ဆံပင်ဆေးဆိုးတဲ့အခါ လိုက်နာသင့်သော အချက်များ
1. ဆိုးဆေးများကို ဆံပင်ပေါ်တွင်လိုအပ်သည်ထက် ကြာအောင်မထားပါနှင့်။
2. ဆိုးဆေးအသုံးပြုပြီးနောက် ဦးရေပြားကိုစင်ကြယ်အောင်ရေသေချာဆေးချပါ။
3. ဆံပင်ဆိုးဆေးကို ကိုင်တွယ်ရန်လက်အိတ်၀တ်ပါ။
4. ညွှန်ကြားချက်အတိုင်းသေချာစွာလိုက်နာပါ။
5. အမျိုးအစားမတူတဲ့ ဆိုးဆေးများကိုမရောပါနှင့်။
6. ဆံပင်မဆိုးမီ ဘူးပေါ်တွင်ပါဝင်သောပစ္စည်းအတိုင်း ဓာတ်တည့်/မတည့် စမ်းသပ်ပါ။ အရောင်မဆိုးမီ အကြိမ်တိုင်းစမ်းသပ်ရန်မှာ အရေးကြီးလှပါသည်။ ဆိုးဆေးအနည်းငယ်ကိုယူ၍ နားရွက်နောက်တွင်တို့ပြီး နှစ်ရက်ခန့်ရေမဆေးဘဲ ထားကြည့်ပါ။ ယားယံခြင်း၊ နီမြန်းခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း စသောဓာတ်မတည့်ခြင်းတို့မရှိပါက ဆံပင်ပေါ်တွင် စိတ်ချလက်ချဆိုးနိုင်ပါတယ်။ အကယ်၍ ၎င်းဆိုးဆေးနှင့်မတည့်ပါက အခြားဆိုးဆေးများကိုလည်း အထက်ပါအတိုင်းစမ်းသပ်၍ မိမိနဲ့အဆင်ပြေနိုင်မယ့် ဆိုးဆေးကိုရွေးချယ်နိုင်ပါတယ်။
7. အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (US FDA)မှ ဆိုးဆေးများကိုမျက်တောင်မွှေးနှင့် မျက်ခုံးမွှေးတို့တွင် သုံးစွဲခြင်းကို တားမြစ်ထားပါသည်။ ဓာတ်မတည့်မှုများကြောင့် ရောင်ရမ်းခြင်းအပြင် ပိုး၀င်ခြင်းနှင့် မတော်တဆမျက်လုံးထဲရောက်သွားပါက မျက်စိကွယ်ခြင်းများထိဖြစ်နိုင်ပါတယ်။
8. ခန္ဓာကိုယ်ပြင်ပတွင်သာ အသုံးပြုရန်နှင့် ကလေးများအနီးတွင် မထားရှိရန် အရေးကြီးပါတယ်။
9. ဦးရေပြားစုတ်ပြဲနေပါက အသုံးမပြုပါနှင့်။
Dr. Thinzar Wynn (www.drmyanmar.com)