/
news/အောင်မြင်စွာ-၀ိတ်ချ-နိုင်သူများ/ကိုယ်အလေးချိန်-ပေါင်-၂၀၀-နီးပါးကျသွားအောင်-ကြိုးစားခဲ့တဲ့

ကိုယ်အလေးချိန် ပေါင် ၂၀၀ နီးပါးကျသွားအောင် ကြိုးစားခဲ့တဲ့ ဆယ်ကျော်သက်လူငယ်လေးတစ်ဦး

Category
အောင်မြင်စွာ ၀ိတ်ချ နိုင်သူများ

အလင်းရောင် ပျောက်ဆုံးခဲ့တဲ့ ကျွန်တော့်ရဲ့နေ့ရက်များ

          ကျွန်တော့်နာမည်က Edgar Hernandez ဖြစ်ပါတယ်။ ယခုအသက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ ကျွန်တော်ဟာ St.Louis မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ မိသားစုနဲ့အတူနေထိုင်ပါတယ်။ အရပ် ၅ ပေ ၉ လက်မ မြင့်ပြီး ကိုယ်အလေးချိန် ၃၇၀ ထိရှိခဲ့တဲ့ ကျွန်တော့်အနေနဲ့ ကိုယ့်ခန္ဓာကိုယ်တောင် ကိုယ်မသယ်နိုင်လောက်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ အထက်တန်းကျောင်းသားဘ၀မှာလည်း စနောက်လှောင်ပြောင်ခြင်းတွေကိုခံခဲ့ရပြီး စိတ်ဓာတ်ကျ ခဲ့တာကြောင့် ဒီစိတ်ကျရောဂါကို ကုသဖို့အတွက် ကုထုံးတွေကိုတောင် ရှာဖွေတဲ့အထိဖြစ်ခဲ့ရပါတယ်။ ကိုယ်အလေးချိန်ကျချင်လိုတဲ့ စိတ်ဆန္ဒကြောင့် Gym သွားပြီးလေ့ကျင့်ခန်းတွေလုပ်တဲ့အခါမှာလည်း ခက်ခက်ခဲခဲ နဲ့လုပ်နေရတာကြောင့် တခြားလေ့ကျင့်ခန်းလာလုပ်တဲ့သူတွေက လှောင်ပြောင်ကြပြီး အရှက်ရခဲ့ပါတယ်။ ဂိမ်းကစားလိုက်၊ တီဗွီ ကြည့်လိုက်နဲ့သာ အချိန်တွေကိုကုန်ဆုံးစေခဲ့ပြီး အ၀လွန်စေမယ့် အစားအသောက်တွေကိုသာ စားသုံးခဲ့တာကြောင့် တစ်မိသားစုလုံးမှာ ကျွန်တော်က အ၀ဆုံးဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ သွေးစစ်ဆေးကြည့်တဲ့အခါမှာ ဆီးချိုရောဂါ ရှိနေတယ်ဆိုတာကို ကျွန်တော့်အသက် ၁၆ နှစ်အရွယ်မှာသိခဲ့ရတော့ အမေ့မှာ ကျွန်တော့်အတွက် မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရပါတယ်။

 

မျှော်လင့်ခြင်းနေ့ရက်တွေဆီလျှောက်လှမ်းခဲ့ခြင်း

          မိသားစုတစ်ခုလုံးက ဆီးချိုေ၀ဒနာခံစားနေရတာကြောင့် မျိုးရိုးလိုက်တယ်လို့ အပြစ်တင်နေမယ့်အစား ကိုယ့်ကိုယ်ကိုပြုပြင်နေထိုင်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် အစပိုင်းမှာ ဖြည်းဖြည်းမှန်မှန်လမ်းလျှောက်ရင်း နဲ့ စတင်လေ့ကျင့်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မိုင်၀က်လောက်ခန့်လျှောက်နိုင်ခဲ့ပြီး တစ်နှစ်ခွဲလောက်ကြာတဲ့အခါမှာ တော့ ကိုယ်အလေးချိန် ၁၈၅ ပေါင်ဖြစ်ခဲ့ပါတယ်။ ပေါင် ၂၀၀ နီးပါးကျခဲ့ပေမယ့် ကျွန်တော့်ကို ကျွန်တော် အားမရသေးတာကြောင့် ၂၀၁၂ ခုနှစ် နို၀င်ဘာလမှစပြီး ကျောင်းမသွားခင်နဲ့ ကျောင်းကပြန်လာပြီး နောက်ပိုင်းတွေမှာပါ လမ်းလျှောက်တဲ့အလေ့အကျင့်ကို ပျိုးထောင်ခဲ့ပါတယ်။ တစ်နေ့မှာ နှစ်မိုင် လျှောက်နိုင် အောင်ကြိုးစားခဲ့ပါတယ်။ ဒီလိုကြိုးစားလေ့ကျင့်ရင်းနဲ့ အပြေးပြိုင်ပွဲတွေမှာပါ ပါ၀င်ယှဉ်ပြိုင်နိုင်ခဲ့ပြီး လအနည်းငယ် ကြာပြီးနောက်ပိုင်းမှာတော့ တစ်မိုင်အပြည့်ပြေးနိုင်တဲ့ အဆင့်ထိတိုးတက်လာခဲ့ပါတယ်။

