အသားအရေ နုပျိုလှပခြင်းရဲ့ လျှို့ဝှက်ချက် (၈) ချက်
(Zawgyi)
ကြ်န္မတို႔ေတြဟာ အသားအေရ အရမ္းလွတဲ့ ေကာင္မေလးေတြကိုေတြ႕တိုင္း လည္ျပန္ေငးၾကည့္ၾကေလ့ရွိပါတယ္။ ဟုတ္ပါတယ္။ အသားအေရလွျခင္းဟာလည္း မိန္းကေလးေတြရဲ႕ အိမ္မက္တစ္ခုပါပဲ။
လွပတဲ့အသားအေရကို ပိုင္ဆိုင္ဖို႔က အရမ္းေတာ့ မခက္ခဲပါဘူး။ ေအာက္ပါအခ်က္ေလးေတြကို ပံုမွန္လိုက္နာသြားေပးဖို႔ပါပဲ။
(၁) အသားအေရ ပံုမွန္ထိန္းသိမ္းတဲ့အေလ့အက်င့္ကို ေမြးျမဴပါ
Ladies တို႔ေရ အသားအေရ လွပေကာင္းမြန္ခ်င္တယ္ဆိုၿပီး တစ္ရက္၊ ႏွစ္ရက္ေလာက္ပဲ skincare ေလးထလုပ္ၿပီး မထူူးျခားဘူးလို႔ ေအာ္ေနလို႔မရပါဘူးေနာ္။ ေန႔စဥ္ပံုမွန္ လုပ္ငန္းေဆာင္တာတစ္ရပ္အေနနဲ႔ ဂ႐ုစိုက္ထိန္းသိမ္းေပးမွသာ ကိုယ့္စိတ္ကူးထဲကလို လွပက်န္းမာတဲ့အေရျပားကို ပိုင္ဆိုင္နုိင္မွာ ျဖစ္ပါတယ္ေနာ္။ တစ္ေန႔ ၂ ႀကိမ္ မ်က္ႏွာသစ္ၿပီး skin care အဆင့္ဆင့္ ျပဳလုပ္ေပးဖို႔ လိုအပ္ပါတယ္။
(၂) ႏူးညံ့ေသာမ်က္ႏွာသစ္ဆပ္ျပာကို အသံုးျပဳပါ
ႏူးညံ့ေသာ facial cleanser ေတြက သင့္အေရျပားကို အက်ိဳးျပဳတဲ့ သဘာ၀အဆီေတြကို မပ်က္စီးေစဘဲ မ်က္ႏွာကို သန္႔စင္ေပးမွာ ျဖစ္ပါတယ္။ Chemical မ်ားလြန္းတဲ့ facial cleanser ေတြကေတာ့ အေရျပားကို ေျခာက္ေသြ႕ကြဲအက္ေစႏုိင္ပါတယ္။
(၃) မ်က္ႏွာ ခဏခဏသစ္ျခင္းကို ေရွာင္ပါ
ေန႔စဥ္မ်က္ႏွာသန္႔စင္ဖို႔က အဓိကက်ေပမယ့္ တစ္ေန႔တည္းမွာ အႀကိမ္မ်ားစြာသစ္ျခင္းမ်ဳိးကိုေတာ့ ေရွာင္ၾကဥ္သင့္ပါတယ္။ မ်က္ႏွာသစ္လိုက္တာနဲ ႔တစ္ၿပိဳင္နက္ ေရနဲ႔ဆပ္ျပာေတြက မ်က္ႏွာေပၚရွိ သဘာ၀အဆီဓာတ္ေတြကို ခမ္းေျခာက္ေစၿပီး အသားအေရကို အနည္းနဲ႔အမ်ား ပ်က္စီးေစပါတယ္။ တစ္ေန႔ကို ၂ ႀကိမ္ ေရခ်ဳိးေလ့ရွိသူေတြအေနနဲ႔လည္း မ်က္ႏွာကို ဆပ္ျပာမတိုက္ဘဲ ေရနဲ႔သာ ထိေတြ႕ေစၿပီး သဘက္နဲ႔ေျခာက္ေအာင္ သုတ္ေပးပါ။ ၿပီးရင္ေတာ့ ၃ မိနစ္အတြင္း moisturizer တစ္ခုခု လိမ္းေပးေပါ့ေနာ္။
(၄) Moisturizer ေန႔စဥ္လိမ္းေပးဖို႔ လံုး၀မေမ့ပါနဲ႔
မ်က္ႏွာသစ္ၿပီးခ်ိန္တိုင္းမွာ တိုနာနဲ႔ Moisturizer ကို ပံုမွန္လိမ္းေပးျခင္းျဖင့္ ေရဓာတ္ကို ျပန္လည္ထိန္းသိမ္းေပးသင့္ပါတယ္။ Bio-Oil ကို လိမ္းေပးလို႔လည္း ရပါတယ္။
Bio-Oil 1

(၅) ေနေရာင္ျခည္ဒဏ္မွ ကာကြယ္ပါ
ေနေရာင္ထိေတြ႕ျခင္းေၾကာင့္ အခ်ိန္ၾကာတာနဲ႔အမွ် အေရျပားဆဲလ္မ်ားကို ပ်က္စီးေစၿပီး အိုမင္းရင့္ေရာ္ေစပါတယ္။ ထို႔ျပင္ အသားအေရကို ညိဳညစ္ၾကမ္းတမ္းေစေၾကာင္း အားလံုးသိၾကၿပီးျဖစ္ပါတယ္။
ဒါေၾကာင့္ ေနပူပူမိုးရြာရြာ ဘယ္လိုရာသီဥတုမ်ဳိးမွာမဆို SPF30+ ပါတဲ့ Sunscreen ကို မျဖစ္မေနလိမ္းေပးျခင္းျဖင့္ အေရျပားပ်က္စီးျခင္းကို ကာကြယ္ေပးသင့္တယ္ေနာ္။
