နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်သော အစားအစာများ
နေလောင်ဒဏ်ကို ကာကွယ်ဖို့အတွက် အောက်ပါအစားအစာတွေကို နေ့စဉ်စားသောက်နေတဲ့ အစားအစာထဲမှာ ထည့်သွင်းဖို့ အကြံပြုပါရစေ။
1. ခရမ်းချဉ်သီး
နီနီရဲရဲ ခရမ်းချဉ်သီးမှာ အရေပြားနေလောင်ခံရခြင်းကို ကာကွယ်ပေးနိုင်တဲ့ လိုင်ကိုပင်း (Lycopene) ဓာတ်တွေ ပါဝင်ပါတယ်။ အရောင်ရင့်လေလေ နေရောင်ခြည်ကို ပိုမိုကာကွယ်ပေးနိုင်လေပါဘဲ။ နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေထဲမှာ ခရမ်းချဉ်းသီးအနှစ်ကို ထည့်သွင်းစားသောက်ခြင်းက နေလောင်ခံရခြင်းကြောင့် အရေပြား ပျက်ဆီးခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ အရေပြားပညာရှင်တွေက ဆိုပါတယ်။ ချက်ပြုတ်ခြင်းက လိုင်ကိုပင်းဓာတ်ကို ပိုမိုထွက်ရှိစေတာကြောင့် ခရမ်းချဉ်သီး အစိမ်းထက် ချက်ပြုတ်ထားတဲ့ ခရမ်းချဉ်သီးက အာနိသင်ပိုရှိပါတယ်။
2. ဖရုံစေ့
ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်ပြီး သဘာဝအင့်တီအောက်ဆီးဒင့် အာနိသင်ရှိတဲ့ သွပ်ဓာတ်ကို ဖရုံစေ့မှတစ်ဆင့် ပေါပေါများများ ရရှိနိုင်ပါတယ်။ ဖရုံစေ့က နေလောင်ခံရခြင်းကို ပြန်လည်ပြုပြင်ပေးနိုင်ရုံသာမက အနာကျက်မြန်စေခြင်း၊ ခုခံအားစနစ်ကို ကောင်းမွန်စေခြင်း၊ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားများ ပေါက်ဖွားနှုန်းကို လျော့ကျစေခြင်း စတဲ့ အာနိသင်တွေလည်း ရှိပါတယ်။
3. လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea)
ကင်ဆာဆဲလ်တွေကို တွန်းလှန်နိုင်တဲ့ Catechins ပါဝင်တဲ့ လက်ဖက်စိမ်း လက်ဖက်ရည်ဟာလည်း UV ဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ အစားအစာတွေထဲမှာ တစ်မျိုးအပါအဝင် ဖြစ်ပါတယ်။
Bio-Oil 1

4. သံလွင်ဆီ
အဆီများတဲ့ ထောပတ်၊ ပြုပြင်ထားတဲ့ မာဂျရင်းထက်ပိုပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ သံလွင်ဆီမှာ အိုမီဂါ - 3 ဖက်တီးအက်ဆစ်ကြွယ်ဝပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနှင့် ရောင်ရမ်းမှုကိုလျော့ကျစေတဲ့ အာနိသင်တွေ ရှိပါတယ်။ အရေပြားကင်ဆာဖြစ်ပွားနှုန်းကို လျော့ကျစေရုံသာမက အရွယ်တင်နုပျိုစေတယ်လို့ New York University အရေပြားဌာနမှ Dr. Doris Day က ဆိုပါတယ်။
