/
news/အောင်မြင်စွာ-၀ိတ်ချ-နိုင်သူများ/အ၀လွန်ခြင်းကြောင့်-ကားမောင်းနေစဉ်အိပ်ပျော်သွားသည့်အမျိုးသမီး

အ၀လွန်ခြင်းကြောင့် ကားမောင်းနေစဉ်အိပ်ပျော်သွားသည့်အမျိုးသမီး

Category
အောင်မြင်စွာ ၀ိတ်ချ နိုင်သူများ

          Jeannette Humisett ဟုခေါ်သော 322 ပေါင်ရှိ အမျိုးသမီးတစ်ဦးသည် ကားမောင်းနေစဉ် အိပ်ပျော်သွားခဲ့ပြီး သူမ၏ကားသည် အခြားလမ်းတစ်ဖက်သို့ရောက်ရှိသွားခဲ့သည်။ ထိုကဲ့သို့အခြားကားတစ်စီးနှင့် မျက်နှာချင်းဆိုင်တိုက်ရန် အနေအထားမှသီးသီးလေး လွတ်မြောက်သွားပြီးနောက်တွင် သူမ၏ကိုယ်အလေးချိန်ကို တစ်၀က်ခန့်လျှော့ချရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

          ထိုအချိန်တွင် ကားပေါ်၌သူမ၏မောင် Jamie နှင့် ခြောက်နှစ်အရွယ်သမီး Daisy တို့ပါလာခဲ့ကြပြီး Jamie ၏ လျက်မြန်မှုကြောင့်သာ ကားလက်ကိုင်ခွေကိုအမြန်ထိန်းနိုင်ခဲ့ပြီး လမ်းကြောင်းမှန်ပေါ်သို့အချိန်မီပြန်ရောက်ခဲ့ရခြင်းဖြစ်သည်။

          ထိုအဖြစ်အပျက်ပြီးသည့်အချိန်တွင်မှ 45 နှစ်အရွယ် Jean သည် နိုးလာခဲ့ပြီး သူမ၏သမီး၊ မောင်နှင့် သူမကိုယ်တိုင်ကိုပါ သတ်ရန်ကြိုးစားသကဲ့သို့ဖြစ်ခဲ့ကြာင်း ၀မ်းနည်းစွာပြောကြားခဲ့သည်။ သူမ၏အကြောင်းကိုဖွင့်ဟ၀န်ခံရာတွင် သူမသည် ဆယ်ကျော်သက်အရွယ်ကပင်စတင်၍ အ၀လွန်ခဲ့ခြင်းဖြစ်ပြီး ဤကိစ္စနှင့်ပတ်သက်၍  မည်သည့်ပြဿနာမှ မဖြစ်နိုင်ကြောင်း မိမိကိုယ်ကိုအမြဲလိမ်ညာခဲ့ကြောင်း၊ သို့သော်မည်သည့်အကြောင်းကြောင့် အ၀လွန်ခြင်းဖြစ်သည်ကိုမူ မသိကြောင်း၊ ကိုယ်အလေးချိန်လျှော့ချရန် လိုအပ်မည် မထင်ကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင်အထက်ပါအဖြစ်အပျက်သည် သူမ၏ပိုမိုကောင်းမွန်ပြည့်စုံသောဘ၀ကိုတည်ဆောက်ရန် ကိုယ်အလေးချိန်ကိုလျှော့ချသင့်ကြောင်းကို အသိတရားရစေခဲ့သည်။ သူမ၏သမီးငယ်လေးအား နောင်နှစ်ပေါင်း 20 တွင် အမေမရှိတော့သည်ကိုလည်း မဖြစ်စေချင်ကြောင်း ပြောကြားခဲ့သည်။

