၀က်ခြံပျောက်ကင်းစေနိုင်တဲ့ သဘာ၀နည်းလမ်း (၇)သွယ်
မိမိမျက်နှာပေါ်မှာ ၀က်ခြံဒါမှမဟုတ်အဖုအပိမ့်တွေထွက်လာတဲ့အခါ ထိတ်လန့်တတ်ကြတာသဘာ၀ပါ။ ဒီလိုပြူထွက်လာတဲ့ ၀က်ခြံကိုလျင်မြန်စွာပျောက်ကင်းစေလိုတဲ့ ဆန္ဒရှိပေမယ့်လည်း ဘယ်လိုအလှကုန် ပစ္စည်းကို ရွေးချယ်အသုံးပြုရမလဲဆိုတာကို ေ၀ခွဲရခက်နေတတ်ပါတယ်။ ဒါကြောင့် မျက်နှာအသားအရေ ကို ဘေးဥပါဒ်မဖြစ်စေနိုင်ဘဲ ၀က်ခြံပျောက်ကင်းစေနိုင်တဲ့ သဘာ၀နည်းလမ်း (၇)သွယ်ကို ရေးသားဖော်ပြပေးလိုက်ပါတယ်။
၁။ ပျားရည်နှင့် သံပုရာသီး
သံပုရာသီးမှာပျားရည်သုတ်လိမ်းပြီး မျက်နှာပြင်အနှံ့လိမ်းကျံပေးပါက ၀က်ခြံဖုတွေကို ရှုံ့စေနိုင်ပြီး အရေ ပြားအစိုဓာတ်ကိုလည်းထိန်းပေးနိုင်ပါတယ်။
၂။ ရေနွေးငွေ့
အ၀တ်သန့်သန့်တစ်ခုကို ရေကြက်သီးနွေးထည့်ထားတဲ့ ဇလုံထဲနှစ်ပြီး ရေစင်အောင်ညှစ်ပါ။ ပြီးရင် ၀က်ခြံ ပေါက်နေတဲ့နေရာတွေကို ကပ်ကပ်ပေးပါ။ ဒါမှမဟုတ်ရင် ရေနွေးထည့်ထားတဲ့ ဇလုံအပေါ်ကနေ ၆ လက်မ လောက်ခွာပြီး မျက်နှာကို ရေနွေးငွေ့နဲ့ တိုက်ရိုက်ထိတွေ့စေကလည်း ၀က်ခြံတွေကို သက်သာစေပါတယ်။
၃။ ရေခဲ
ရေခဲကပ်ပေးခြင်းဖြင့် ချေွးပေါက်တွေကိုကျဉ်းစေပြီး ဘက်တီးရီးယားပိုးကပ်တွယ်ခြင်းမှ ကာကွယ် တားဆီးပေးနိုင်ပါတယ်။ဒါ့အပြင်အရေပြားနီမြန်းခြင်း၊အရေပြားရောင်ရမ်းဖုထခြင်းတို့ကိုလည်း လျော့ချပေးနိုင်ပါတယ်။
၄။ Clay Masks (ရံွ့ှစေးသုံးမျက်နှာပေါင်းတင်ကပ်ခွာ)
Clay masks ဟာ ၀က်ခြံတွေကို တိုက်ထုတ်ပေးနိုင်တဲ့အပြင် အရေပြားရှိ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီးအသားအရေကို ကြည်လင်စေပါတယ်။
၅။ ခရမ်းချဉ်သီး
သဘာ၀အားဖြင့် အက်ဆစ်ဓာတ်ပါ၀င်တဲ့ ခရမ်းချဉ်သီးကို မျက်နှာအနှံ့လိမ်းကျံပေးခြင်းဖြင့် ၀က်ခြံဖုတွေ ကိုရှုံ့သွားစေနိုင်ပါတယ်။ ဒါ့အပြင်ခရမ်းချဉ်သီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကိုဖယ်ရှားပေးနိုင်တဲ့ Anti-oxidants (အင်တီအောက်ဆီးဒင့်) တွေ ကြွယ်၀စွာပါ၀င်ပါတယ်။
၆။ ဒိန်ချဉ် နှင့် သခွားသီး
သခွားသီးမှာ ဗီတာမင် C ပါ၀င်တာကြောင့် အရေပြား ယားယံခြင်းနဲ့ ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ ဒါ့အပြင် ရေဓာတ် 95% ပါ၀င်တာကြောင့် အသားအရေကို ကြည်လင်၀င်းပစေပါတယ်။ ဒိန်ချဉ်နဲ့ သခွားသီးကိုရောကာ အနှစ်ပြုလုပ်ပြီးပေါင်းတင်ပေးခြင်းဖြင့် မျက်နှာပေါ်ရှိမှိုပိုးနဲ့ ဘက်တီးရီးယားပိုးတွေ ကိုသေစေနိုင်ပြီး ၀က်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေ၊ တင်းတိပ်တွေကိုပါ ပျောက်ကင်းစေနိုင်ပါတယ်။
၇။ ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာ
အသားအရေခြောက်သွေ့တာ၊ အဖုအပိန့်များထွက်ပေါ်လာတာဟာ သင်စားသုံးတဲ့အစားအစာတွေ အပေါ်မှာ လည်းများစွာမူတည်နေပါတယ်။ အဆီများလွန်းတဲ့အစားအစာ၊ အစပ်များလွန်းတဲ့ အစားအစာတွေနဲ့ ငပိရည်တို့ဟာ ၀က်ခြံထွက်ခြင်းကို အားပေးပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ သစ်သီး၀လံ၊ ဟင်းသီးဟင်းရွက်များပါ၀င်အောင် စားသုံးပေးသင့်ပါတယ်။
CMS