5. နနွင်း
အူမကြီးကင်ဆာနှင့် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနှုန်းဟာ အိန္ဒိယလူမျိုးတွေမှာ အဖြစ်နည်းတာဟာ ဘာကြောင့်လဲဆိုတာ သိပါသလား။ ဓာတ်တိုးဆန့်ကျင်ဓာတ်သတ္တိရှိတဲ့ ဆနွင်းကို တွင်တွင်ကျယ်ကျယ် စားသုံးတာကြောင့် ဖြစ်ပါတယ်။
6. ပန်းဂေါ်ဖီစိမ်း
ဟင်းသီးဟင်းရွက် ကြိုက်တဲ့သူတွေအတွက် အားသာချက်ပါဘဲ။ သုတေသီများရဲ့အဆိုအရ ပန်းဂေါ်ဖီစိမ်း၊ ပဲပင်ပေါက်၊ ကိုက်လန် စတဲ့ ဟင်းသီးဟင်းရွက်ဟာ ကင်ဆာရောဂါကို ဆန့်ကျင်နိုင်ပြီး မကောင်းတဲ့ဆဲလ်တွေ ပွားများခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။
7. ဆယ်လ်မွန်ငါး
ဆယ်လ်မွန်ငါးမှာ ငယ်ရွယ်နုပျိုခြင်းအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနှင့် ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့ ဂုဏ်သတ္တိကို ပေးစွမ်းနိုင်သလို အိုမီဂါ - 3 ပါဝင်တာကြောင့် ဦးနှောက်နှင့် အရေပြားကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)
Bio-Oil 2

(Zawgyi)
ေနေလာင္ဒဏ္ကို ကာကြယ္ဖို႔အတြက္ ေအာက္ပါအစားအစာေတြကို ေန႔စဥ္စားေသာက္ေနတဲ့ အစားအစာထဲမွာ ထည့္သြင္းဖို႔ အႀကံျပဳပါရေစ။
1. ခရမ္းခ်ဥ္သီး
နီနီရဲရဲ ခရမ္းခ်ဥ္သီးမွာ အေရျပားေနေလာင္ခံရျခင္းကို ကာကြယ္ေပးႏိုင္တဲ့ လိုင္ကိုပင္း (Lycopene) ဓာတ္ေတြ ပါဝင္ပါတယ္။ အေရာင္ရင့္ေလေလ ေနေရာင္ျခည္ကို ပိုမိုကာကြယ္ေပးႏိုင္ေလပါဘဲ။ ေန႔စဥ္စားေသာက္ေနတဲ့ အစားအေသာက္ေတြထဲမွာ ခရမ္းခ်ဥ္းသီးအႏွစ္ကို ထည့္သြင္းစားေသာက္ျခင္းက ေနေလာင္ခံရျခင္းေၾကာင့္ အေရျပား ပ်က္ဆီးျခင္းကို ကာကြယ္ေပးႏိုင္တယ္လို႔ အေရျပားပညာရွင္ေတြက ဆိုပါတယ္။ ခ်က္ျပဳတ္ျခင္းက လိုင္ကိုပင္းဓာတ္ကို ပိုမိုထြက္ရွိေစတာေၾကာင့္ ခရမ္းခ်ဥ္သီး အစိမ္းထက္ ခ်က္ျပဳတ္ထားတဲ့ ခရမ္းခ်ဥ္သီးက အာနိသင္ပိုရွိပါတယ္။
2. ဖ႐ုံေစ့