          Jean ကပင်ဆက်လက်၍ သူမ၏အ၀လွန်ခြင်းကြောင့်ပင် အဆက်မပြတ်မောပန်းနေခဲ့ရပြီး ကားမောင်းနေစဉ်အတွင်း အိပ်ပျော်သွားရခြင်းဖြစ်ခဲ့ကြောင်းဆိုပါသည်။ အိပ်ပျော်နေစဉ် အသက်ရှုရပ်ရခြင်းဆိုသည်မှာ လည်ပြွန်နံရံရှိကြွက်သားများသည် အိပ်ပျော်နေစဉ်တွင် လျော့တိလျော့ရဲဖြစ်၍ ကျဉ်းမြောင်းခြင်းဖြစ်ကာ အ၀လွန်ခြင်းနှင့်ဆက်စပ်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် အ၀လွန်သူများတွင် လည်ပြွန်အနောက်ဘက်တွင် တစ်သျှူးစ ပိုများများပြားနေခြင်းကြောင့်ပင်ဖြစ်သည်။

          Jean က ဆက်လက်၍ပြောကြားရာတွင် အကယ်၍သူမသာလွန်ခဲ့သော အသက် 20 ခန့်ကိုပြန်သွား၍ရမည်ဆိုပါက ပြန်သွားလိုကြောင်းနှင့် ကိုယ်အလေးချိန်လျှော့ချခြင်းကို စောစီးစွာမပြုလုပ်မိခဲ့သည့်အတွက် နောင်တရကြောင်းစသည်ဖြင့် ပါ၀င်ပါသည်။

          “ကျွန်မသမီးလေကိုခေါ်ပြီး အားလပ်ရက်ခရီးစဉ်တွေ၊ ပန်းခြံတွေ၊ ကစားကွင်းတွေကိုမသွားနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ခုတော့ကျွန်မသမီးအတွက် အဲဒါတွေအားလုံးကိုလုပ်ပေးနိုင်ခဲ့ပါပြီ”

          “ကျွန်မအလေးချိန်ကို တိုးစေမယ့်အစားအစာတွေကို လုံး၀မစားတော့ပါဘူး။ ကျွန်မကျန်းမာရေးအတွက်လုပ်ရတဲ့အရာတိုင်းအတွက် ကျွန်မဘယ်တော့မှလည်း နောင်တမရပါဘူး”

          “အဲဒီမတော်တဆမှုမဖြစ်ခင်က ကျွန်မပါးစပ်မှာအနာဖြစ်တာတွေ၊ တစ်ချိန်လုံးဖျားနာတာတွေရှိနေပေမယ့်လည်း ဒါတွေကိုပြဿနာလို့ ကျွန်မတကယ်မထင်ခဲ့မိဘူး။ ကျွန်မကိုယ်တိုင်အပါအ၀င် ကျွန်မမောင်နှင့် သမီးလေး ဒါ့အပြင် တခြားကားပေါ်မှာရှိတဲ့လူတွေကို သတ်ဖို့ကျွန်မကြိုးစားခဲ့သလိုဖြစ်ခဲ့တာဟာ ကျွန်မကိုလန့်နိုးစေလိုက်တာပါပဲ။  နောက်တစ်ရက်မှာပဲ Slimming World (ပိန်သွယ်သူများရဲ့ကမ်ဘာ) မှာ ကျွန်မအဖွဲ့၀င်ခဲ့တယ်။”

          ယခုအခါတွင် Jean သည် ဆီးချိုရောဂါနှင့် သွေးတွင်းအဆီဓာတ်များခြင်းတို့ကို ထိန်းသိမ်းနိုင်သွားပြီး နှင့် အိပ်ပျော်နေစဉ် အသက်ရှုရပ်ခြင်းတို့ မရှိတော့သည့်အပြင် သူမတစ်ခါမျှမလုပ်ဖူးသော အရာဖြစ်သည့် သူမ၏သမီးအားကမ်ဘာ့အနှံ့အပြားရှိ ကစားကွင်းများသို့ ခေါ်ဆောင်သွားနိုင်ပြီဖြစ်သည်။ သူမ၏ပြောပြချက်အရ သူမ၏နေထိုင်မှုပုံစံကို အများကြီးမပြောင်းလဲလိုက်သော်လည်း အစားအသောက်ကိုလျှော့ချခြင်းနှင့် လမ်းလျှောက်ခြင်းတို့ကိုမူ ပိုမိုလုပ်ဆောင်ကြောင်းသိရပါသည်။

