယားပိုး ပွားစေကာ နီရဲ ယားယံစေနိုင်ပါတယ်။

●        ကိုယ်အလေးချိန်ကို ထိန်းပါ။ အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါတွေက ချိုင်းမည်းခြင်းရဲ့ တရားခံ ဖြစ်နေနိုင်ပါတယ်။ အင်ဆူလင်ဓာတ် များလာခြင်းက အသားညစ်လာစေနိုင်တာကြောင့် ကိုယ်အလေးချိန်ကို သတိပြုပါ။

 

Dr. Emreald (www.drmyanmar.com)