/
news/အလှအပနှင့်ကျန်းမာရေး/အာလူးမှပေးစွမ်းနိုင်သော-အလှအပအကြောင်းတစေ့တစောင်း

အာလူးမှပေးစွမ်းနိုင်သော အလှအပအကြောင်းတစေ့တစောင်း

Category
အလှအပနှင့်ကျန်းမာရေး

1.  အရေပြားပြည့်ဖြိုးစေခြင်း

        အာလူးဖျော်ရည်ကို နံနက်တိုင်းသောက်ပေးပါ။ အာလူးမှာအင်တီအောက်ဆီးဒင့်ပါ၀င်တာကြောင့် အရေပြားတင်းရင်းကာနုပျိုလှပတဲ့ အသားအရေကိုပေးစွမ်းနိုင်ပါတယ်။ အရေပြားကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်စီပါ၀င်ပြီး ဆဲလ်လုပ်ဆောင်ချက်များကို ကောင်းစေကာရောင်ရမ်းမှုဖြစ်စဉ်တွေ ကို လျော့ချပေးနိုင်စွမ်းရှိပါတယ်။

        အာလူးမှာပါ၀င်တဲ့ ဗီတာမင်ဘီစစ် (Vitamin B6) ဟာ ဆဲလ်အသစ်ဖြစ်စေဖို့ လုပ်ဆောင်ပေးတဲ့ အမိုင်နိုအက်ဆစ်ကို အထောက်အကူပြုပေးနိုင်ပါတယ်။

        ဒါပေမယ့် အာလူးဟာ ဗိုက်ဖောင်းပြီး၀စေနိုင်တာကြောင့် လွန်ကဲစွာမစားမိဖို့တော့လိုအပ်ပါတယ်။ ဒါ့အပြင် အစို့အညှောက်ပေါက်နေတဲ့အာလူး၊ အာလူးစိမ်းစိမ်းတွေမှာ အဆိပ်အတောက်များ ပါ၀င်တာကြောင့် ရှောင်ကျဉ် သင့်ပါတယ်။

        အာလူးကိုချက်ပြုတ်လိုက်တဲ့အခါ ဗီတာမင် C ဓာတ်များဆုံးရှုံးစေနိုင်တာကြောင့် ဗီတာမင် C အပြည့်အ၀ရရှိစေနိုင်ဖို့ အာလူးဖျော်ရည်သောက်ပေးခြင်း ကအကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ ဆောင်းရာသီလို အချိန်အခါမျိုးမှာ အသားအရေခြောက်သွေ့ခြင်း၊ အရေပြားအလွှာလေးများကွာကျခြင်း၊ အသားပတ်ခြင်းတို့မှ ကာကွယ်နိုင်ဖို့အတွက် အာလူးဖျော်ရည်သောက်ပေးသင့်ပါတယ်။

        အာလူးအတွင်းသားမှာသာမက အာလူးအခွံမှာပါ ဗီတာမင်နဲ့သတ္တုဓာတ်တွေပါ၀င်တာကြောင့် အာလူးအခွံနဲ့အရေပြားပေါ်မှာ ပွတ်လိမ်းလို့ရပါတယ်။

2.  ၀က်ခြံပျောက်စေခြင်း

        အာလူးဖျော်ရည်ဟာ ရောင်ရမ်းနီမြန်းခြင်းများကို သက်သာစေနိုင်ခြင်း၊ ၀က်ခြံ၊ အနီဖု၊ အစက်အပြောက်၊ ပွန်းပဲ့ဒဏ်ရာများကို လျော့ပါးသက်သာစေနိုင်စွမ်းရှိပါတယ်။ အာလူးဖျော်ရည်ကို ဂွမ်းစလေးနဲ့တို့ယူပြီး တိုနာအဖြစ် အသုံးပြုနိုင်ပါတယ်။ ရောင်ရမ်းမှုလျော့ကျစေနိုင်စွမ်းရှိတာကြောင့် အချိန်ကြာကြာအသားနဲ့ထိတွေ့နေပေမယ့် အန္တရာယ်မရှိနိုင်ပါဘူး။

        အာလူးအနှစ်သားက အာလူးဖျော်ရည်ထက်ပိုပြီး ထိရောက်မှုရှိစေတဲ့အချက်ကတော့ မျက်နှာပေါင်းတင် ကပ်ခွာအဖြစ် အသုံးပြုလို့ရနိုင်ခြင်းပါပဲ။ ဒါ့အပြင် အာလူးအရည် (သို့) အနှစ်သားမှာရှောက်ရည်ရောပြီး ၀က်ခြံ၊ အဖုအပိန့်ရှိတဲ့နေရာမှာ လိမ်းပေးကာ အ၀တ်ပါး၊ ပတ်တီး စသည်တို့ိနဲ့ဖုံးအုပ်လျက် နာရီ၀က်ကြာခန့် ထားပေးပါက ၀က်ခြံများရှုံ့သွားပါလိမ့်မယ်။ ပါးပါးလှီးထားတဲ့ အာလူးချပ်ပြား၀ိုင်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။

