/
news/အလှအပနှင့်ကျန်းမာရေး/ဗီတာမင်စီနဲ့-အလှအပ

ဗီတာမင်စီနဲ့ အလှအပ

Category
အလှအပနှင့်ကျန်းမာရေး

        ဗီတာမင်စီလို့ ကြားလိုက်တာနဲ့ ကိုယ်ခံစွမ်းအားကို တိုးတက်စေပြီး အအေးမိတုပ်ကွေးကို ကာကွယ်ပေးတာကိုသာ ပြေးမြင်လေ့ရှိကြပါတယ်။ တကယ်တော့ ဗီတာမင်စီမှာ ကျန်းမာရေးကောင်းကျိုး အများအပြား ရှိနေပါတယ်။
        မိန်းကလေးအများစုဟာ အရွယ်တင်နုပျိုစေဖို့ အလှအပပစ္စည်းတွေ အများအပြား ဝယ်ယူသုံးစွဲတတ်ကြပါတယ်။ ဒါပေမဲ့ ဈေးလည်းမကြီး၊ ဝယ်ယူသုံးစွဲရလည်း လွယ်ကူတဲ့ ဗီတာမင်စီဆေးပြားလေးတွေဟာ အကောင်းဆုံးထဲကတစ်ခုုပဲ ဖြစ်ပါတယ်။ တစ်ချက်ရှိတာက ဗီတာမင်စီဟာ ရေထဲ ပျော်ဝင်နိုင်တဲ့ ဗီတာမင်တစ်မျိုးဖြစ်တာကြောင့် ကိုယ်ခန္ဓာက မသိမ်းဆည်းပေးထားနိုင်ပါဘူး။ ဒါကြောင့် နေ့တိုင်းသောက်ပေးဖို့တော့ လိုပါလိမ့်မယ်။

>>    ဗီတာမင်စီကို နေ့စဉ်သောက်ပေးခြင်းဖြင့် -
၁။      လက်သည်းတွေ ပိုရှည်စေနိုင်ပါတယ်။
         ဗီတာမင်စီဟာ ကိုယ်ခန္ဓာမှာ ကော်လဂျင်ဓာတ်ကို ပိုထုတ်လုပ်ပေးနိုင်တာကြောင့် လက်သည်းတွေကို သန်မာစေကာ ရှည်စေပါတယ်။

၂။    အရွယ်ကျခြင်းကို ကာကွယ်ပေးပါတယ်။
       ဗီတာမင်စီဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တာကြောင့် အရေတွန့်ခြင်းနဲ့ အသားခြောက်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

၃။    အားအင်ပြည့်ဝ လန်းဆန်းစေပါတယ်။
      သံဓာတ်ချို့တဲ့တဲ့အခါ လူက နုံးခွေအားပျော့နေတတ်ပါတယ်။ ဗီတာမင်စီဟာ စားသမျှ အစားအစာတွေမှာပါတဲ့ သံဓာတ်တွေကို စုပ်ယူမှု ကောင်းစေနိုင်တာကြောင့် အားအင်ပြည့်ဝစေပါလိမ့်မယ်။

၄။    နေရောင်ဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။
       ခရမ်းလွန်ရောင်ခြည်ကို အနည်းငယ် ကာကွယ်နိုင်သလို ခရမ်းလွန်ရောင်ခြည်ကြောင့် ပျက်စီးသွားတဲ့ အသားအရေကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်စွမ်းရှိပါတယ်။

Vicee 1

၅။    ဆံကေသာကို နက်မှောင်သန်စွမ်းစေနိုင်ပါတယ်။
       ဆံပင်နှစ်ခွဖြစ်ခြင်း၊ ခြောက်သွေ့ကြမ်းတမ်းခြင်းတို့ကို ကာကွယ်ပေးပြီး ဆံပင်အရင်းကနေ အားဖြည့်ကာ အရှည်မြန်စေနိုင်ပါတယ်။ တကယ်တမ်းတော့ ဗီတာမင်စီ ချို့တဲ့ခြင်းဟာ ဆံပင်ပြဿနာတွေရဲ့ အကြောင်းရင်း တစ်ချက်အနေနဲ့ ပါနေပါတယ်။

၆။    အသားအရေကို ပြည့်တင်းစေနိုင်ပါတယ်။
       ဗီတာမင်စီဟာ ကော်လဂျင်ဓာတ် အဓိကထုတ်ပေးတာကြောင့် အသားအရေကို တင်းရင်းစေပါတယ်။ ကော်လဂျင်ဓာတ် လျော့နည်းနေတဲ့ အသားအရေဟာ လျော့တွဲမှုန်မှိုင်းနေတတ်ပါတယ်။ ဒါကြောင့် ဗီတာမင်စီပြည့်ဝစွာ စားသုံးခြင်းက ကျန်းမာတောက်ပြောင်တဲ့ အသားအရေရရှိစေဖို့ အရေးပါပါတယ်။

