၀က်ခြံပေါက်နေချိန်တွင် မိတ်ကပ်မလိမ်းသင့်
မျက်နှာ၀က်ခြံပေါက်နေချိန်မှာ မိတ်ကပ်မလိမ်းသင့်ပါဘူး။ မိတ်ကပ်လိမ်း လိုက်ခြင်းကြောင့် မွေးညင်းပေါက်တွေကို ပိတ်ဆို့စေပြီး၀က်ခြံဖုတစ်ဖုပြီး တစ်ဖုထွက်လာစေနိုင်ပါတယ်။ ၀က်ခြံလုံး၀ကင်းစင်အောင် ကုသပြီးမှသာ မိတ်ကပ်လိမ်းဖို့ကြံရွယ်သင့်ပါတယ်။ ၀က်ခြံအမြဲထွက်ရခြင်း ဟာ တက်စထရိုစတီရုန်းဟော်မုန်း များနေခြင်းကြောင့်ပါ။ ယင်းတက်စထရိုစတီရုန်းဟာ အဆီများစွာ ထုတ်လုပ်ဖို့ လှုံ့ဆော်ပေးပါတယ်။ ၎င်းအဆီတွေက အရေပြားအောက်မွေးညှင်းပေါက်မှာ ဘက်တီးရီးယားတွေ၊ ဆဲလ် သေတွေနဲ့အတူ စုဆောင်းမှုတွေဖြစ်လာပြီး ၀က်ခြံဖြစ်လာတာပါ။ ဒါကြောင့်၀က်ခြံတစ်ချိန်လုံးထွက်နေသူတွေအနေနဲ့ မိမိနဲ့သင့်လျော်တဲ့ အလှကုန်ပစ္စည်းကို သေချာရွေး၀ယ်မှရမှာပါ။ ဒါ့အပြင် တစ်နေကုန်လိမ်းထားတဲ့ မိတ်ကပ်တွေကို ညဘက်မှာစင်ကြယ်အောင်သန့်စင်ပေးသင့်ပြီး သန့်စင်တဲ့အခါမှာလည်း ၀က်ခြံထွက်နေချိန်ဖြစ်ပါက အဆီအခြေခံ မိတ်ကပ်ဖျက်ဆေးကို မသုံးသင့်ပါဘူး။
CMS














