/
news/အလှအပနှင့်ကျန်းမာရေး/ဘယ်နှစ်ရက်တစ်ကြိမ်ခေါင်းလျှော်သင့်ပါသလဲ

ဘယ်နှစ်ရက်တစ်ကြိမ်ခေါင်းလျှော်သင့်ပါသလဲ

Category
အလှအပနှင့်ကျန်းမာရေး

          ပညာရှင်တွေရဲ့အဆိုအရ ဘယ်နှစ်ရက်တစ်ကြိမ်ခေါင်းလျှောက်သင့်သလဲဆိုတဲ့ အဖြေတိတိကျကျမရှိပါဘူး။ လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုသလိုပဲ မိမိဆံပင်ပုံစံနဲ့ ဆံသားပေါ်မူတည်ပြီးပဲ ခေါင်းလျှော်ခြင်းအကြိမ်အရေအတွက်ကို သတ်မှတ်သင့်ပါတယ်။ ရက်နည်းငယ်ကြာခေါင်းမလျှော်လို့ ဘာမှမဖြစ်ပါဘူး။ ခေါင်းဆီထွက်တာတွေ၊ ဆံသားလေးလာတာတွေဟာ ပုံမှန်ပါပဲ။

ခေါင်းလျှော်ရည်တွေရဲ့ အလုပ်လုပ်ပုံ

        ခေါင်းလျှော်ရည်တွေဟာ အဆီတွေကို ဖယ်ရှားလိုက်တာကြောင့် မကြာခဏခေါင်းလျှော်တဲ့သူတွေမှာ ဆံသားခြောက်ပြီး ကျိုးကြေတာတွေကိုဖြစ်နိုင်တယ်လို့ နယူးယောခ့်မြို့ရှိ Icahn ဆေးပညာကျောင်း၊ အရေပြားအထူးကုဌာနရဲ့ တွဲဖက်ပါမောက္ခ Angela Lamb က ပြောကြားထားပါတယ်။

          ဆံပင်တွေဟာ သဘာဝအဆီ (sebum) တွေကိုထုတ်လုပ်ပြီး ခေါင်းလျှော်ရည်တွေကတော့ ထိုအဆီ၊ အညစ်အကြေးတွေနဲ့ အခြားအကြွင်းအကျန်တွေကို စုပ်ယူပေးတာကြောင့် ရေဆေးချလိုက်တဲ့အခါမှာ ဆံပင်တွေ သန့်ရှင်းသွားတာဖြစ်ပါတယ်။

          အများအားဖြင့် အချို့သောအဆီတွေဟာ သဘာဝအလျောက်ရှိသင့်တဲ့အပြင် ဆံပင်တွေဟာလည်း အဆီအချို့ကိုလိုအပ်ပါတယ်။ ၎င်းတို့သည် ဆံသားတွေကိုအစိုဓာတ်ဖြည့်ပေးနိုင်ရုံသာမက ဆံပင်နဲ့ဦးရေပြားအတွက်လည်း အကာအကွယ်အလွှာတစ်ခုအနေနဲ့ရှိနေစေပါတယ်။

နေ့စဉ်နေ့တိုင်းခေါင်းလျှော်သင့်သူများ

        UCLA ရှိဆေးပညာကျောင်း၏ တွဲဖက်ပါမောက္ခဖြစ်သူ Coroly Goh ရဲ့အဆိုအရ လူအနည်းစုသာလျှင် နေ့တိုင်းခေါင်းလျှော်ရန်လိုအပ်ကြောင်း၊ အများအားဖြင့် ဆံသားပါးသူများ၊ လေ့ကျင့်ခန်းပြုလုပ်သူများနဲ့ စိုထိုင်းစများတဲ့ နေရာဒေသတွင်နေထိုင်သူများ၊ ဗောက်ထတဲ့သူတွေမှာလည်း မကြာခဏခေါင်းလျှော်ရန် လိုအပ်ကြောင်း သိရပါတယ်။

ရက်အနည်းငယ်လျှင် တစ်ကြိမ်ခန့်သာခေါင်းလျှော်သင့်သူများ

        ဆံသားထူ၍ ခေါင်းဆီထွက်တာနည်းတဲ့သူများတွင် မကြာခဏခေါင်းလျှော်ရန်မလိုအပ်ပါ။ Goh ကပင် ဆက်လက်၍ ပြောကြားရာမှာ ဆံသားခြောက်သူများ (သို့) ဆံပင်ကောက်သူများဟာ ခဏခဏခေါင်းလျှော်ခြင်းကို မပြုလုပ်သင့်ကြောင်း ရှင်းပြထားပါတယ်။

ဘယ်နှစ်ရက်တစ်ကြိမ်ခေါင်းလျှော်သင့်ပါသလဲ

        သာမန်လူတစ်ယောက်အဖို့ 2 ရက်-3 ရက်လျှင် တစ်ကြိမ်ခေါင်းလျှော်ရင် လုံလောက်ပါတယ်။ အဲဒီအတွက် တိတိကျကျအကြံပြုထားတာလည်းမရှိပါဘူး။ ဆံသားတွေစေးကပ်၍ ဦးရေပြားယားယံလာပါက (သို့) အညစ်အကြေးတွေကြောင့် အဖတ်တွေဖြစ်လာပါက ခေါင်းလျှော်ဖို့အချိန်ရောက်ပြီ လို့ ညွှန်းဆိုတာဖြစ်ကြောင်း Goh က အကြံပေးထားပါတယ်။

 

Dr. Thinzar Wynn

www.drmyanmar.com