၇။    မျက်နှာပြင်က အပြစ်အနာအဆာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။
       ဗီတာမင်စီဟာ ကိုယ်ခန္ဓာရဲ့ ပြန်လည်ပြုပြင်ပေးတဲ့ နေရာမှာပါဝင်တာကြောင့် ပြတ်ရာ၊ ရှရာတွေ၊ ဝက်ခြံအမာရွတ်တွေကို ကောင်းကောင်းကျက်စေပြီး အသားအရေကို ရှင်းလင်းစေနိုင်ပါတယ်။

၈။    ပိုးသားလိုအသားအရေ ရရှိစေနိုင်ပါတယ်။
       မျက်နှာပေါ်က အဖု၊ အကြိတ်၊ မာမာကြမ်းကြမ်းတွေကို ဖယ်ရှားပေးပြီး နူးညံ့ချောမွေ့စေပါတယ်။ ဗီတာမင်စီ လိမ်းဆေးတွေဟာ အရေပြားကို ကာကွယ်ပေးပြီး အရေပြားဆဲလ်အသစ်တွေကို ထုတ်လုပ်ပေးနိုင်တဲ့ elastin ဖြစ်ပေါ်မှုကို အားပေးပါတယ်။ ဒီအလွှာက အစိုဓာတ်ကို ထိန်းညှိပေးပြီး အရေပြား သွေးလှည့်ပတ်မှုကို ကောင်းစေကာ တင်းတင်းပြောင်ပြောင်လေး ဖြစ်စေနိုင်ပါတယ်။

www.drmyanmar.com

Vicee 2

(Zawgyi)

       ဗီတာမင္စီလို႔ ၾကားလိုက္တာနဲ႔ ကိုယ္ခံစြမ္းအားကို တိုးတက္ေစၿပီး အေအးမိတုပ္ေကြးကို ကာကြယ္ေပးတာကိုသာ ေျပးျမင္ေလ့ရွိၾကပါတယ္။ တကယ္ေတာ့ ဗီတာမင္စီမွာ က်န္းမာေရးေကာင္းက်ိဳး အမ်ားအျပား ရွိေနပါတယ္။
       မိန္းကေလးအမ်ားစုဟာ အရြယ္တင္ႏုပ်ိဳေစဖို႔ အလွအပပစၥည္းေတြ အမ်ားအျပား ဝယ္ယူသုံးစြဲတတ္ၾကပါတယ္။ ဒါေပမဲ့ ေဈးလည္းမႀကီး၊ ဝယ္ယူသုံးစြဲရလည္း လြယ္ကူတဲ့ ဗီတာမင္စီေဆးျပားေလးေတြဟာ အေကာင္းဆုံးထဲကတစ္ခုုပဲ ျဖစ္ပါတယ္။ တစ္ခ်က္ရွိတာက ဗီတာမင္စီဟာ ေရထဲ ေပ်ာ္ဝင္နိုင္တဲ့ ဗီတာမင္တစ္မ်ိဳးျဖစ္တာေၾကာင့္ ကိုယ္ခႏၶာက မသိမ္းဆည္းေပးထားနိုင္ပါဘူး။ ဒါေၾကာင့္ ေန႔တိုင္းေသာက္ေပးဖို႔ေတာ့ လိုပါလိမ့္မယ္။

>>    ဗီတာမင္စီကို ေန႔စဥ္ေသာက္ေပးျခင္းျဖင့္ -
၁။    လက္သည္းေတြ ပိုရွည္ေစနိုင္ပါတယ္။
       ဗီတာမင္စီဟာ ကိုယ္ခႏၶာမွာ ေကာ္လဂ်င္ဓာတ္ကို ပိုထုတ္လုပ္ေပးနိုင္တာေၾကာင့္ လက္သည္းေတြကို သန္မာေစကာ ရွည္ေစပါတယ္။

၂။    အရြယ္က်ျခင္းကို ကာကြယ္ေပးပါတယ္။
       ဗီတာမင္စီဟာ ဓာတ္တိုးဆန႔္က်င္ပစၥည္း တစ္မ်ိဳးျဖစ္တာေၾကာင့္ အေရတြန႔္ျခင္းနဲ႔ အသားေျခာက္ျခင္းတို႔ကို ကာကြယ္ေပးနိုင္ပါတယ္။