 

ဆန္ဒနဲ့ထပ်တူကျအောင် လက်တွဲအကောင်အထည်ဖော်ပေးခဲ့သူ

          ကျွန်တော့်ရဲ့စိတ်ကူးကို ဖြစ်မြောက်အောင်ကူညီပြီး အကောင်အထည်ဖော်ပေးခဲ့သူကတော့ ကိုယ်အလေးချိန် ၂၃၅ ပေါင်ရှိပြီး အရပ် ၅ ပေ ၇ လက်မမြင့်တဲ့ အစ်ကိုဖြစ်သူ Mario ဖြစ်ပါတယ်။ အစ်ကိုနဲ့ ဈေးအတူတူသွားခဲ့ကြပြီး အိမ်မှာစားသောက်နေကျ အစားအသောက်တွေအစား ကြက်ရင်အုံသား၊ သန့်ရှင်းလတ်ဆတ်တဲ့ အသီးအနှံတွေကို အဓိကစားသုံးဖို့၀ယ်ခဲ့ကြပါတယ်။ မနက်စာအနေနဲ့ ပေါင်မုန့်ထဲကို ပျားရည်၊ ငှက်ပျောသီးစိတ်နဲ့ ပဲထောပတ် ယိုသုတ်ထားတာကို ပုံမှန်စားသုံးခဲ့ပြီး ညစာအတွက် ကြက်ရင်အုံသားနဲ့ ပန်းဂေါ်ဖီစိမ်းနှစ်ပန်းကန် ကို နေ့စဉ်လိုလိုစားသုံးဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် ကူညီအားပေးရင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလလောက်မှာ အတူတူအပြေးလေ့ကျင့် ဖြစ်ခဲ့ကြပါတယ်။ အစ်ကိုဟာ ကျွန်တော်နဲ့အတူအပြေးလေ့ကျင့်ပေးရင်းနဲ့ ပေါင် ၇၀ ကျသွားခဲ့ပါတယ်။

 

မိသားစုအတွက်ပါ ၀မ်းသာပီတိဖြစ်ရခြင်း

          ဒီပြောင်းလဲမှုကြီးရဲ့ အကျိုးရလဒ်ဟာ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်စလုံးအတွက်သာမကဘဲ မိသားစုတစ်ခုလုံးအတွက်ပါ အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။ မိသားစုအနေနဲ့လည်းတစ်ပတ်ကို ၅ ရက်လောက် လမ်းလျှောက်တာတွေ လုပ်ဆောင်လာကြတဲ့အပြင် အစားအသောက်တွေပါ လျှော့စားလာကြပါပြီ။ အဓိက ကျေးဇူးတင်ချင်တဲ့သူကတော့ နည်းစနစ်မှန်မှန်နဲ့ စားသောက်ဖို့ကိုလမ်းညွှန်ပေးခဲ့ပြီး၊ ဘေးနားမှာအမြဲတမ်း ရှိနေခဲ့ပြီးအင်အားတစ်ရပ်ဖြစ်စေခဲ့တဲ့ ကျွန်တော့်အစ်ကိုပါ။ အခုဆိုရင် ကျွန်တော်ဟာကျန်းမာကြံ့ခိုင်စွာနဲ့ မိသားစု နဲ့အတူပျော်ရွှင်စွာနေထိုင်နိုင်ပါပြီ။

 

CMS

www.drmyanmar.com