(၆) ေရေသာက္ဖို႔ မပ်င္းပါနဲ႔
အသားအေရစိုေျပေစဖို႔အတြက္ ေရေသာက္ျခင္းကလည္း အေရးပါတဲ့အခ်က္မို႔ ေမ့ထားလို႔ မရပါဘူး။ ၾကည္လင္စိုေျပတဲ့အေရျပားကို ပိုင္ဆိုင္ဖို႔ တစ္ေန႔ကို အနည္းဆံုး ေရ ၂-၃ လီတာ ေသာက္သံုးဖို႔ လိုပါတယ္။
(၇) ကိုယ္ထဲသို႔ အဆိပ္အေတာက္မ်ား အ၀င္မခံပါနဲ႔
ရွင္းရွင္းေျပာရမယ္ဆိုရင္ သင့္က်န္းမာေရးကို ထိခိုက္ေစတဲ့အရာမွန္သမွ်ဟာ သင့္အေရျပားကိုလည္း ထိခိုက္ေစပါလိမ့္မယ္။ ဒါေၾကာင့္ ေဆးလိပ္ေသာက္ျခင္း၊ အရက္နဲ႔ ေကာ္ဖီ လြန္ကဲစြာေသာက္ျခင္းကို ေရွာင္ပါ။ ေန႔စဥ္ ပံုမွန္ကိုယ္လက္လႈပ္ရွားမႈျပဳလုပ္ၿပီး က်န္းမာေရးနဲ႔ညီညြတ္ေသာ အစားအစာမ်ားကိုသာ စားသံုးေပးပါ။ ဒါဆိုရင္ေတာ့ က်န္းမာေကာင္းမြန္တဲ့ အေရျပားကို ပိုင္ဆိုင္ၿပီေပ့ါ။
(၈) အေရျပားဆရာ၀န္ရဲ့ အႀကံဉာဏ္မ်ားကို ရယူပါ
အေရျပားတြင္ ျပႆနာတစ္စံုတစ္ရာ ရွိလာတုိင္းမွာ အေရျပားေဆးခန္းသို႔သြားၿပီး ဆရာ၀န္နဲ႔ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။ ဒါမွသာ စိုေျပလွပတဲ့ အေရျပားကို ျပန္လည္ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။
ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)
Bio-Oil 2

(Unicode)
ကျွန်မတို့တွေဟာ အသားအရေ အရမ်းလှတဲ့ ကောင်မလေးတွေကိုတွေ့တိုင်း လည်ပြန်ငေးကြည့်ကြလေ့ရှိပါတယ်။ ဟုတ်ပါတယ်။ အသားအရေလှခြင်းဟာလည်း မိန်းကလေးတွေရဲ့ အိမ်မက်တစ်ခုပါပဲ။
လှပတဲ့အသားအရေကို ပိုင်ဆိုင်ဖို့က အရမ်းတော့ မခက်ခဲပါဘူး။ အောက်ပါအချက်လေးတွေကို ပုံမှန်လိုက်နာသွားပေးဖို့ပါပဲ။
(၁) အသားအရေ ပုံမှန်ထိန်းသိမ်းတဲ့အလေ့အကျင့်ကို မွေးမြူပါ
Ladies တို့ရေ အသားအရေ လှပကောင်းမွန်ချင်တယ်ဆိုပြီး တစ်ရက်၊ နှစ်ရက်လောက်ပဲ skincare လေးထလုပ်ပြီး မထူူးခြားဘူးလို့ အော်နေလို့မရပါဘူးနော်။ နေ့စဉ်ပုံမှန် လုပ်ငန်းဆောင်တာတစ်ရပ်အနေနဲ့ ဂရုစိုက်ထိန်းသိမ်းပေးမှသာ ကိုယ့်စိတ်ကူးထဲကလို လှပကျန်းမာတဲ့အရေပြားကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်နော်။ တစ်နေ့ ၂ ကြိမ် မျက်နှာသစ်ပြီး skin care အဆင့်ဆင့် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
(၂) နူးညံ့သောမျက်နှာသစ်ဆပ်ပြာကို အသုံးပြုပါ
နူးညံ့သော facial cleanser တွေက သင့်အရေပြားကို အကျိုးပြုတဲ့ သဘာဝအဆီတွေကို မပျက်စီးစေဘဲ မျက်နှာကို သန့်စင်ပေးမှာ ဖြစ်ပါတယ်။ Chemical များလွန်းတဲ့ facial cleanser တွေကတော့ အရေပြားကို ခြောက်သွေ့ကွဲအက်စေနိုင်ပါတယ်။
