အလုပ်များတဲ့မေမေတို့ အသားအရေ ထိန်းသိမ်းဖို့ ...
အမေတစ်ယောက် ဖြစ်လာတဲ့အခါ ပထမအရေးကြီးဆုံးမှာ တစ်အိမ်လုံးကို ဂရုစိုက်ရတာဖြစ်တဲ့အတွက် ကိုယ်ကိုယ်ကို ဂရုစိုက်ထိန်းသိမ်းဖို့ အချိန်မရှိတတ်ကြပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို မထိန်းသိမ်း မစောင့်ရှောက်နိုင်တဲ့အခါ ကိုယ်ကို မှီခိုနေကြတဲ့ လူတွေပါ ဒုက္ခရောက်ရတတ်ပါတယ်။
ဒါကြောင့် အောက်မှာ ဖော်ပြသွားမယ့် အသားအရေ ထိန်းသိမ်းတဲ့ နည်းလမ်းကောင်းဟာ ဘယ်လောက်ပဲ စိတ်ဖိစီးမှုများများ ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် အချိန်ခဏလေးနဲ့ လှပစိုပြေတဲ့အသားအရေကို ရရှိပိုင်ဆိုင်စေနိုင်မှာ ဖြစ်ပါတယ်။
** အဆင့် (၁) - မျက်နှာသန့်စင်ဆေး
ကိုယ့်အသားအရေပေါ် မူတည်ပြီး အသုံးပြုမယ့် သန့်စင်ဆေးကို ရွေးချယ်ပါ။ အသားခြောက်တဲ့ အသားအရေနဲ့ ပုံမှန်အသားအရေတွေအတွက် မျက်နှာသန့်စင်ခရင်မ်တွေက အသုံးဝင်ပြီး အဆီပြန်တတ်တဲ့သူတွေမှာတော့ မျက်နှာသန့်စင်ဂျယ်လ်အနှစ်ကို အသုံးပြုသင့်ပါတယ်။ ဘယ်အမျိုးအစားကို သုံးသည်ဖြစ်စေ ကိုယ်တိုက်ဆပ်ပြာကို လုံးဝအသုံးမပြုပါနဲ့။ ကိုယ်တိုက်ဆပ်ပြာတွေဟာ နူးညံ့တဲ့ အသားအရေကို ပျက်စီးစေနိုင်ပါတယ်။ ပမာဏအနည်းငယ်ကို ရေစွတ်ထားတဲ့ လက်ထဲကို ညှစ်ထည့်ပြီး မျက်နှာနဲ့လည်ပင်းကို အသာအယာ ပွတ်တိုက်ပေးပါ။ ပြီးနောက် အဝတ်စိုနဲ့ မျက်နှာကို ပြန်သစ်ပေးခြင်းဖြင့် ချေးချွတ်ပေးနိုင်ပြီး မျက်နှာက အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။
Bio-Oil 1

** အဆင့် (၂) - ကိုယ့်အသားအရေနဲ့ လိုက်ဖက်မယ့် ပစ္စည်းတစ်မျိုးမျိုး
ကိုယ့်အသားအရေပြဿနာကို တွေးပါ။ အသားခြောက်တတ်သလား၊ ဝက်ခြံ ဆားဝက်ခြံများ ထွက်တတ်ပါသလား၊ အသားအရေ မညီမညာ ဖြစ်နေပါသလား၊ အရေးကြောင်းများ ရှိနေပါသလား? ဈေးကွက်ထဲမှာရှိတဲ့ ကိုယ်အသားအရေပြဿနာနဲ့ ကိုက်ညီမှုရှိတဲ့ အလှကုန်ပစ္စည်းများကို ရှာကြည့်ပါ။ ပြီးနောက် ထိုအလှကုန်များရဲ့ အကျိုးအပြစ်များကို အင်တာနက်မှာ ရှာဖွေပြီး ကိုယ်နဲ့ အသင့်တော်ဆုံးပစ္စည်းကို ရွေးချယ်အသုံးပြုပါ။ လိမ်းရာမှာလည်း ပစ္စည်းအညွှန်းကို သေချာဖတ်ကြည့်ပြီး သန့်စင်နေတဲ့ မျက်နှာမှာ သင့်တော်တဲ့ပမာဏကို စိမ့်ဝင်သွားအောင် လိမ်းပေးပါ။
** အဆင့် (၃) - အစိုဓာတ်ထိန်းခရင်မ်
အဆီပြန်တတ်တဲ့သူတွေမှာတောင် အစိုဓာတ်ထိန်းခရင်မ်ကို ချန်မထားခဲ့သင့်ပါဘူး။ အသားအရေကို အဆီတွေနဲ့ ချွဲကျိကျိ မကျန်ခဲ့စေမယ့် ဝင်းပစိုပြေစေနိုင်တဲ့ အမျိုးအစားကို ရွေးချယ်အသုံးပြုပါ။ နေ့နဲ့ည ခွဲပြီးထုတ်တတ်ကြပေမယ့် အဲဒီလောက်ထိတော့ မလိုအပ်ပါဘူး။ နေရောင်ကာပါတဲ့ အစိုထိန်းခရင်မ်တစ်ခုခုကို ရွေးပြီး နေ့ရောညရော အသုံးပြုနိုင်ပါတယ်။ အကယ်၍ အဆီပြန်တတ်သူတွေမှာ နေ့လယ်ခင်း အစိုထိန်းခရင်မ် လိမ်းရတာ အဆင်မပြေရင် ညဘက်တစ်ကြိမ်ထဲလည်း လိမ်းပေးနိုင်ပါတယ်။
ဒီနည်းလမ်းတွေ အကုန်လုံးဟာ အချိန် ၅ မိနစ်တောင် မကြာတဲ့အတွက် ဘယ်လောက်အလုပ်ရှုပ်ရှုပ် ဒီနည်းလမ်းတွေကို ပုံမှန်လုပ်ပေးဖို့ တိုက်တွန်းအကြံပေးလိုက်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Bio-Oil 2

(Unicode)
** အဆင့ျ (၂) - ကိုယ့ျအသားအရနေဲ့ လိုကျဖကျမယ့ျ ပစ်စညျးတဈမြိုးမြိုး
Dr. Mya Phoo Ngon (www.drmyanmar.com)















