သရက်သီး၊ သခွားသီးနှင့် ဟင်းနုနွယ် ဖျော်ရည်
Category
အလှအပနှင့်ကျန်းမာရေး
ဈေးသက်သာ၍ လွယ်လွယ်ကူကူပြုလုပ်နိုင်တဲ့ အိမ်လုပ်ဖျော်ရည်တစ်မျိုးကတော့ သရက်သီး၊ သခွားသီးနဲ့ ဟင်းနုနွယ်ရွက်တို့ကိုပေါင်းစပ်ပြီး ဖျော်ရည်ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ၎င်းဖျော်ရည်မှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်တာကြောင့် အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းကိုတားဆီးပေးတဲ့အပြင် သရက်သီးမှာပါတဲ့ ဗီတာမင် A ဟာလည်း နေလောင်ထားတဲ့ဒဏ်ရာတွေကို သက်သာစေနိုင်ပါတယ်။ လှပတဲ့အသားအရည်ကိုပိုင်ဆိုင်နိုင်ဖို့အတွက် ဒီလိုအရသာရှိလှတဲ့ ဖျော်ရည်တစ်ခွက်ကိုနေ့စဉ်သောက် သုံးပေးသင့်ပါတယ်။















