နေရောင်ကာခရင်မ်ကို လိမ်းသင့်တယ်
Category
အလှအပနှင့်ကျန်းမာရေး
နေရောင်ကာ ခရင်မ်တွေဟာ နေပူထဲထွက်တဲ့အချိန်မှာ ထိတွေ့ရတဲ့ ခရမ်းလွန်ရောင်ခြည်တွေကြောင့် ဖြစ်နိုင်တဲ့ ကင်ဆာနဲ့ အရေးအကြောင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အပြင်မထွက်ခင် 15 မိနစ်လောက် ကြိုပြီးတော့ နေရောင်ကာလိမ်းဆေးကို လိမ်းပေးသင့်ပါတယ်။ နေရောင်ထဲမှာ 2 နာရီထက် ပိုပြီးနေမယ်ဆိုပါက နောက်တစ်ကြိမ် ထပ်လိမ်းပေးသင့်၍ ချေွးထွက်များခြင်း (သို့) ရေကူးခြင်းတို့ ပြုလုပ်မယ်ဆိုပါက အကြိမ်ရေစိပ်စိပ် ထပ်ပြီးလိမ်းသင့်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)