၃။    အားအင္ျပည့္ဝ လန္းဆန္းေစပါတယ္။
       သံဓာတ္ခ်ိဳ႕တဲ့တဲ့အခါ လူက ႏုံးေခြအားေပ်ာ့ေနတတ္ပါတယ္။ ဗီတာမင္စီဟာ စားသမၽွ အစားအစာေတြမွာပါတဲ့ သံဓာတ္ေတြကို စုပ္ယူမႈ ေကာင္းေစနိုင္တာေၾကာင့္ အားအင္ျပည့္ဝေစပါလိမ့္မယ္။

၄။    ေနေရာင္ဒဏ္ကို ကာကြယ္ေပးနိုင္ပါတယ္။
       ခရမ္းလြန္ေရာင္ျခည္ကို အနည္းငယ္ ကာကြယ္နိုင္သလို ခရမ္းလြန္ေရာင္ျခည္ေၾကာင့္ ပ်က္စီးသြားတဲ့ အသားအေရကိုလည္း ျပန္လည္ျပဳျပင္ေပးနိုင္စြမ္းရွိပါတယ္။

၅။    ဆံေကသာကို နက္ေမွာင္သန္စြမ္းေစနိုင္ပါတယ္။
       ဆံပင္ႏွစ္ခြျဖစ္ျခင္း၊ ေျခာက္ေသြ႕ၾကမ္းတမ္းျခင္းတို႔ကို ကာကြယ္ေပးၿပီး ဆံပင္အရင္းကေန အားျဖည့္ကာ အရွည္ျမန္ေစနိုင္ပါတယ္။ တကယ္တမ္းေတာ့ ဗီတာမင္စီ ခ်ိဳ႕တဲ့ျခင္းဟာ ဆံပင္ျပႆနာေတြရဲ့ အေၾကာင္းရင္း တစ္ခ်က္အေနနဲ႔ ပါေနပါတယ္။

၆။    အသားအေရကို ျပည့္တင္းေစနိုင္ပါတယ္။
       ဗီတာမင္စီဟာ ေကာ္လဂ်င္ဓာတ္ အဓိကထုတ္ေပးတာေၾကာင့္ အသားအေရကို တင္းရင္းေစပါတယ္။ ေကာ္လဂ်င္ဓာတ္ ေလ်ာ့နည္းေနတဲ့ အသားအေရဟာ ေလ်ာ့တြဲမႈန္မွိုင္းေနတတ္ပါတယ္။ ဒါေၾကာင့္ ဗီတာမင္စီျပည့္ဝစြာ စားသုံးျခင္းက က်န္းမာေတာက္ေျပာင္တဲ့ အသားအေရရရွိေစဖို႔ အေရးပါပါတယ္။

၇။    မ်က္ႏွာျပင္က အျပစ္အနာအဆာေတြကို ေပ်ာက္ကင္းေစနိုင္ပါတယ္။
      ဗီတာမင္စီဟာ ကိုယ္ခႏၶာရဲ့ ျပန္လည္ျပဳျပင္ေပးတဲ့ ေနရာမွာပါဝင္တာေၾကာင့္ ျပတ္ရာ၊ ရွရာေတြ၊ ဝက္ၿခံအမာရြတ္ေတြကို ေကာင္းေကာင္းက်က္ေစၿပီး အသားအေရကို ရွင္းလင္းေစနိုင္ပါတယ္။

၈။    ပိုးသားလိုအသားအေရ ရရွိေစနိုင္ပါတယ္။
       မ်က္ႏွာေပၚက အဖု၊ အႀကိတ္၊ မာမာၾကမ္းၾကမ္းေတြကို ဖယ္ရွားေပးၿပီး ႏူးညံ့ေခ်ာေမြ႕ေစပါတယ္။ ဗီတာမင္စီ လိမ္းေဆးေတြဟာ အေရျပားကို ကာကြယ္ေပးၿပီး အေရျပားဆဲလ္အသစ္ေတြကို ထုတ္လုပ္ေပးနိုင္တဲ့ elastin ျဖစ္ေပၚမႈကို အားေပးပါတယ္။ ဒီအလႊာက အစိုဓာတ္ကို ထိန္းညႇိေပးၿပီး အေရျပား ေသြးလွည့္ပတ္မႈကို ေကာင္းေစကာ တင္းတင္းေျပာင္ေျပာင္ေလး ျဖစ္ေစနိုင္ပါတယ္။

www.drmyanmar.com