(၃) မျက်နှာ ခဏခဏသစ်ခြင်းကို ရှောင်ပါ
နေ့စဉ်မျက်နှာသန့်စင်ဖို့က အဓိကကျပေမယ့် တစ်နေ့တည်းမှာ အကြိမ်များစွာသစ်ခြင်းမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ မျက်နှာသစ်လိုက်တာနဲ့တစ်ပြိုင်နက် ရေနဲ့ဆပ်ပြာတွေက မျက်နှာပေါ်ရှိ သဘာဝအဆီဓာတ်တွေကို ခမ်းခြောက်စေပြီး အသားအရေကို အနည်းနဲ့အများ ပျက်စီးစေပါတယ်။ တစ်နေ့ကို ၂ ကြိမ် ရေချိုးလေ့ရှိသူတွေအနေနဲ့လည်း မျက်နှာကို ဆပ်ပြာမတိုက်ဘဲ ရေနဲ့သာ ထိတွေ့စေပြီး သဘက်နဲ့ခြောက်အောင် သုတ်ပေးပါ။ ပြီးရင်တော့ ၃ မိနစ်အတွင်း moisturizer တစ်ခုခု လိမ်းပေးပေါ့နော်။
(၄) Moisturizer နေ့စဉ်လိမ်းပေးဖို့ လုံးဝမမေ့ပါနဲ့
မျက်နှာသစ်ပြီးချိန်တိုင်းမှာ တိုနာနဲ့ Moisturizer ကို ပုံမှန်လိမ်းပေးခြင်းဖြင့် ရေဓာတ်ကို ပြန်လည်ထိန်းသိမ်းပေးသင့်ပါတယ်။ Bio-Oil ကို လိမ်းပေးလို့လည်း ရပါတယ်။
(၅) နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ
နေရောင်ထိတွေ့ခြင်းကြောင့် အချိန်ကြာတာနဲ့အမျှ အရေပြားဆဲလ်များကို ပျက်စီးစေပြီး အိုမင်းရင့်ရော်စေပါတယ်။ ထို့ပြင် အသားအရေကို ညိုညစ်ကြမ်းတမ်းစေကြောင်း အားလုံးသိကြပြီးဖြစ်ပါတယ်။
ဒါကြောင့် နေပူပူမိုးရွာရွာ ဘယ်လိုရာသီဥတုမျိုးမှာမဆို SPF30+ ပါတဲ့ Sunscreen ကို မဖြစ်မနေလိမ်းပေးခြင်းဖြင့် အရေပြားပျက်စီးခြင်းကို ကာကွယ်ပေးသင့်တယ်နော်။
(၆) ရေသောက်ဖို့ မပျင်းပါနဲ့
အသားအရေစိုပြေစေဖို့အတွက် ရေသောက်ခြင်းကလည်း အရေးပါတဲ့အချက်မို့ မေ့ထားလို့ မရပါဘူး။ ကြည်လင်စိုပြေတဲ့အရေပြားကို ပိုင်ဆိုင်ဖို့ တစ်နေ့ကို အနည်းဆုံး ရေ ၂-၃ လီတာ သောက်သုံးဖို့ လိုပါတယ်။
(၇) ကိုယ်ထဲသို့ အဆိပ်အတောက်များ အဝင်မခံပါနဲ့
ရှင်းရှင်းပြောရမယ်ဆိုရင် သင့်ကျန်းမာရေးကို ထိခိုက်စေတဲ့အရာမှန်သမျှဟာ သင့်အရေပြားကိုလည်း ထိခိုက်စေပါလိမ့်မယ်။ ဒါကြောင့် ဆေးလိပ်သောက်ခြင်း၊ အရက်နဲ့ ကော်ဖီ လွန်ကဲစွာသောက်ခြင်းကို ရှောင်ပါ။ နေ့စဉ် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပြီး ကျန်းမာရေးနဲ့ညီညွတ်သော အစားအစာများကိုသာ စားသုံးပေးပါ။ ဒါဆိုရင်တော့ ကျန်းမာကောင်းမွန်တဲ့ အရေပြားကို ပိုင်ဆိုင်ပြီပေ့ါ။
(၈) အရေပြားဆရာဝန်ရဲ့ အကြံဉာဏ်များကို ရယူပါ
အရေပြားတွင် ပြဿနာတစ်စုံတစ်ရာ ရှိလာတိုင်းမှာ အရေပြားဆေးခန်းသို့သွားပြီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါမှသာ စိုပြေလှပတဲ့ အရေပြားကို ပြန်လည်ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)















