အသားအရည်အတွက် သခွားသီးဖျော်ရည်
Category
အလှအပနှင့်ကျန်းမာရေး
အများအားဖြင့် သခွားသီးကိုအသုတ်နဲ့အသားညှပ်ပေါင်မုန့်တွေမှာထည့်ပြီး စားသောက်ကြပေမယ့်လည်း အသားအရည်အတွက်အလွန်ကောင်းမွန်တဲ့အတွက် နေ့လည်နေ့ခင်းတွေမှာ ဖျော်ရည်အဖြစ်လည်း သောက် သုံးသင့်ပါတယ်။
သခွားသီးမှာပါဝင်တဲ့ silica လို့ခေါ်တဲ့ပစ္စည်းတစ်မျိုးဟာ အသားအရည်ကို ကောင်းမွန်စေပါတယ်။ ထို့ပြင် သခွားသီးဟာ ရေဓာတ်ကြွယ်ဝတာကြောင့် ခြောက်သွေ့နေတဲ့အသားအရည်ပိုင်ရှင်တွေအတွက် အထူးပဲသင့်တော်ပါတယ်။ အကောင်းဆုံးကတော့ သဘာဝနည်းနဲ့စိုက်ပျိုးထားတဲ့ Organic သခွားသီးတွေကိုပဲ ရွေးချယ်ဝယ်ယူသင့်ပါတယ်။
Dr. Thinzar Wynn