3.  မျက်လုံးမို့ဖောင်း၊ မျက်ကွင်းညိုခြင်းကို လျော့ပါးစေခြင်း

        မျက်လုံးမို့ဖောင်းခြင်းဟာ ရေဓာတ်များလွန်းခြင်းကြောင့် မျက်လုံးနားတစ်၀ိုက်ရှိ သွေးကြောလေးများ ကျယ်လာခြင်းကြောင့်ဖြစ်ရတာပါ။ အာလူးဟာအေးမြမှုကို ပေးစွမ်းနိုင်ပြီး သွေးကြောလေးတွေကို ကျုံ့စေနိုင်စွမ်းရှိကာ နေရောင်ခြည်ဒဏ်ကြောင့်ဖြစ်တဲ့ အစက်အပြောက်များ၊ မျက်ကွင်းညိုခြင်း ကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ အာလူးကိုပါးပါးလေးလှီးပြီး မျက်လုံးနားတစ်၀ိုက်ကပ်ပေးပါ။ ပင်ပန်းနွမ်းနယ်မှုများကိုလျော့ပါးစေပြီး မျက်လုံးများ ကြည်လင်တောက်ပလာစေနိုင်ပါတယ်။ ဒါပေမယ့် အာလူးမှာ ကစီဓာတ်အကြွင်းအကျန်များ ကပ်ကျန်နေနိုင်တာကြောင့် မျက်လုံးအိမ်ထဲမ၀င်စေရန် အထူးဂရုပြုဖို့တော့လိုအပ်ပါတယ်။

4.  အသားအရေကို ချောမွေ့တင်းရင်းစေခြင်း

        ကြိတ်ချေပြီးသားအာလူးအနှစ်သားမှာ ရှောက်ရည်ရောပြီး ပြုလုပ်ထားတဲ့ အရောအနှောကို မျက်နှာပေါင်းတင်ကပ်ခွာအဖြစ် အသုံးပြုနိုင်ပါတယ်။ 10 မိနစ်ခန့်ပေါင်းတင်ပေးပါ။ ယင်းကဲ့သို့ပုံမှန်ပြုလုပ်ပေး ပါက မျက်နှာပေါ်ရှိ အမည်းကွက်၊ အမာရွတ်များကို လျော့ပါးစေနိုင်ပါတယ်။ အာလူးမှာ ဗီတာမင် C ပါ၀င်တဲ့ အတွက် ပတ်၀န်းကျင်အခြေအနေကြောင့် အသားအရေပျက်စီးခြင်းမှကာကွယ်ပေးနိုင်ပြီး ပါ၀င်တဲ့ အင်တီအောက်ဆီးဒင့်က ဆဲလ်သေများဖြစ်ပေါ်စေကာ အိုမင်းခြင်းကိုဖြစ်စေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို ဟန့်တားပေးနိုင်ပါတယ်။ အာလူးပေါင်းတင်ကပ်ခွာဟာ မျက်နှာပေါ်မှအပြစ်အနာအဆာများအားလုံးကို ပျောက်ကင်းသွားစေနိုင်တယ်လို့ မဆိုနိုင်ပေမယ့် အသားအရေကို နူးညံ့ချောမွေ့စေကာ တင်းရင်းစေနိုင်စွမ်းရှိပြီး ရေဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။

5. ဆံပင်နက်မှောင်စေခြင်း

        အာလူးအရွယ်အစားကြီးကြီး 5 လုံးမှ အခွံများကိုနွှာယူကာ နှစ်လီတာပမာဏရှိသော ရေထဲသို့ ထည့်ကာမိနစ် 30 ကြာခန့်ပြုတ်ပေးပါ။ ပုံမှန်အတိုင်းခေါင်းလျှော်၊ ဆံပင်ပျော့ဆေးအသုံးပြုပြီးနောက် အအေးခံထားတဲ့ အာလူးပြုတ်ရည်ကို ဦးရေပြားနဲ့ ဆံပင်ကိုလိမ်းကျံပေးပါ။ မိနစ် 20 ကြာထားပြီးနောက် မရေဆေးချပါ။ ယင်းကဲ့သို့ ပုံမှန်ပြုလုပ်ပေးပါက ဆံပင်ဖြူများကို သိသိသာသာနည်းပါး လာစေနိုင်ပြီး ပျော့ပျောင်းနူးညံံ့တဲ့ဆံကေသာအလှကို ပိုင်ဆိုင်နိုင်စေမှာပါ။

 

 

CMS

www.drmyanmar.com