/
news/အလှအပနှင့်ကျန်းမာရေး/အသားခြောက်သူတွေအတွက်-အသားအရေထိန်းသိမ်းနည်း

အသားခြောက်သူတွေအတွက် အသားအရေထိန်းသိမ်းနည်း

Category
အလှအပနှင့်ကျန်းမာရေး

(Zawgyi)

၁။    အစိုထိန္းလိမ္းေဆး လိမ္းပါ။
    အသားအေရ ၾကည္လင္ေနဖို႔ အစိုထိန္းခရင္မ္ကို မွန္မွန္ကန္ကန္ လိမ္းတတ္ဖို႔ လိုပါတယ္။ အေကာင္းဆုံးကေတာ့ ေရခ်ိဳးခန္းထဲက ထြက္လာၿပီး ၅ မိနစ္အတြင္းနဲ႔ ညအိပ္ရာမဝင္ခင္ေတြမွာ လိမ္းေပးပါ။ Bio-Oil ကုိ ေန႔စဥ္ မွန္မွန္လိမ္းေပးလို႔လည္း ရပါတယ္။

၂။    ေရမ်ားမ်ား ေသာက္ပါ။
    တစ္ေန႔ကို ေရ ၈ ခြက္ေသာက္တာဟာ အသားအေရ စိုေျပေစဖို႔ အေကာင္းဆုံး အိမ္တြင္းနည္းလမ္းပါပဲ။ ဒိန္ခ်ဥ္တို႔၊ အုန္းဆီတို႔ လိမ္းေပးတာကလည္း အသားအေရကို ေရဓာတ္ ျပည့္ဝေစပါတယ္ေနာ္။

၃။    ေရပူပူနဲ႔ အၾကာႀကီးမခ်ိဳးပါနဲ႔။
    ေရပူနဲ႔ ေရ အၾကာႀကီးခ်ိဳးတာဟာ အေရျပားရဲ႕ သဘာဝအဆီေတြကို ေျခာက္ခမ္းေစတဲ့အတြက္ အသားေျခာက္ၾကမ္းၾကမ္းႀကီး ျဖစ္က်န္ေစခဲ့ပါတယ္။ ဒါေၾကာင့္ ေရေႏြးေႏြးေလးနဲ႔ ၁ဝ မိနစ္ေလာက္ပဲ ခ်ိဳးပါ။

Bio-Oil 1

၄။    ဆပ္ျပာအျပင္းစားႀကီးေတြ မသုံးပါနဲ႔။
    ဆပ္ျပာေတြမွာ pH ပမာဏအျမင့္စားနဲ႔ ေမႊးရနံ႔ေတြ ထည့္ထားတာမို႔ အေရျပားေရာင္ရမ္းတာ၊ ေျခာက္ေသြ႕တာေတြ ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အသားေျခာက္တတ္သူေတြအေနနဲ႔ အုန္းဆီတို႔၊ ဂလစ္စရင္း အလွဆီတို႔ပါတဲ့ ဆပ္ျပာမ်ိဳးကို ဝယ္သုံးပါ။

၅။    ေလ့က်င့္ခန္း မွန္မွန္လုပ္ပါ။
    ေလ့က်င့္ခန္း မွန္မွန္လုပ္သူေတြမွာ အေရျပား က်ဳံ႕ႏိုင္ဆန႔္ႏိုင္အား ပိုေကာင္းၿပီးေတာ့ မ်က္ႏွာ အသားအေရကို စိုေျပေစတာမို႔ အသားေျခာက္ျခင္းမွ ကာကြယ္ေပးပါတယ္။

Dr. Mya Phoo Ngon (www.drmyanmar.com)

Bio-Oil 2

(Unicode)

၁။    အစိုထိန်းလိမ်းဆေး လိမ်းပါ။
    အသားအရေ ကြည်လင်နေဖို့ အစိုထိန်းခရင်မ်ကို မှန်မှန်ကန်ကန် လိမ်းတတ်ဖို့ လိုပါတယ်။ အကောင်းဆုံးကတော့ ရေချိုးခန်းထဲက ထွက်လာပြီး ၅ မိနစ်အတွင်းနဲ့ ညအိပ်ရာမဝင်ခင်တွေမှာ လိမ်းပေးပါ။ Bio-Oil ကို နေ့စဉ် မှန်မှန်လိမ်းပေးလို့လည်း ရပါတယ်။

၂။    ရေများများ သောက်ပါ။
    တစ်နေ့ကို ရေ ၈ ခွက်သောက်တာဟာ အသားအရေ စိုပြေစေဖို့ အကောင်းဆုံး အိမ်တွင်းနည်းလမ်းပါပဲ။ ဒိန်ချဉ်တို့၊ အုန်းဆီတို့ လိမ်းပေးတာကလည်း အသားအရေကို ရေဓာတ် ပြည့်ဝစေပါတယ်နော်။

၃။    ရေပူပူနဲ့ အကြာကြီးမချိုးပါနဲ့။
    ရေပူနဲ့ ရေ အကြာကြီးချိုးတာဟာ အရေပြားရဲ့ သဘာဝအဆီတွေကို ခြောက်ခမ်းစေတဲ့အတွက် အသားခြောက်ကြမ်းကြမ်းကြီး ဖြစ်ကျန်စေခဲ့ပါတယ်။ ဒါကြောင့် ရေနွေးနွေးလေးနဲ့ ၁ဝ မိနစ်လောက်ပဲ ချိုးပါ။

၄။    ဆပ်ပြာအပြင်းစားကြီးတွေ မသုံးပါနဲ့။
    ဆပ်ပြာတွေမှာ pH ပမာဏအမြင့်စားနဲ့ မွှေးရနံ့တွေ ထည့်ထားတာမို့ အရေပြားရောင်ရမ်းတာ၊ ခြောက်သွေ့တာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အသားခြောက်တတ်သူတွေအနေနဲ့ အုန်းဆီတို့၊ ဂလစ်စရင်း အလှဆီတို့ပါတဲ့ ဆပ်ပြာမျိုးကို ဝယ်သုံးပါ။

၅။    လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။
    လေ့ကျင့်ခန်း မှန်မှန်လုပ်သူတွေမှာ အရေပြား ကျုံ့နိုင်ဆန့်နိုင်အား ပိုကောင်းပြီးတော့ မျက်နှာ အသားအရေကို စိုပြေစေတာမို့ အသားခြောက်ခြင်းမှ ကာကွယ်ပေးပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)