ခရမ္းလြန္ေရာင္ျခည္ကို ကာကြယ္ေပးႏိုင္ၿပီး သဘာဝအင့္တီေအာက္ဆီးဒင့္ အာနိသင္ရွိတဲ့ သြပ္ဓာတ္ကို ဖ႐ုံေစ့မွတစ္ဆင့္ ေပါေပါမ်ားမ်ား ရရွိႏိုင္ပါတယ္။ ဖ႐ုံေစ့က ေနေလာင္ခံရျခင္းကို ျပန္လည္ျပဳျပင္ေပးႏိုင္႐ုံသာမက အနာက်က္ျမန္ေစျခင္း၊ ခုခံအားစနစ္ကို ေကာင္းမြန္ေစျခင္း၊ ဝက္ၿခံျဖစ္ေစတဲ့ ဘက္တီးရီးယားမ်ား ေပါက္ဖြားႏႈန္းကို ေလ်ာ့က်ေစျခင္း စတဲ့ အာနိသင္ေတြလည္း ရွိပါတယ္။
3. လက္ဖက္စိမ္းလက္ဖက္ရည္ (Green Tea)
ကင္ဆာဆဲလ္ေတြကို တြန္းလွန္ႏိုင္တဲ့ Catechins ပါဝင္တဲ့ လက္ဖက္စိမ္း လက္ဖက္ရည္ဟာလည္း UV ဒဏ္ကို ကာကြယ္ေပးႏိုင္တဲ့ အစားအစာေတြထဲမွာ တစ္မ်ိဳးအပါအဝင္ ျဖစ္ပါတယ္။
4. သံလြင္ဆီ
အဆီမ်ားတဲ့ ေထာပတ္၊ ျပဳျပင္ထားတဲ့ မာဂ်ရင္းထက္ပိုၿပီး က်န္းမာေရးနဲ႔ညီၫြတ္တဲ့ သံလြင္ဆီမွာ အိုမီဂါ - 3 ဖက္တီးအက္ဆစ္ႂကြယ္ဝၿပီး ဓာတ္တိုးဆန႔္က်င္ဂုဏ္သတၱိႏွင့္ ေရာင္ရမ္းမႈကိုေလ်ာ့က်ေစတဲ့ အာနိသင္ေတြ ရွိပါတယ္။ အေရျပားကင္ဆာျဖစ္ပြားႏႈန္းကို ေလ်ာ့က်ေစ႐ုံသာမက အ႐ြယ္တင္ႏုပ်ိဳေစတယ္လို႔ New York University အေရျပားဌာနမွ Dr. Doris Day က ဆိုပါတယ္။
5. နႏြင္း
အူမႀကီးကင္ဆာႏွင့္ အယ္လ္ဇိုင္းမားေရာဂါ ျဖစ္ပြားႏႈန္းဟာ အိႏၵိယလူမ်ိဳးေတြမွာ အျဖစ္နည္းတာဟာ ဘာေၾကာင့္လဲဆိုတာ သိပါသလား။ ဓာတ္တိုးဆန႔္က်င္ဓာတ္သတၱိရွိတဲ့ ဆႏြင္းကို တြင္တြင္က်ယ္က်ယ္ စားသုံးတာေၾကာင့္ ျဖစ္ပါတယ္။
6. ပန္းေဂၚဖီစိမ္း
ဟင္းသီးဟင္း႐ြက္ ႀကိဳက္တဲ့သူေတြအတြက္ အားသာခ်က္ပါဘဲ။ သုေတသီမ်ားရဲ႕အဆိုအရ ပန္းေဂၚဖီစိမ္း၊ ပဲပင္ေပါက္၊ ကိုက္လန္ စတဲ့ ဟင္းသီးဟင္း႐ြက္ဟာ ကင္ဆာေရာဂါကို ဆန႔္က်င္ႏိုင္ၿပီး မေကာင္းတဲ့ဆဲလ္ေတြ ပြားမ်ားျခင္းကို ကာကြယ္ေပးႏိုင္တယ္လို႔ သိရပါတယ္။
7. ဆယ္လ္မြန္ငါး
ဆယ္လ္မြန္ငါးမွာ ငယ္႐ြယ္ႏုပ်ိဳျခင္းအတြက္ အေျခခံအုတ္ျမစ္ျဖစ္တဲ့ ဓာတ္တိုးဆန႔္က်င္ဂုဏ္သတၱိႏွင့္ ေရာင္ရမ္းမႈကို ေလွ်ာ့ခ်ေပးႏိုင္တဲ့ ဂုဏ္သတၱိကို ေပးစြမ္းႏိုင္သလို အိုမီဂါ - 3 ပါဝင္တာေၾကာင့္ ဦးေႏွာက္ႏွင့္ အေရျပားက်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။
Dr. Htet Htet Aung (www.drmyanmar.com)















