မျက်နှာအကြိမ်ကြိမ်သစ်တာတေင် ဆားဝက်ခြံတွေ ဘာကြောင့်ရှိနေသးတာလဲ
Category
အလှအပနှင့်ကျန်းမာရေး
ဆားဝက်ခြံဆိုတာ အဆီဂလင်းကနေထုတ်ပေးတဲ့အဆီရည် (Sebum) တွေက မွေးညှင်းပေါက်များတွင် ပိတ်မိနေပြီး လေနှင့်ထိတွေ့ဓာတ်ပြုရာမှဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဆားဝက်ခြံကိုဖယ်ရှားပစ်မယ်ဆိုရင် မျက်နှာသစ်ရုံနဲ့မလုံလောက်ပါဘူး။ ဆပ်ပြာအပျော့စားနှင့် ကြက်သီးနွေးရေကိုအသုံးပြုပြီး တနေ့နှစ်ကြိမ်မျက်နှာသစ်ပေးပါ။ အကြိမ်ကြိမ်သစ်ပေးဖို့မလိုအပ်ပါဘူး။ မျက်နှာအကြိမ်ကြိမ်သစ်ခြင်းဖြင့် မျက်နှာမှာရှိတဲ့အဆီတွေ ခမ်းခြောက်သွားပြီး ခန္ဓာကိုယ်ကနေအဆီတွေကို ပိုမိုထုတ်လုပ်ပေးတာကြောင့် အဆီတွေပိုထွက်လာနိုင်ပြီး ဆားဝက်ခြံတွေပိုဖြစ်လာနိုင်ပါတယ်။
Dr. Htet Htet Aung














