/
news/အလှအပနှင့်ကျန်းမာရေး/ဗောက်ပျောက်စေဖို့-အုန်းဆီကို-အသုံးပြုပါ

ဗောက်ပျောက်စေဖို့ အုန်းဆီကို အသုံးပြုပါ

Category
အလှအပနှင့်ကျန်းမာရေး

၁။ အုန်းဆီကို တိုက်ရိုက်လိမ်းခြင်း

အုန်းဆီကတော့ ဗောက်ပျောက်ဖို့အတွက် အလွယ်ကူဆုံးနဲ့ အကျိုးအရှိဆုံးနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

 

လိုအပ်သောပစ္စည်းများ

ပူနွေးသောအုန်းဆီ - စားပွဲတင်ဇွန်း ၂ဇွန်း သို့ ဆံပင်အရှည်အပေါ်မူတည်ပြီး

ရေနွေး - လိုအပ်သလောက်

ခေါင်းဆောင်း (ရေချိုးရင်စွပ်တဲ့ ခေါင်းစွပ်)

 

အသုံးပြုပုံ

အုန်းဆီနွေးနွေး ၁ ဇွန်းကို ပန်းကန်လုံးတစ်လုံးထဲကိုထည့်လိုက်ပါ။

အုန်းဆီကို လက်ချောင်းများဖြင့် ဦးရေပြားနှင့် ဆံပင်အရင်းမှ အဖျားအထိ သေချာစွာလိမ်းကျံပါ။

ပြီးနောက် ဆံပင်နဲ့ ဦးရေပြားကို အနည်းဆုံး ၅ မိနစ်ခန့်နှိပ်နယ်ပြီးနောက် ခေါင်းစွပ်စွပ်ပြီး တစ်ညလုံးထားထားပါ။

နောက်တစ်နေ့မနက်မှာ ပုံမှန်လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ပါ။

ဗောက်ပြသနာ ကြုံတွေ့နေရတယ်ဆိုရင်တော့ ဒီနည်းအတိုင်းလုပ်ကြည့်ပါ။

 

၂။ အုန်းဆီနှင့် သံပုရာရည်

ပိုပြီးအကျိုးရှိအောင် အုန်းဆီထဲကို သံပုရာရည်ထည့်ပြီး အသုံးပြုနိုင်ပါတယ်။ သံပုရာရည်မှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်က ဦးရေပြား pH ဓာတ်ကို ထိန်းညှိပေးခြင်းဖြင့် ဦးရေပြားကို ကျန်းမာစေသလို ဗောက်တွေကိုလည်း ကင်းစင်စေနိုင်ပါတယ်။ စစ်ထရစ်အက်ဆစ်က ဗောက်ဖြစ်စေတဲ့ မှိုတွေကိုသေစေပါတယ်။

 

လိုအပ်သောပစ္စ္စည်းများ

အုန်းဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း

သံပုရာရည် - စားပွဲတင်ဇွန်း ၂ ဇွန်း

 

အသုံးပြုပုံ

အုန်းဆီနှင့် သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း စီကို ခွက်တစ်ခုထဲထည့်ပြီး အပူပေးပါ။

ဒီအပူပေးထားတဲ့ အုန်းဆီနဲ့ သံပုရာရည်အရောကို ဆံပင်နှင့် ဦးရေပြားကို သုတ်လိမ်းပါ။

ဦးရေပြားကို ၁၀မိနစ်ခန့်နှိပ်နယ်ပေးပြီး မိနစ်၂၀ ခန့်ထားလိုက်ပါ။

ခေါင်းလျှော်ရည်ပျော့ပျော့သုံးပြီး ခေါင်းလျှော်ချပါ။

ဒီနည်းအတိုင်း တစ်ပတ်ကို ၃ကြိမ်မှ ၄ကြိမ်ပြုလုပ်ပေးမယ်ဆိုရင် ဗောက်လုံးဝကင်းစင်သွားပါလိမ့်မယ်။

 

၃။ အုန်းဆီ၊ ပျားရည်၊ သံလွင်ဆီနှင့် ဒိန်ချဉ်အရော

ပျားရည်ကိုအသုံးပြုခြင်းဖြင့် ဗောက်တွေကို ပျောက်ကင်းစေနိုင်သလို ဗောက်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေကိုလည်း ကုသပေးနိုင်ပါတယ်။ ပျားရည်ရဲ့ အနာကျက်မြန်စေတဲ့အစွမ်းနဲ့ အရောင်ကျစေတဲ့ အစွမ်းသတ္တိတွေက ဗောက်ကြောင့်ဖြစ်တဲ့ ဦးရေပြားယားယံခြင်းအပြင် ဦးရေပြားရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။ အရေးကြီးဆုံးအချက်ကတော့ ပျားရည်က ဘက်တီးရီးယားပိုးနဲ့ မှိုတွေကို သေစေနိုင်လို့ ဗောက်ဖြစ်စေတဲ့ မှိုတွေကို သေစေနိုင်ပါတယ်။

