/
news/အလှအပနှင့်ကျန်းမာရေး/ရေနံဂျယ်လီ-petroleum-jelly၏-အသုံး၀င်ပုံများ

ရေနံဂျယ်လီ (Petroleum Jelly)၏ အသုံး၀င်ပုံများ

Category
အလှအပနှင့်ကျန်းမာရေး

1.   ဆံကေသာတောက်ပစေခြင်း

          အသားအရေအတွက် ထုတ်လုပ်ထားတဲ့ ရေနံဂျယ်လီဟာ ဦးရေပြားယားယံခြင်း၊ ဗောက်ထခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်းကို ကာကွယ်ပေးပြီး ဆံသားကိုတောက်ပစေပါတယ်။ ရေနံဂျယ်လီသုံးကာ ဦးရေပြားကို နှိပ်နယ်ပေးပါ။

 

2.   နှုတ်ခမ်းသားနူးညံ့စေခြင်း

        သကြား (သို့)ပင်လယ်ဆားကိုနှုတ်ခမ်းသားအတွက် သီးသန့်ထုတ်ထားတဲ့ ရေနံဂျယ်လီနဲ့ရောကာ နှုတ်ခမ်းမှာ လိမ်းပေးပါက နှုတ်ခမ်းသားခြောက်သွေ့ပြီးကွဲအက်ခြင်းမှ သက်သာစေပါတယ်။

 

3.   အရေးအကြောင်းများလျော့ပါးစေခြင်း

          အရေပြားအတွက်ထုတ်လုပ်ထားတဲ့ ရေနံဂျယ်လီကို အစိုဓာတ်ထိန်းခရင်မ်အဖြစ်အသုံးပြုပေးပါက အရေးအကြောင်းများကို ကင်းစေပြီးနေလောင်ဒဏ်ကြောင့် အရေပြားပျက်စီးခြင်းမှလည်းကာကွယ်ပေးပါတယ်။ အရေပြားခြောက်သွေ့ခြင်းမှ ကာကွယ်ပေးပြီး မိတ်ကပ်ဖျက်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

 

4.   လက်အသားအရေကို နူးညံ့စေခြင်း

        ရေနံဂျယ်လီဟာ ရေဓာတ်ဖြည့်ပေးနိုင်တာကြောင့် ညစဉ်လက်မှာလိမ်းပြီး လက်အိတ်၀တ်ကာ အိပ်စက်ခြင်းဖြင့် လက်အသားအရေခြောက်သွေ့ခြင်းမှ ကာကွယ်ပေးပြီး နူးညံ့ပျော့ပျောင်းစေပါတယ်။

 

5.   အရေပြားယားယံခြောက်သွေ့ခြင်းမှ ကာကွယ်ပေးခြင်း

          ညအိပ်ရာ၀င်ခါနီးတိုင်း ရေနံဂျယ်လီလိမ်းပေးခြင်းဖြင့် အရေပြားခြောက်သွေ့ခြင်း၊ ယားယံခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ဆောင်းရာသီလိုအချိန်အခါမျိုးမှာတစ်ပတ်မှာ နှစ်ကြိမ်အသုံးပြုပေး သင့်ပါတယ်။ ရေနံဂျယ်လီလိမ်းပေးပြီးလက်အိတ်၊ ခြေအိတ်၀တ်ဆင်ထားပါက မြန်မြန်ထိရောက်စေပါတယ်။

 

6.   နေလောင်ဒဏ်ရာကိုပျောက်စေခြင်း

        နေလောင်ခြင်းကြောင့်ဖြစ်စေတဲ့ အရေပြားနီမြန်း၊ နာကျင်ခြင်းကိုသက်သာလျော့ပါးစေပါတယ်။

 

7.   ခြေနံ့ဆိုးများကိုကင်းစင်စေခြင်း

        ရေနံဂျယ်လီကိုခြေဖမိုး၊ ခြေချောင်းများကြားတွင် လိမ်းပြီး 15 မိနစ်ကြာထားပေးပါ။ ပြီးနောက် သန့်စင်ခြောက်သွေ့တဲ့ အ၀တ်စတစ်ခုနဲ့ သန့်စင်ပေးခြင်းဖြင့် ခြေနံ့ဆိုးများကိုကင်းစင်စေပါတယ်။

 

8.   ဂျီးချွတ်ပေးနိုင်ခြင်း

        လိမ်းနေကျလိုးရှင်းနဲ့ ရေနံဂျယ်လီကိုရောကာခန္ဓာကိုယ် ဂျီးချွတ်တဲ့အခါမှာအသုံးပြုနိုင်ပါတယ်။

 

9.   ခြေဖျား၊ လက်ဖျားထိပ်များကွဲအက်ခြင်း၊ ခြေဖနောင့်ကွဲခြင်းမှကာကွယ်ပေးနိုင်ခြင်း

        ရေနံဂျယ်လီကို ညစဉ်လိမ်းပေးပါက ခြေဖျား၊ လက်ဖျားထိပ်များနှင့် ခြေဖနောင့်များကွဲအက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

 

10. ထိခိုက်ဒဏ်ရာများကိုလျော့ပါးစေခြင်း

    ပွန်းပဲ့ရှနာဒဏ်ရာများအတွက် အအေးခံထားတဲ့ရေနံဂျယ်လီကိုလိမ်းပေးပါက ဒဏ်ရာကိုလျော့ပါး သက်သာစေနိုင်ပါတယ်။ ရေနံဂျယ်လီမှာအစိုဓာတ်အာနိသင်ရှိတာကြောင့် ရောင်ရမ်းခြင်း၊ ပိုး၀င်ရောက်ခြင်းမှ လျော့နည်းစေပါတယ်။ ဒါ့အပြင် ပေါင်ပွန်းရင်လည်းရေနံဂျယ်လီကိုလိမ်းပေးနိုင်ပါတယ်။

 

11. နှင်းခူနာကိုသက်သာစေခြင်း

        အမွေးနံ့မပါတဲ့ ရေနံဂျယ်လီဟာ အရေပြားကျိန်းစပ်စပ်ဖြစ်ခြင်းကိုပျောက်ကင်းစေပြီး နှင်းခူနာကို သက်သာစေပါတယ်။

 

12. မိတ်ကပ်ခြယ်သပစ္စည်းအဖြစ်သုံးနိုင်ခြင်း

          နှုတ်ခမ်းနီမဆိုးမီ ရေနံဂျယ်လီလိမ်းပေးပါက နှုတ်ခမ်းသားပြည့်တင်းနေစေပါတယ်။ eye shadow နှင့်ရောပြီး မျက်လုံးကိုအလှဆင်ရာတွင်လည်း အသုံးပြုနိုင်ပါတယ်။

 

13. ကျောအောင့်ခြင်းကိုသက်သာစေခြင်း

        ရေနံဂျယ်လီကိုအပူပေးပြီး ကျောပြင်တစ်လျှောက်လိမ်းပေးပါက ကျောအောင့်ခြင်းကိုသက်သာစေနိုင်ပါတယ်။

 

14. Diaper ကြောင့် နီမြန်းမှုများကိုသက်သာစေခြင်း

        Diaper မ၀တ်မီ ကလေးရဲ့ပေါင်ကြားတစ်၀ိုက် ရေနံဂျယ်လီပါးပါးလေးလိမ်းပေးပါက diaper ကြောင့် ဖြစ်စေနိုင်တဲ့ နီမြန်းနာကျင်မှုများကို သက်သာစေနိုင်ပါတယ်။

 

 

CMS

www.drmyanmar.com