အသက် 20 ကျော်တဲ့အထိ ဝက်ခြံတွေ ဘာလို့ရှိနေရတာလဲ
Category
အလှအပနှင့်ကျန်းမာရေး
ဆယ်ကျော်သက်အရွယ်ကျော်လာသည့်တိုင်အောင် မျက်နှာမှာဝက်ခြံတွေရှိနေရင် အဓိကအကြောင်းကတော့ အရေပြားမှာရှိတဲ့ အဆီပိုတွေနဲ့ ဘက်တီးရီးယားတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နှင့် ဓမ္မတာ လာချိန်မှာဖြစ်ပေါ်တဲ့ ဟော်မုန်းအပြောင်းအလဲကြောင့်လည်း အဆီပိုတွေထွက်လာနိုင်ပါတယ်။ ဆေးလိပ်သောက် တဲ့အမျိုးသမီးတွေဟာ ဝက်ခြံပိုပေါက်တာကို တွေ့ရပါတယ်။ ဝက်ခြံပေါက်ခြင်းဟာ မျိုးရိုးလိုက်တယ်တဲ့ သဘောထားရှိတာကြောင့် မိဘတွေမှာ အသက်ကြီးသည့်တိုင်အောင် ဝက်ခြံပေါက်တတ်တယ်ဆိုရင် သားသမီးမှာဝက်ခြံပေါက်ဖို့ အလားအလာပိုများပါတယ်။
Dr. Htet Htet Aung