သံလွင်ဆီကတော့ ဦးရေပြားခြောက်ခြင်းကို သက်သာစေပြီး အစိုဓာတ်ကိုထိန်းထားပေးခြင်းဖြင့် ဦးရေပြားခြောက်ခြင်းကြောင့် ဗောက်ဖြစ်တာကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒိန်ချဉ်ကလည်း ပျားရည်လိုပဲ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပါတယ်။ ထို့ကြောင့် ဗောက်တွေကို ကင်းစင်စေနိုင်သလို ဦးရေပြားမှာရှိတဲ့ အပေါက်လေးတွေကို သန့်စင်ပေးပြီး ကျုံ့စေခြင်းဖြင့် ဗောက်ကြောင့်ဖြစ်တဲ့ ဦးရေပြားပြသနာကို ပျောက်ကင်းစေပါတယ်။

 

ပါဝင်သော ပစ္စ္စည်းများ

အုန်းဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း

သံလွင်ဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း

ဒိန်ချဉ် - စားပွဲတင်ဇွန်း ၃ ဇွန်း

ပျားရည် - စားပွဲတင်ဇွန်း ၂ ဇွန်း

 

အသုံးပြုပုံ

ပါဝင်ပစ္စည်းများအားလုံးကို ရောပြီး အတော်အသင့်စေးပျစ်သောအနှစ်ဖြစ်အောင် မွှေပေးပါ။

လက်ချောင်းထိပ်လေးတွေသုံးပြီး ဦးရေပြားနှင့် ဆံပင်ကို သုတ်လိမ်းပါ။

ဦးရေပြားရှိ အပေါက်လေးများပွင့်လာပြီး သွေးလှည့်ပတ်မှုကောင်းစေရန် ၁၀မိနစ်ခန့် နှိပ်နယ်ပေးပါ။

သုတ်လိမ်းထားသောဆံပင်ကို ၄၀-၄၅ မိနစ်ခန့်ထားပြီး ခေါင်းလျှော်ရည်ပျော့ပျော့ဖြင့် ဆေးချလိုက်ပါ။ ( တစ်ကြိမ်လျှော်လို့ ဆံပင်မစင်သေးလျှင် နောက်တစ်ကြိမ်ထပ်ပြီးလျှော်နိုင်ပါတယ်။)

ဆံပင်ကို သဘာဝအတိုင်းအခြောက်ခံပါ။

လက်ဖဝါးထဲသို့ အုန်းဆီ ၄-၅ စက်ခန့်ထည့်ပြီး ဆီနွေးလာစေရန် လက်ဖဝါးကိုပွတ်တိုက်၍ ဦးရေပြားနှင့် ဆံပင်များကို လိမ်းပေးပါ။ ဦးရေပြားတစ်ခုလုံးနှံ့အောင် လိမ်းပါ။

ဒီနည်းအတိုင်း တစ်ပတ်ကို ၁ ကြိမ်ပြုလုပ်ပေးမယ်ဆိုရင် ဗောက်လုံးဝကင်းစင်သွားပါလိမ့်မယ်။

 

နောက်ထပ်မှတ်ထားသင့်သည့်အချက်များ

ဗောက်ကင်းစင်စေဖို့နဲ့ ဗောက်ဖြစ်ခြင်းမှ ကာကွယ်ဖို့အတွက် အုန်းဆီပါဝင်တဲ့ အိမ်သုံးနည်းလမ်းတွေကို အသုံးပြုမယ်ဆိုရင် ပိုပြီး အကျိုးသက်ရောက်မှုရှိစေရန်အတွက် အောက်ပါအချက်တွေကို မှတ်ထားသင့်ပါတယ်။

၁။ ဦးရေပြားခြောက်သွေ့ခြင်းက ဗောက်ပြသနာကို ပိုမိုဆိုးရွားစေနိုင်လို့ ခေါင်းအလွန်အကျွံလျှော်ခြင်း မပြုပါနှင့်။

၂။ ခေါင်းလျှော်ပြီးနောက် ခေါင်းကို ညင်သာစွာဖီးပါ။ သို့မှသာ ခေါင်းမှ သဘာဝအတိုင်းထွက်တဲ့အဆီတွေ တစ်ခေါင်းလုံးသေချာပြန့်နှံ့စေပြီး ဦးရေပြားခြောက်ခြင်းနှင့် ဗောက်ဖြစ်ခြင်းကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

၃။ ဦးရေပြားခြောက်ပြီး ဗောက်ထစေသော ဆံပင်ပုံသွင်းသည့် ပစ္စည်းများ အသုံးမပြုပါနှင့်။

၄။ စိတ်ဖိစီးမှုက ဗောက်ထစေနိုင်လို့ စိတ်ဖိစီးမှုများတဲ့ အခြေအနေတွေကို ရှောင်ကြဉ်ပါ။

၅။ ဦးရေပြားနဲ့ ဆံပင်တွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်များရရှိစေရန်အတွက် ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အစားအစာတွေစားသုံးပါ။ သွပ်ဓာတ်ပေါကြွယ်ဝသော ဟင်းနုနွယ်၊ ဖရုံသီး၊ အခွံမာသီး၊ ပဲ၊ မှို၊ စသည်တို့နှင့် ဗီတာမင် ဘီ ၆ ဓာတ် ပြည့်ဝစွာပါဝင်သော ငါး၊ ကြက်ဆင်၊ ကြက်သား၊ ဆီးသီးခြောက်၊ ငှက်ပျောသီး၊ ထောပတ်သီးစသည့် အစားအစာများ စားသုံးပါ။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)