          “Slimming World ရဲ့ ကိုယ်အလေးချိန်ကျစေဖို့အတွက် လမ်းညွှန်မှုတွေက အလွန်ပင်ရိုးရှင်းလွယ်ကူလှပါတယ်။ စားသောက်ခြင်းကို အခြားတစ်ဖက်မှ ပုံစံတစ်မျိုးမျိုးနဲ့ကြည့်ခိုင်ခြင်းပဲဖြစ်ပါသည်။”

          “ကျွန်မ လေ့ကျင့်ခန်းလုပ်တာ 6 လ လောက်ပဲရှိပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အရင်ကကျွန်မ လုပ်နိုင်မယ်မထင်ခဲ့လို့ပါ။ အခုကျွန်မ Slimming World က သူငယ်ချင်းတွေနဲ့အဖွဲ့ဖွဲ့ပြီး လမ်းလျှောက်ဖြစ်နေပါတယ်။ ပြီးတော့လေ့ကျင့်ခန်းကို မလုပ်ရရင်မနေနိုင်တော့တဲ့ပိုးလည်း ၀င်သွားပါတယ်”

          “အရင်က ကျွန်မကားမောင်းရင်မောင်း၊ မမောင်းရင်လည်း Bus တွေနဲ့ပဲ သွားလာနေခဲ့တာဖြစ်ပေမယ့် အခုတော့ကျွန်မပန်ခြံထဲမှာ တစ်နေ့ကို 8 မိုင်ကနေ 10 မိုင်ထိ လမ်းလျှောက်နေပြီဖြစ်ပါတယ်။”

          “အစကတော့ အမျိုးသားကတောင် ကျွန်မလုပ်နိုင်မှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ အရင်ကလည်း ကျွန်မအဲလိုပဲ ကိုယ်အလေးချိန်လျော့ဖို့ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ ဒီတစ်ခါကတော့ အမှန်တကယ်ကို ကိုယ်အလေးချိန်လျင်လျင်မြန်မြန်နဲ့ ကျဆင်းလာတာကိုတွေ့ရပါတယ်။”

          “ကျွန်မရဲ့ အမျိုးသားကိုတောင် သူ့ရဲ့ကိုယ်အလေးချိန်လျော့ချဖို့ လိုအပ်တယ်လို့ပြောခဲ့ပေမယ့် အစပိုင်းကတော့ သူစိတ်မ၀င်စားခဲ့ပါဘူး။ အခုတော့ သူလည်း 21 ပေါင်လောက် ကျသွားပြီဖြစ်ပါတယ်။”

          “ကျွန်မကိုယ်အလေးချိန်လျော့ချရတဲ့အဓိကအကြောင်းအရင်းကတော့ ကျွန်မသမီးကြောင့်ပါပဲ။ နောင်နှစ်ပေါင်း 20 ကြာတဲ့အထိ သူ့မှာမိခင်ရှိနေစေချင်သေးတယ်။ သို့အတူပဲ ဖခင်ရှိနေစေဖို့လည်း ကျွန်မကြိုးစားမှာပါ။”

          Carshattan မှာရှိတဲ့ Slimming World ရဲ့ သင်တန်းခွဲတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်သူ Stephanie Lawsen က Jean ကို ချီးကျူးပြောကြားရာတွင် သူမသည်အမြဲတစေယုံကြည်မှုမြင့်မားကြောင်း သူမအလေးချိန်စတင်လျော့ကျပြီးသည့်အချိန်မှစ၍ သူမ၏ကြိုးစားအားထုတ်မှုမှာ အံ့အားသင့်ဖွယ်ရာဖြစ်ကြောင်း၊ သူမ၏ပြီးမြောက်အောင်မြင်ခြင်းသည် အခြားသူများအတွက် စံနမူနာယူစရာတစ်ခုဖြစ်သော်လည်း သူမကမည်သည့်အခါမှ ထုတ်ဖော်ကြွားဝါလေ့မရှိကြောင်းဆိုပါသည်။

 

Dr. Thinzar Wynn

www.drmyanmar.com