/
news/အလှအပနှင့်ကျန်းမာရေး/skincare-ဖို့-အရေးကြီးလား

Skincare ဖို့ အရေးကြီးလား

Category
အလှအပနှင့်ကျန်းမာရေး

အသားအရေကို ထိန်းသိမ်းခြင်းဟာ ကြည့်ကောင်းဖို့ရုံထက် ပိုအရေးကြီးပါတယ်။ အရေပြားဟာ ကိုယ်ခန္ဓာမှာ အကြီးဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့အတွက် အရေပြားဟာ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဒါကြောင့်မို့လည်း skincare အဆင့်တွေက အရေးပါပါတယ်။ နေ့စဉ် နေ့တိုင်းအသားအရေ ထိန်းသိမ်းပေးဖို့ ပေးရတဲ့အချိန်နဲ့ အင်အားတွေက ထိုက်တန်တဲ့ရလဒ်တွေ ပြန်ပေးပါလိမ့်မယ်။

♦  အသားအရေ ထိန်းသိမ်းခြင်းဟာ ကျန်းမာတဲ့လူနေမှုပုံစံတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
မနက်နိုးထချိန်တိုင်းနဲ့ ညဘက်အိပ်စက်ချိန်တိုင်း မျက်နှာကို သေချာသန့်စင်ပေးသူတစ်ယောက်ဟာ တစ်နေ့တာမှာလည်း မှန်ကန်တဲ့ရွေးချယ်မှုတွေကို ပြုလုပ်နိုင်မယ်လို့ ယူဆရပါတယ်။ အရေပြားထိန်းသိမ်းခြင်းကို ပါးစပ်သန့်ရှင်းရေး၊ ဆံပင်ထိန်းသိမ်းရေးတို့နဲ့ ပေါင်းစပ်လုပ်ဆောင်နိုင်ပါတယ်။

ဒီလို ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက်သူတစ်ယောက်ဟာ နေ့စဉ်ဘဝမှာလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ မှန်မှန်ကန်ကန် စားသောက်ခြင်း၊ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းစတဲ့ အမူအကျင့်ကောင်းတွေကိုလည်း လုပ်ဆောင်လေ့ရှိပါတယ်။ ဒါကြောင့် ပိုမိုကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါတယ်။

လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ကြည့်ကောင်းနေတယ် ထင်တဲ့အခါ နေပျော်တာအမှန်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြည့်ဝနေတဲ့အတွက် လုပ်ကိုင်မှုတွေကလည်း အောင်မြင်လာပါတယ်။

Bio Oil Updated IA 1

♦  အရေပြားဟာ နေ့တိုင်း အသစ်လဲနေပါတယ်။
ဒီနေ့အဖို့ အသားအရေက ကြည်လင်တောက်ပနေပေမယ့် နောက်နေ့မှာလည်း ဒီတိုင်းဖြစ်နေမယ်လို့ အာမခံချက်မရှိပါဘူး။ အရေပြားဟာ နေ့တိုင်း အသစ်အသစ် လဲနေတာဖြစ်လို့ပါ။ ဒါကြောင့် နေ့တိုင်း အသားအရေကို မထိန်းသိမ်းဘူးဆိုရင် အသားအရေက ထိုင်းမှိုင်းနေပါလိမ့်မယ်။

Bio Oil Updated IA 2

♦  လူတိုင်းရဲ့အသားအရေဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။
တချို့လူတွေက မျက်နှာကို ရေလေးနဲ့သစ်လိုက်ရုံနဲ့ ပြီးတာကို တွေ့ဖူးကြမှာပါ။ သူတို့အတွက်တော့ ဒါဟာ အလုပ်ဖြစ်ကောင်းဖြစ်မှာပါ။ လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်တာကြောင့် တချို့လူတွေအတွက်တော့ ကျန်းမာတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ ဒီ့ထက် ပိုလိုအပ်နိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အသားအရေ မတူတာကြောင့် ကိုယ်က ဘယ်လိုအသားအရေကို ပိုင်ဆိုင်တယ်ဆိုတာကို သိဖို့လိုပါတယ်။ ဒီလို ကိုယ့်အသားအရေနဲ့ကိုက်ညီတဲ့ skincare ကို ရွေးချယ်ဖို့လိုအပ်သလို ဖြစ်နိုင်ရင် သဘာဝအဆီအနှစ်ကနေ ထုတ်လုပ်ထားတဲ့ skincare မျိုးတွေကို သေချာရွေးချယ်သင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)